Premier League

ကြီးမားတဲ့အပြောင်းအလဲအနေနဲ့ ကစားသမား ၆ ဦးအထိ ရောင်းထုတ်ဦးမယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာ ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဆက်လက် ပြုလုပ်ဖို့အတွက် ကစားသမား ၆ ဦးထက်မနည်း ရောင်းထုတ်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မွိုက်စ် ကိုင်ဆေဒို၊ နီကိုးလတ်စ် ဂျက်ဆင်၊ ခရစ္စတိုဖာ အန်ကွန်ကူ၊ အေဇယ်လ် ဒီဆာဆီ၊ ရောဘတ် ဆန်းချက်ဇ်၊ လက်စလီ အူဂိုချူကဝူတို့လို ကစားသမားတွေအားလုံး စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဆောက်သမ်တန်ကွင်းလယ်လူ ရိုမီယို လာဗီယာကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်သလို ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ် အိုလစ်ဆေးကိုလည်း စာချုပ်လျော်ကြေးပေးဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကနေ ခိုင် ဟာဗတ်ဇ်၊ ခရစ္စရှန် ပူလီရှစ်၊ အန်ဂိုလို ကွန်တေ၊ ကူလီဘေလီ၊ ကိုဗာချစ်၊ အူဘာမီယန်း၊ အက်ဇ်ပလီကွေတာ၊ မေဆန် မောင့်တို့လို ကစားသမားတွေလည်း ထွက်ခွာသွားခဲ့ကြတာဖြစ်ပေမယ့်လည်း ယခုနွေရာသီမှာ နောက်ထပ် ကစားသမား ၆ ဦးအထိ အပြောင်းအရွှေ့ပြုလုပ်နိုင်သေးတယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။

ကော်နာ ဂယ်လေဂါ၊ ချာလိုဘက်၊ အီယန် မတ်ဆန်၊ ဟတ်ဒ်ဆန်-အိုဒွိုင်း၊ လူကာကူး၊ ဟာကင်း ဇီယက်ရှ်တို့အားလုံးဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်လာမယ်ဆိုရင် အပြောင်းအရွှေ့ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ဂယ်လေဂါဟာ ချဲလ်ဆီးရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ လီဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ပေမယ့်လည်း အရောင်းစာရင်းထဲမှာ ထည့်သွင်းခြင်းခံထားရသလို အီယန် မတ်ဆန်လည်း အဲဒီပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဂယ်လေဂါဟာ ပိုချက်တီနိုရဲ့ အသင်းမှာ တစ်နေရာရဖို့ တိုက်ပွဲဝင်ဖို့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဆက်နေချင်ပေမယ့်လည်း ကိုင်ဆေဒိုနဲ့ လာဗီယာတို့ကြောင့် ပွဲထွက်လူစာရင်းမှာ ပိုလို့တောင် နောက်ရောက်သွားတော့မှာဖြစ်ပြီး မတ်ဆန်ကလည်း ခံစစ်နဲ့ ကွင်းလယ်မှာ နေရာစုံကစားနိုင်တဲ့ကစားသမားဖြစ်တာကြောင့် ပိုချက်တီနိုက ဆက်ထိန်းသိမ်းထားချင်မှာဖြစ်ပေမယ့် အသင်းက ရောင်းထုတ်မယ့်စာရင်းထဲ ထည့်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဆက်လက် ပြုလုပ်ဖို့အတွက် ကစားသမား ၆ ဦးထက်မနည်း ရောင်းထုတ်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မွိုက်စ် ကိုင်ဆေဒို၊ နီကိုးလတ်စ် ဂျက်ဆင်၊ ခရစ္စတိုဖာ အန်ကွန်ကူ၊ အေဇယ်လ် ဒီဆာဆီ၊ ရောဘတ် ဆန်းချက်ဇ်၊ လက်စလီ အူဂိုချူကဝူတို့လို ကစားသမားတွေအားလုံး စတမ်းဖို့ဒ် ဘရစ်ခ်ျကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဆောက်သမ်တန်ကွင်းလယ်လူ ရိုမီယို လာဗီယာကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်သလို ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ် အိုလစ်ဆေးကိုလည်း စာချုပ်လျော်ကြေးပေးဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။



ဂယ်လေဂါဟာ ချဲလ်ဆီးရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ လီဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ပေမယ့်လည်း အရောင်းစာရင်းထဲမှာ ထည့်သွင်းခြင်းခံထားရသလို အီယန် မတ်ဆန်လည်း အဲဒီပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဂယ်လေဂါဟာ ပိုချက်တီနိုရဲ့ အသင်းမှာ တစ်နေရာရဖို့ တိုက်ပွဲဝင်ဖို့ စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ ဆက်နေချင်ပေမယ့်လည်း ကိုင်ဆေဒိုနဲ့ လာဗီယာတို့ကြောင့် ပွဲထွက်လူစာရင်းမှာ ပိုလို့တောင် နောက်ရောက်သွားတော့မှာဖြစ်ပြီး မတ်ဆန်ကလည်း ခံစစ်နဲ့ ကွင်းလယ်မှာ နေရာစုံကစားနိုင်တဲ့ကစားသမားဖြစ်တာကြောင့် ပိုချက်တီနိုက ဆက်ထိန်းသိမ်းထားချင်မှာဖြစ်ပေမယ့် အသင်းက ရောင်းထုတ်မယ့်စာရင်းထဲ ထည့်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.