Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၁.၁၀.၂၀၂၀

– အာဆင္နယ္နဲ႔ အိမ္ကြင္းပြဲစဥ္အတြက္ မန္ခ်က္စတာစီးတီးအသင္းမွာ ေဂ်ဆူးစ္၊ အေဂြ႐ိုနဲ႔ ဇင္ခ်န္ကိုတုိ႔ ပါဝင္ႏိုင္ဦးမွာ မဟုတ္ဘဲ ဂြန္ဒိုးဝမ္ကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္သလို စတာလင္ကေတာ့ အဂၤလန္က ႏုတ္ထြက္ခဲ့ရေပမယ့္ ေသခ်ာေပါက္ ပါဝင္ႏုိင္မယ္လို႔ဆုိ။

– မန္ခ်က္စတာစီးတီးအသင္းကို ေရာက္လာဖုိ႔ နီးစပ္ခဲ့ဖူးတယ္လို႔ အစၥေရးတုိက္စစ္မွဴး ေမနာ ေဆာ္လမြန္က ဆိုလိုက္ၿပီး အဲ့ဒီတုန္းက မကၠာဘီ ပီတားတိကဗာဥကၠဌရဲ႕ ေျပာင္းေရႊ႕ေၾကးကို တုိးျမႇင့္သတ္မွတ္ခဲ့လုိ႔သာ ရွက္တာဒိုးနက္စ္ခ္ကို ေရာက္သြားခဲ့တာလုိ႔ေျပာ။

– ဘရာဇီးလ္လက္ေရြးစင္အသင္းအတြက္ ဘိုလီဗီးယားနဲ႔ ေျခစစ္ပြဲမွာ ပြဲထြက္ႏုိင္ခဲ့ၿပီျဖစ္တဲ့ အက္စ္တန္ဗီလာကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္အတြက္ ျပန္လည္ေခၚယူဖို႔ ေပါင္သန္း ၃၀ ကေန ၃၅ သန္းၾကား က်သင့္ႏိုင္ေပမယ့္ မန္စီးတီး ပရိသတ္ေတြကေတာ့ ဒီထက္ ၁၀ သန္း-၁၅ သန္း ပုိေပးရမယ္ဆုိလည္း ေခၚယူဖို႔ တုိက္တြန္းေနၾက။

– လူေတြ ေျပာေနၾကသလို မန္စီးတီးအသင္းနဲ႔ သူ႕ရဲ႕ၾကားမွာ တစ္စုံတစ္ခု သေဘာတူညီမွဳ ရၿပီဆိုတာ မဟုတ္မွန္ေပမယ့္ တကယ္တမ္း အသင္းဘက္က ကမ္းလွမ္းလာခဲ့ရင္ လက္ခံေဆြးေႏြးသြားဖို႔ သူ႕ဘက္က တံခါးဖြင့္ထားတယ္လို႔ ဒီဘ႐ိုင္းနားေျပာ။

– ၿပီးခဲ့တဲ့ရာသီက စပါးစ္အသင္းနဲ႔ လမ္းခြဲခဲ့ၿပီး လက္ရွိအခ်ိန္အထိ အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ အာဂ်င္တီးနားသားနည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုကို စိတ္ဝင္စားေနတာ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းစလုံးျဖစ္တယ္လုိ႔ ၿဗိတိန္မီဒီယာေတြ ေဖာ္ျပ။

– သူ႕အေနနဲ႔ က်န္းမာေရးေကာင္းမြန္ေနၿပီျဖစ္ၿပီး ကိုဗစ္ရဲ႕ လကၡဏာေတြျဖစ္တဲ့ ကိုက္ခဲတာ၊ ေမာတာ၊ အရသာ ေပ်ာက္တာေတြအားလုံး ကင္းစင္ခဲ့ၿပီျဖစ္သလို မန္ခ်က္စတာစီးတီးအသင္းနဲ႔ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီျဖစ္ေၾကာင္း ကြင္းလယ္လူ ဂြန္ဒုိးဝမ္ ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဗဟိုေနာက္ခံလူ ဦးစားေပးေရြးခ်ယ္မွဳမွာ ေနာက္ခံလူသစ္ ႐ူဘင္ ဒီယက္စ္နဲ႔ ဂြါဒီယိုလာစိတ္ႀကဳိက္ ေအးမရစ္ လာေပါ့တ္တုိ႔က ပထမေနရာေတြမွာ ရွိေနၿပီး သူတုိ႔ေနာက္မွာမွ နာသန္ အာေကက ဗဟိုနဲ႔ ဘယ္ေနာက္ခံလူေနရာေတြမွာ Cover လုပ္ေပးဖို႔ အဆင္သင့္ေစာင့္ဆုိင္းေနရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်နဲ့ အိမ်ကွင်းပွဲစဉ်အတွက် မန်ချက်စတာစီးတီးအသင်းမှာ ဂျေဆူးစ်၊ အဂွေရိုနဲ့ ဇင်ချန်ကိုတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ ဂွန်ဒိုးဝမ်ကတော့ စောင့်ကြည့်ရမှာဖြစ်သလို စတာလင်ကတော့ အင်္ဂလန်က နုတ်ထွက်ခဲ့ရပေမယ့် သေချာပေါက် ပါဝင်နိုင်မယ်လို့ဆို။

– မန်ချက်စတာစီးတီးအသင်းကို ရောက်လာဖို့ နီးစပ်ခဲ့ဖူးတယ်လို့ အစ္စရေးတိုက်စစ်မှူး မေနာ ဆော်လမွန်က ဆိုလိုက်ပြီး အဲ့ဒီတုန်းက မက္ကာဘီ ပီတားတိကဗာဥက္ကဌရဲ့ ပြောင်းရွှေ့ကြေးကို တိုးမြှင့်သတ်မှတ်ခဲ့လို့သာ ရှက်တာဒိုးနက်စ်ခ်ကို ရောက်သွားခဲ့တာလို့ပြော။

– ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ဘိုလီဗီးယားနဲ့ ခြေစစ်ပွဲမှာ ပွဲထွက်နိုင်ခဲ့ပြီဖြစ်တဲ့ အက်စ်တန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်အတွက် ပြန်လည်ခေါ်ယူဖို့ ပေါင်သန်း ၃၀ ကနေ ၃၅ သန်းကြား ကျသင့်နိုင်ပေမယ့် မန်စီးတီး ပရိသတ်တွေကတော့ ဒီထက် ၁၀ သန်း-၁၅ သန်း ပိုပေးရမယ်ဆိုလည်း ခေါ်ယူဖို့ တိုက်တွန်းနေကြ။

– လူတွေ ပြောနေကြသလို မန်စီးတီးအသင်းနဲ့ သူ့ရဲ့ကြားမှာ တစ်စုံတစ်ခု သဘောတူညီမှု ရပြီဆိုတာ မဟုတ်မှန်ပေမယ့် တကယ်တမ်း အသင်းဘက်က ကမ်းလှမ်းလာခဲ့ရင် လက်ခံဆွေးနွေးသွားဖို့ သူ့ဘက်က တံခါးဖွင့်ထားတယ်လို့ ဒီဘရိုင်းနားပြော။

– ပြီးခဲ့တဲ့ရာသီက စပါးစ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ အာဂျင်တီးနားသားနည်းပြ မော်ရီစီယို ပိုချက်တီနိုကို စိတ်ဝင်စားနေတာ မန်ချက်စတာမြို့ခံနှစ်သင်းစလုံးဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေ ဖော်ပြ။

– သူ့အနေနဲ့ ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ပြီး ကိုဗစ်ရဲ့ လက္ခဏာတွေဖြစ်တဲ့ ကိုက်ခဲတာ၊ မောတာ၊ အရသာ ပျောက်တာတွေအားလုံး ကင်းစင်ခဲ့ပြီဖြစ်သလို မန်ချက်စတာစီးတီးအသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ကြောင်း ကွင်းလယ်လူ ဂွန်ဒိုးဝမ် ပြောကြား။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဗဟိုနောက်ခံလူ ဦးစားပေးရွေးချယ်မှုမှာ နောက်ခံလူသစ် ရူဘင် ဒီယက်စ်နဲ့ ဂွါဒီယိုလာစိတ်ကြိုက် အေးမရစ် လာပေါ့တ်တို့က ပထမနေရာတွေမှာ ရှိနေပြီး သူတို့နောက်မှာမှ နာသန် အာကေက ဗဟိုနဲ့ ဘယ်နောက်ခံလူနေရာတွေမှာ Cover လုပ်ပေးဖို့ အဆင်သင့်စောင့်ဆိုင်းနေရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.