Premier League

တစ္ပတ္လုပ္ခစာရင္းထဲက ေပါင္ကိုးသိန္းခန္႔ကို ေလွ်ာ့ခ်သြားရဖြယ္ရွိေနတဲ့ မန္ခ်က္စတာစီးတီး

UEFA ရဲ႕ လက္ရွိသတ္မွတ္ခ်က္ေတြနဲ႔ မၿငိစြန္းေအာင္ ေရွာင္လႊဲဖို႔ဆုိရင္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အသင္းကေန လစာေငြမ်ားျပားတဲ့ နာမည္ႀကီးကစားသမားေတြကို ေရာင္းခ်ၿပီး တစ္ပတ္လုပ္ခ ေပါင္ကိုးသိန္းေလာက္ကို အသုံးစရိတ္ေလွ်ာ့ခ်ေပးသြားရဖြယ္ရွိေနေၾကာင္း ေဒးလီးေမးလ္က ေရးသားလုိက္ပါတယ္။

အဂၤလန္အေျခစိုက္ ဒီသတင္းဌာနရဲ႕ အဆိုအရေတာ့ မန္စီးတီးအသင္းရဲ႕ အေျခအေနကို ဥေရာပအသင္းႀကီးေတြက ေစာင့္ၾကည့္ေနၾကၿပီး သူတုိ႔ရဲ႕ ထိပ္တန္းကစားသမားေတြျဖစ္ၾကတဲ့ ရာဟင္းမ္ စတာလင္၊ ကီဗင္ ဒီဘ႐ိုင္းနား၊ လီရြဳိင္း ဆာေနး၊ ေအးမရစ္ လာေပါ့တ္နဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တုိ႔ ငါးဦးဟာ အေဟာ့ဆုံးေတြထဲမွာလည္း ပါဝင္ေနပါတယ္။

လက္ရွိလုပ္ခလစာအရ တစ္ပတ္ကို စတာလင္က ေပါင္သုံးသိန္း၊ ဒီဘ႐ိုင္းနားက ႏွစ္သိန္းရွစ္ေသာင္း၊ ဆာေနးက ကိုးေသာင္း၊ လာေပါ့တ္က တစ္သိန္းႏွစ္ေသာင္းနဲ႔ ေဂ်ဆူးစ္က ကိုးေသာင္း အသီးသီးရရွိေနၾကၿပီး ဒီကစားသမားေတြကို ေရာင္းခ်ရင္ ေပါင္သန္းငါးရာေလာက္ ရရွိႏုိင္သလို လစာေငြကိုလည္း ေလွ်ာ့ခ်ႏုိင္မွာျဖစ္ပါတယ္။

လက္ရွိဥေရာပၿပဳိင္ပြဲေတြကေန ထုတ္ပယ္ခံထားခဲ့ရတဲ့ မန္စီးတီးအသင္းအေနနဲ႔ ကစားသမားေတြကို ဥေရာပနဲ႔ ပတ္သက္တဲ့ ဆုေၾကးေငြေတြကိုေတာ့ ေပးေခ်ရသက္သာသြားမွာျဖစ္ေပမယ့္ သူတုိ႔ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားဖို႔ကေတာ့ အခက္အခဲရွိႏုိင္ၿပီး ဥေရာပထိပ္တန္းကလပ္ေတြရဲ႕ အမဲဖ်က္မွဳကို ခံရႏိုင္ေနတာလည္းျဖစ္ပါတယ္။

အထက္ေဖာ္ျပပါ ကစားသမားငါးဦးဟာ မန္စီးတီးအသင္းအတြက္ေတာ့ ေတာ္ေတာ္ေလးအေရးပါတဲ့ အင္အားစုလည္းျဖစ္ေနၿပီး ဖန္တီးမွဳ၊ အဆုံးသတ္ပုိင္းနဲ႔ ခံစစ္ပိုင္းမွာ အားကိုးရမယ့္ ဒီအုပ္စုကို လက္လႊတ္လုိက္ရရင္ေတာ့ အသင္းရဲ႕ အင္အားက ေတာ္ေတာ္ေလး ေလ်ာ့က်သြားမွာျဖစ္လို႔ ဆုံးျဖတ္ရခက္ခဲတဲ့ အေျခအေနနဲ႔ေတာ့ အေႏွးနဲ႔ အျမန္ ရင္ဆုိင္ရဦးမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: UEFA ရဲ့ လက်ရှိသတ်မှတ်ချက်တွေနဲ့ မငြိစွန်းအောင် ရှောင်လွှဲဖို့ဆိုရင် မန်ချက်စတာစီးတီးအသင်းအနေနဲ့ အသင်းကနေ လစာငွေများပြားတဲ့ နာမည်ကြီးကစားသမားတွေကို ရောင်းချပြီး တစ်ပတ်လုပ်ခ ပေါင်ကိုးသိန်းလောက်ကို အသုံးစရိတ်လျှော့ချပေးသွားရဖွယ်ရှိနေကြောင်း ဒေးလီးမေးလ်က ရေးသားလိုက်ပါတယ်။

အင်္ဂလန်အခြေစိုက် ဒီသတင်းဌာနရဲ့ အဆိုအရတော့ မန်စီးတီးအသင်းရဲ့ အခြေအနေကို ဥရောပအသင်းကြီးတွေက စောင့်ကြည့်နေကြပြီး သူတို့ရဲ့ ထိပ်တန်းကစားသမားတွေဖြစ်ကြတဲ့ ရာဟင်းမ် စတာလင်၊ ကီဗင် ဒီဘရိုင်းနား၊ လီရွိုင်း ဆာနေး၊ အေးမရစ် လာပေါ့တ်နဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ ငါးဦးဟာ အဟော့ဆုံးတွေထဲမှာလည်း ပါဝင်နေပါတယ်။

လက်ရှိလုပ်ခလစာအရ တစ်ပတ်ကို စတာလင်က ပေါင်သုံးသိန်း၊ ဒီဘရိုင်းနားက နှစ်သိန်းရှစ်သောင်း၊ ဆာနေးက ကိုးသောင်း၊ လာပေါ့တ်က တစ်သိန်းနှစ်သောင်းနဲ့ ဂျေဆူးစ်က ကိုးသောင်း အသီးသီးရရှိနေကြပြီး ဒီကစားသမားတွေကို ရောင်းချရင် ပေါင်သန်းငါးရာလောက် ရရှိနိုင်သလို လစာငွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

လက်ရှိဥရောပပြိုင်ပွဲတွေကနေ ထုတ်ပယ်ခံထားခဲ့ရတဲ့ မန်စီးတီးအသင်းအနေနဲ့ ကစားသမားတွေကို ဥရောပနဲ့ ပတ်သက်တဲ့ ဆုကြေးငွေတွေကိုတော့ ပေးချေရသက်သာသွားမှာဖြစ်ပေမယ့် သူတို့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ကတော့ အခက်အခဲရှိနိုင်ပြီး ဥရောပထိပ်တန်းကလပ်တွေရဲ့ အမဲဖျက်မှုကို ခံရနိုင်နေတာလည်းဖြစ်ပါတယ်။

အထက်ဖော်ပြပါ ကစားသမားငါးဦးဟာ မန်စီးတီးအသင်းအတွက်တော့ တော်တော်လေးအရေးပါတဲ့ အင်အားစုလည်းဖြစ်နေပြီး ဖန်တီးမှု၊ အဆုံးသတ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ အားကိုးရမယ့် ဒီအုပ်စုကို လက်လွှတ်လိုက်ရရင်တော့ အသင်းရဲ့ အင်အားက တော်တော်လေး လျော့ကျသွားမှာဖြစ်လို့ ဆုံးဖြတ်ရခက်ခဲတဲ့ အခြေအနေနဲ့တော့ အနှေးနဲ့ အမြန် ရင်ဆိုင်ရဦးမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.