Match Report Other Leagues

အင်တာမိုင်ယာမီကို သမိုင်းဝင် လိဂ်ဖလားဗိုလ်လုပွဲပို့ဆောင်ပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ အင်္ဂါနေ့ညက လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဥ် ဖီလာဒဲလ်ဖီးယားယူနီယံကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ၉ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး အင်တာ မိုင်ယာမီကို အသင်းသမိုင်းမှာ ပထမဆုံးအဓိကဆုဖလား ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုး ၉ ဂိုးစလုံးဟာ ပြီးခဲ့တဲ့လက ကစားသမားသစ်အဖြစ် လိဂ်ဖလားမှာ ပါဝင်ကစားချိန်ကတည်းက စတင်သွင်းယူခဲ့တာဖြစ်ပြီး လိဂ်ဖလားပြိုင်ပွဲမှာ မေဂျာလိဂ်နဲ့ လီဂါ အမ်အိတ်စ်တို့က ၄၇ သင်း ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

မက်ဆီဟာ စနေနေ့ည လိဂ်ဖလား ဗိုလ်လုပွဲမှာ ၁၀ ဂိုးမြောက်သွင်းဂိုးကို သွင်းယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး နက်ရှ်ဗေးလ် သို့မဟုတ် မွန်တာရေးနဲ့ တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။ အင်တာ မိုင်ယာမီအတွက် ဂျိုးဆက်ဖ် မာတီနက်ဇ်က ၃ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လိဂ်ဖလားပြိုင်ပွဲမှာ ၃ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် မိနစ် ၂၀ မှာ လီယွန်နယ် မက်ဆီက အင်တာမိုင်ယာမီအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်တဲ့ ယော်ဒီ အယ်လ်ဘာက ပထမပိုင်းနာကျင်အချိန်ပို ၄၈ မိနစ်မှာ အင်တာမိုင်ယာမီကစားသမားဘဝ ပထမဆုံးသွင်းဂိုးအဖြစ် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

၇၃ မိနစ်မှာ အလက်ဟန်းဒရိုး ဘီဒိုယာက ဖီလာဒဲလ်ဖီယားယူနီယံအတွက် တစ်လုံးတည်းသော ချေပဂိုးဖြစ်ခဲ့တဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ထပ် ၁၀ မိနစ်အကြာမှာတော့ ဒေးဗစ် ရူးဝိဇ်က အင်တာ မိုင်ယာမီအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဖီလာဒဲလ်ဖီယားယူနီယံဟာ ပြီးခဲ့တဲ့နှစ် မေဂျာလိဂ်ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ၂၀၂၃ CONCACAF ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရသလို ၂၀၂၁ ခုနှစ် မေဂျာလိဂ်အရှေ့ပိုင်းကွန်းဖရင့်ဗိုလ်လုပွဲမှာလည်း ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဖီလာဒဲလ်ဖီးယားဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ယူအက်စ် အိုးပင်းဖလားဗိုလ်လုပွဲ ၃ ကြိမ်အထိလည်း ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အင်တာ မိုင်ယာမီအသင်းဟာ လက်ရှိမှာတော့ လိဂ်ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို ၂၀၂၄ CONCACAF ချန်ပီယံလိဂ်အတွက် ဝင်ခွင့်တစ်နေရာလည်း ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ အဂၤါေန႔ညက လိဂ္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ ဖီလာဒဲလ္ဖီးယားယူနီယံကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အတြင္း ၉ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး အင္တာ မိုင္ယာမီကို အသင္းသမိုင္းမွာ ပထမဆုံးအဓိကဆုဖလား ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ သြင္းဂိုး ၉ ဂိုးစလုံးဟာ ၿပီးခဲ့တဲ့လက ကစားသမားသစ္အျဖစ္ လိဂ္ဖလားမွာ ပါဝင္ကစားခ်ိန္ကတည္းက စတင္သြင္းယူခဲ့တာျဖစ္ၿပီး လိဂ္ဖလားၿပိဳင္ပြဲမွာ ေမဂ်ာလိဂ္နဲ႔ လီဂါ အမ္အိတ္စ္တို႔က ၄၇ သင္း ပါဝင္ယွဥ္ၿပိဳင္ၾကတာျဖစ္ပါတယ္။

မက္ဆီဟာ စေနေန႔ည လိဂ္ဖလား ဗိုလ္လုပြဲမွာ ၁၀ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး နက္ရွ္ေဗးလ္ သို႔မဟုတ္ မြန္တာေရးနဲ႔ ေတြ႕ဆုံသြားရမွာ ျဖစ္ပါတယ္။ အင္တာ မိုင္ယာမီအတြက္ ဂ်ိဳးဆက္ဖ္ မာတီနက္ဇ္က ၃ မိနစ္မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး လိဂ္ဖလားၿပိဳင္ပြဲမွာ ၃ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ မိနစ္ ၂၀ မွာ လီယြန္နယ္ မက္ဆီက အင္တာမိုင္ယာမီအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ဘာစီလိုနာအသင္းေဖာ္ေဟာင္းျဖစ္တဲ့ ေယာ္ဒီ အယ္လ္ဘာက ပထမပိုင္းနာက်င္အခ်ိန္ပို ၄၈ မိနစ္မွာ အင္တာမိုင္ယာမီကစားသမားဘဝ ပထမဆုံးသြင္းဂိုးအျဖစ္ တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

၇၃ မိနစ္မွာ အလက္ဟန္းဒ႐ိုး ဘီဒိုယာက ဖီလာဒဲလ္ဖီယားယူနီယံအတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးျဖစ္ခဲ့တဲ့ သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာေတာ့ ေဒးဗစ္ ႐ူးဝိဇ္က အင္တာ မိုင္ယာမီအတြက္ စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဖီလာဒဲလ္ဖီယားယူနီယံဟာ ၿပီးခဲ့တဲ့ႏွစ္ ေမဂ်ာလိဂ္ဖလားဗိုလ္လုပြဲမွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ၂၀၂၃ CONCACAF ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ကေန ထြက္ခဲ့ရသလို ၂၀၂၁ ခုႏွစ္ ေမဂ်ာလိဂ္အေရွ႕ပိုင္းကြန္းဖရင့္ဗိုလ္လုပြဲမွာလည္း ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဖီလာဒဲလ္ဖီးယားဟာ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း ယူအက္စ္ အိုးပင္းဖလားဗိုလ္လုပြဲ ၃ ႀကိမ္အထိလည္း ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အင္တာ မိုင္ယာမီအသင္းဟာ လက္ရွိမွာေတာ့ လိဂ္ဖလားဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္သလို ၂၀၂၄ CONCACAF ခ်န္ပီယံလိဂ္အတြက္ ဝင္ခြင့္တစ္ေနရာလည္း ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.