Premier League

မမျှော်လင့်ထားတဲ့ ရွေးချယ်မှုကြောင့် အရှက်ရစရာဖြစ်ခဲ့ရတဲ့ ဒေးဗစ် ဒဟေးယား

ဘိုင်ယန်မြူးနစ်အသင်းက အစ္စရေးလ်လက်ရွေးစင်ဂိုးသမား ဒန်နီရယ် ပီရက်ဇ်ကိုပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဒေးဗစ် ဒဟေးယားဟာ အသင်းလက်မဲ့အဖြစ် ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ၁၂ နှစ်ကြာ ကစားပေးခဲ့တဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းက အင်တာမီလန်ဂိုးသမား အိုနာနာကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒဟေးယားဟာ အဲဒီအချိန်ကတည်းက ကြီးမားတဲ့ အပြောင်းအရွှေ့ ပြုလုပ်ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့က အမှန်တကယ် ဖြစ်မလာခဲ့တဲ့နောက် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ မျှော်လင့်ချက်ကလည်း သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဒဟေးယားနဲ့ ဘိုင်ယန်မြူးနစ်တို့ကြားမှာ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ စပိန်လက်ရွေးစင်ဂိုးသမားဟာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ပေးခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း သောမတ်စ် တူဟယ်ရဲ့ အသင်းက ဆွေးနွေးညှိနှိုင်းမှုတွေကနေ နောက်ဆုတ်သွားခဲ့ပြီး မက္ကာဘီတဲလ်အဗစ်ဂိုးသမား ဒန်နီရယ် ပီရက်ဇ်ကိုပဲ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ Sky Sport Germany က ဖော်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ဂိုးသမားဟာ မက္ကာဘီတဲလ်အဗစ်အတွက် ပထမဦးစားပေးဂိုးသမားအဖြစ် ပြီးခဲ့တဲ့ ၂ ရာသီစလုံး ကစားပေးခဲ့တာဖြစ်ပြီး အစ္စရေးလ်လက်ရွေးစင်အသင်းအတွက် ၁ ပွဲသာ ပါဝင်ကစားပေးရသေးပေမယ့်လည်း ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

မန်နူရယ် နျူအာက ဘိုင်ယန်မြူးနစ်အတွက် ပထမဦးစားပေးပွဲထွက်ဂိုးသမားအဖြစ် ရှိနေဦးမယ့်ပုံပေါ်ပေမယ့်လည်း ခြေထောက်ကျိုးထားတာကနေ ပြန်လည်သက်သာဖို့ လုပ်ဆောင်နေရဆဲဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေဟာ မန်စီးတီးဂိုးသမား စတီဖန် အော်တီဂါကိုလည်း အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက ထွက်ခွာခွင့်မပြုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္အသင္းက အစၥေရးလ္လက္ေ႐ြးစင္ဂိုးသမား ဒန္နီရယ္ ပီရက္ဇ္ကိုပဲ ေခၚယူဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ေဒးဗစ္ ဒေဟးယားဟာ အသင္းလက္မဲ့အျဖစ္ ဆက္ရွိေနဦးမယ္လို႔ သိရပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ဂိုးသမားဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ၁၂ ႏွစ္ၾကာ ကစားေပးခဲ့တဲ့ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခဲ့တာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းက အင္တာမီလန္ဂိုးသမား အိုနာနာကို ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒေဟးယားဟာ အဲဒီအခ်ိန္ကတည္းက ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔က အမွန္တကယ္ ျဖစ္မလာခဲ့တဲ့ေနာက္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ဖို႔ ေမွ်ာ္လင့္ခ်က္ကလည္း ေသဆုံးသြားခဲ့ၿပီျဖစ္ပါတယ္။

ဒေဟးယားနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ၾကားမွာ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ စပိန္လက္ေ႐ြးစင္ဂိုးသမားဟာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ေပးခဲ့ၿပီးျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေသာမတ္စ္ တူဟယ္ရဲ႕ အသင္းက ေဆြးေႏြးညႇိႏႈိင္းမႈေတြကေန ေနာက္ဆုတ္သြားခဲ့ၿပီး မကၠာဘီတဲလ္အဗစ္ဂိုးသမား ဒန္နီရယ္ ပီရက္ဇ္ကိုပဲ ေခၚယူဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ Sky Sport Germany က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ဂိုးသမားဟာ မကၠာဘီတဲလ္အဗစ္အတြက္ ပထမဦးစားေပးဂိုးသမားအျဖစ္ ၿပီးခဲ့တဲ့ ၂ ရာသီစလုံး ကစားေပးခဲ့တာျဖစ္ၿပီး အစၥေရးလ္လက္ေ႐ြးစင္အသင္းအတြက္ ၁ ပြဲသာ ပါဝင္ကစားေပးရေသးေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္ရဲ႕ စိတ္ဝင္စားမႈကို ရယူႏိုင္ဖို႔ လုံေလာက္ခဲ့တာျဖစ္ပါတယ္။

မန္ႏူရယ္ န်ဴအာက ဘိုင္ယန္ျမဴးနစ္အတြက္ ပထမဦးစားေပးပြဲထြက္ဂိုးသမားအျဖစ္ ရွိေနဦးမယ့္ပုံေပၚေပမယ့္လည္း ေျခေထာက္က်ိဳးထားတာကေန ျပန္လည္သက္သာဖို႔ လုပ္ေဆာင္ေနရဆဲျဖစ္ၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြဟာ မန္စီးတီးဂိုးသမား စတီဖန္ ေအာ္တီဂါကိုလည္း အငွားနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းက ထြက္ခြာခြင့္မျပဳခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.