Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၁.၁၀.၂၀၂၀

– ေဒါ့မြန္အသင္းကို အာလင္း ဟားလန္း မေရာက္ခင္မွာ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းနဲ႔ ေဆြးေႏြးခဲ့တုန္းက ေတာင္းဆုိမွဳေတြကို လက္မခံခဲ့ဘဲ အေျပာင္းအေရႊ႕ကို ပယ္ခ်လုိက္သူဟာ အက္ဒ္ ဝုဒ္ဝဒ္ဆုိလို႔ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ေပါက္ကြဲေနၾက။

– မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ အုိလီ ဂန္နာ ဆိုးလ္ရွားအတြက္ အားကိုးရမယ့္ ရီယို ဖာဒီနန္လို ေနာက္ခံလူဟာ အသင္းမွာ ရွိေနၿပီျဖစ္ၿပီး အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ေနာက္ခံလူ တီဒန္ မန္ဂီကို ထြန္းေတာက္လာလိမ့္မယ္လုိ႔ ခန္႔မွန္းေနၾက။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံတုိက္စစ္မွဴး အူစမန္ ဒမ္ဘီလီကို ဇန္နဝါရီမွာ ေရာင္းခ်ႏုိင္တယ္လုိ႔ ယူႏုိက္တက္ဆီ ကမ္းလွမ္းထားခဲ့ေပမယ့္ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ေတာင္ပံသမားႏွစ္ဦးကို ေခၚယူထားမွဳေၾကာင့္ ျပန္လည္သုံးသပ္သြားဖြယ္ရွိေန။

– ျပင္သစ္လီဂူးဝမ္းကလပ္ လီယြန္အသင္းကို ေျပာင္းေရႊ႕ဖို႔ လုပ္ေဆာင္ေနခဲ့တဲ့ ဖာကန္ဒို ပယ္လစၥထရီကို ေဆြးေႏြးမွဳ ဖ်က္သိမ္းၿပီး မန္ခ်က္စတာယူႏိုက္တက္ဆီကို ေျပာင္းေရႊ႕ဖို႔ ဥ႐ုေဂြးတုိက္စစ္မွဴးေဟာင္း ဒီေယဂို ေဖာ္လန္ အႀကံေပးခဲ့။

– အဂၤလန္အသင္းႀကီးရဲ႕ သုံးပြဲဆက္ကစားရမယ့္ ပြဲစဥ္ေတြအတြက္ လူစာရင္းမွာ ပါဝင္မလာခဲ့တဲ့ ယူႏုိက္တက္ညာေနာက္ခံလူ အာရြန္ ဝန္ဘစ္ဆာကာဟာ သူ႕ရဲ႕ အင္စတာဂရမ္က ႏုိင္ငံအလံကို ဒီမိုကရက္တစ္ ကြန္ဂိုႏုိင္ငံရဲ႕ အလံနဲ႔ ေျပာင္းလဲလုိက္ၿပီး တြစ္တာမွာေတာ့ အဂၤလန္နဲ႔ ႏွစ္မ်ဳိးထားရွိ။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အတြင္းလူတစ္ဦးရဲ႕ ထုတ္ေဖာ္ခ်က္အရ နည္းျပ ဆုိးလ္ရွားရဲ႕ နည္းစနစ္ေတြကို ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ သေဘာမက်ဘဲျဖစ္ေနၿပီး အသင္းရဲ႕ ကစားပုံကိုလည္း ယူႏုိက္တက္နဲ႔ မတူဘူးလို႔ ေဝဖန္သြားခဲ့။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဝါရင့္တုိက္စစ္မွဴးသစ္ အက္ဒင္ဆန္ ကာဗာနီက ဒီအသင္းကို ေျပာင္းေရႊ႕လာဖို႔အတြက္ ယူႏိုက္တက္ ကစားသမားေဟာင္း ပီအက္စ္ဂ်ီအသင္းေဖာ္ အန္ဒါ ဟာရဲရားရဲ႕ ေထာက္ခံေပးမွဳကလည္း အေရးပါတဲ့ ေနရာမွာ ရွိခဲ့တယ္လို႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒေါ့မွန်အသင်းကို အာလင်း ဟားလန်း မရောက်ခင်မှာ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းနဲ့ ဆွေးနွေးခဲ့တုန်းက တောင်းဆိုမှုတွေကို လက်မခံခဲ့ဘဲ အပြောင်းအရွှေ့ကို ပယ်ချလိုက်သူဟာ အက်ဒ် ဝုဒ်ဝဒ်ဆိုလို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ပေါက်ကွဲနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအတွက် အားကိုးရမယ့် ရီယို ဖာဒီနန်လို နောက်ခံလူဟာ အသင်းမှာ ရှိနေပြီဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် လူငယ်နောက်ခံလူ တီဒန် မန်ဂီကို ထွန်းတောက်လာလိမ့်မယ်လို့ ခန့်မှန်းနေကြ။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံတိုက်စစ်မှူး အူစမန် ဒမ်ဘီလီကို ဇန်နဝါရီမှာ ရောင်းချနိုင်တယ်လို့ ယူနိုက်တက်ဆီ ကမ်းလှမ်းထားခဲ့ပေမယ့် အသက် ၁၈ နှစ်အရွယ် လူငယ်တောင်ပံသမားနှစ်ဦးကို ခေါ်ယူထားမှုကြောင့် ပြန်လည်သုံးသပ်သွားဖွယ်ရှိနေ။

– ပြင်သစ်လီဂူးဝမ်းကလပ် လီယွန်အသင်းကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေခဲ့တဲ့ ဖာကန်ဒို ပယ်လစ္စထရီကို ဆွေးနွေးမှု ဖျက်သိမ်းပြီး မန်ချက်စတာယူနိုက်တက်ဆီကို ပြောင်းရွှေ့ဖို့ ဥရုဂွေးတိုက်စစ်မှူးဟောင်း ဒီယေဂို ဖော်လန် အကြံပေးခဲ့။

– အင်္ဂလန်အသင်းကြီးရဲ့ သုံးပွဲဆက်ကစားရမယ့် ပွဲစဉ်တွေအတွက် လူစာရင်းမှာ ပါဝင်မလာခဲ့တဲ့ ယူနိုက်တက်ညာနောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာဟာ သူ့ရဲ့ အင်စတာဂရမ်က နိုင်ငံအလံကို ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံရဲ့ အလံနဲ့ ပြောင်းလဲလိုက်ပြီး တွစ်တာမှာတော့ အင်္ဂလန်နဲ့ နှစ်မျိုးထားရှိ။

– မန်ချက်စတာယူနိုက်တက်ရဲ့ အတွင်းလူတစ်ဦးရဲ့ ထုတ်ဖော်ချက်အရ နည်းပြ ဆိုးလ်ရှားရဲ့ နည်းစနစ်တွေကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ သဘောမကျဘဲဖြစ်နေပြီး အသင်းရဲ့ ကစားပုံကိုလည်း ယူနိုက်တက်နဲ့ မတူဘူးလို့ ဝေဖန်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်ရဲ့ ဝါရင့်တိုက်စစ်မှူးသစ် အက်ဒင်ဆန် ကာဗာနီက ဒီအသင်းကို ပြောင်းရွှေ့လာဖို့အတွက် ယူနိုက်တက် ကစားသမားဟောင်း ပီအက်စ်ဂျီအသင်းဖော် အန်ဒါ ဟာရဲရားရဲ့ ထောက်ခံပေးမှုကလည်း အရေးပါတဲ့ နေရာမှာ ရှိခဲ့တယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.