Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၁.၁၀.၂၀၂၀

– အာဆင္နယ္အသင္းမွာ ေႏြရာသီအေျပာင္းအေရႊ႕ကာလကို ဆက္လက္ရွိေနခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂြန္အေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ အစီအစဥ္မရွိဘဲ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔သာ ထြက္ခြာသြားဖို႔ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ တစ္ႏွစ္လုပ္ခ ေပါင္ ၁၈ သန္း ေပးေခ်ေနရတဲ့ ကြင္းလယ္ မီဆြတ္ အုိေဇးလ္သာ အသင္းကေန ထြက္ခြာသြားခဲ့ရင္ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကိုပဲ ျပန္လည္ႀကဳိးစားၿပီး အစားထိုးဖြယ္ရွိ။

– အိုေဇးလ္အေနနဲ႔ လက္က်န္စာခ်ဳပ္ ၈ လနဲ႔ ၉ လၾကား ကာလကို ဖ်က္သိမ္းေပးဖို႔အတြက္ အနည္းဆုံး လက္က်န္လစာေငြ ေပါင္ ၁၃ သန္းကို တစ္လုံးတစ္ခဲတည္း ရရွိဖို႔ အာဆင္နယ္တာဝန္ရွိသူေတြကို ေတာင္းဆိုထား။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာနဲ႔ လက္တြဲလုပ္ေဆာင္ရတာကို ေပ်ာ္ရႊင္ေနၿပီး အာဆင္နယ္ဟာ ကၽြန္ေတာ့္ရဲ႕ ကလပ္အသင္းလို႔ ေျပာခဲ့တာေၾကာင့္ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ရဲ႕ အမ္းမရိတ္ကို အၿပီးသတ္ အေျပာင္းအေရႊ႕အတြက္ ခန္႔မွန္းေနၾက။

– ပထမတန္းကလပ္ ဂီလင္ဟမ္အသင္းကို အငွားသြားေရာက္ကစားၿပီး Ball Playing Defender တစ္ဦးအျဖစ္ ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏုိင္စြမ္းကို ျပသေနတဲ့ ေနာက္ခံလူ ဇက္ခ်္ မက္ဒလီနဲ႔ အာဆင္နယ္အသင္းတို႔ အနာဂတ္ဆက္ရွိဖို႔မ်ားလာ။

– နည္းျပ အာတီတာအေနနဲ႔ အသက္ ၁၉ ႏွစ္အရြယ္ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာရဲ႕ အားနည္းခ်က္ေတြက တည္ကန္ေဘာေတြကို ခုခံျခင္းနဲ႔ မလိုအပ္ဘဲ ေလွ်ာထိုးဖ်က္ထုတ္ျခင္းေတြလို႔ ရွဳျမင္ထားၿပီး ဘရန္႔ဖို႔ဒ္ကို အငွားခ်ၿပီး ကစားခြင့္နဲ႔အတူ ျပဳျပင္သြားႏုိင္ဖို႔ ေမွ်ာ္လင့္ေန။

– အာတီတာဟာ အသင္းကို ေကာင္းေကာင္းႀကီး ျပဳျပင္ေျပာင္းလဲေနေၾကာင္း ခါးသီးတဲ့ ၿပဳိင္ဘက္အသင္းေခါင္းေဆာင္ေဟာင္း ရြဳိင္းကီးန္က ခ်ီးက်ဴးလုိက္ၿပီး သူ႕အေနနဲ႔ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အမွားေတြကိုေတာ့ သတိထားသင့္ေၾကာင္း ေဝဖန္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းမှာ နွေရာသီအပြောင်းအရွှေ့ကာလကို ဆက်လက်ရှိနေခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ထွက်ခွာသွားဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၈ သန်း ပေးချေနေရတဲ့ ကွင်းလယ် မီဆွတ် အိုဇေးလ်သာ အသင်းကနေ ထွက်ခွာသွားခဲ့ရင် ၂၀၂၁ ခုနှစ် နွေရာသီမှာ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကိုပဲ ပြန်လည်ကြိုးစားပြီး အစားထိုးဖွယ်ရှိ။

– အိုဇေးလ်အနေနဲ့ လက်ကျန်စာချုပ် ၈ လနဲ့ ၉ လကြား ကာလကို ဖျက်သိမ်းပေးဖို့အတွက် အနည်းဆုံး လက်ကျန်လစာငွေ ပေါင် ၁၃ သန်းကို တစ်လုံးတစ်ခဲတည်း ရရှိဖို့ အာဆင်နယ်တာဝန်ရှိသူတွေကို တောင်းဆိုထား။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာနဲ့ လက်တွဲလုပ်ဆောင်ရတာကို ပျော်ရွှင်နေပြီး အာဆင်နယ်ဟာ ကျွန်တော့်ရဲ့ ကလပ်အသင်းလို့ ပြောခဲ့တာကြောင့် ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ရဲ့ အမ်းမရိတ်ကို အပြီးသတ် အပြောင်းအရွှေ့အတွက် ခန့်မှန်းနေကြ။

– ပထမတန်းကလပ် ဂီလင်ဟမ်အသင်းကို အငှားသွားရောက်ကစားပြီး Ball Playing Defender တစ်ဦးအဖြစ် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်စွမ်းကို ပြသနေတဲ့ နောက်ခံလူ ဇက်ချ် မက်ဒလီနဲ့ အာဆင်နယ်အသင်းတို့ အနာဂတ်ဆက်ရှိဖို့များလာ။

– နည်းပြ အာတီတာအနေနဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ အားနည်းချက်တွေက တည်ကန်ဘောတွေကို ခုခံခြင်းနဲ့ မလိုအပ်ဘဲ လျှောထိုးဖျက်ထုတ်ခြင်းတွေလို့ ရှုမြင်ထားပြီး ဘရန့်ဖို့ဒ်ကို အငှားချပြီး ကစားခွင့်နဲ့အတူ ပြုပြင်သွားနိုင်ဖို့ မျှော်လင့်နေ။

– အာတီတာဟာ အသင်းကို ကောင်းကောင်းကြီး ပြုပြင်ပြောင်းလဲနေကြောင်း ခါးသီးတဲ့ ပြိုင်ဘက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က ချီးကျူးလိုက်ပြီး သူ့အနေနဲ့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ အမှားတွေကိုတော့ သတိထားသင့်ကြောင်း ဝေဖန်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.