Premier League Transfer News

ကိုင်စီဒို ဘာကြောင့်ငြင်းသလဲ သိရရင် တိုင်နဲ့ခေါင်းနဲ့ ဆောင့်ချင်သွားမယ့် လီဗာပူးလ်

မွိုက်ဆက်စ် ကိုင်စီဒိုအနေနဲ့ သူ့ကို ဘရိုက်တန်ဘက်က လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ နှစ်သင်းစလုံးက ကမ်းလှမ်းလာခဲ့ရာမှာ ဘာကြောင့် တစ်သင်းကို ရွေးချယ်ပြီး ကျန်တဲ့ တစ်သင်းကို ပယ်ချခဲ့ရတယ်ဆိုတာကို စင်ရော်တွေရဲ့ စီအီးအို ပေါလ် ဘာဘာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အီကွေဒေါသားကို တစ်သင်းက ပေါင်သန်း ၁၁၀ ပေးခဲ့ပြီး တစ်သင်းက ပေါင် ၁၁၅ သန်း ပေးခဲ့တာက ဘရိုက်တန်တို့ လိုချင်တဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ အနာဂတ်ခံစားခွင့် ၁၀ သန်းထက် များစွာ ကျော်လွန်နေခဲ့တာလည်းဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လီဗာပူးလ်တို့က လက်သွက်ခြေသွက် လှုပ်ရှားခဲ့ချိန်မှာ ပွဲဖြစ်ပြီလို့တောင် ထင်ခဲ့ကြရတာပါ။

ဒါပေမယ့် ကိုင်စီဒိုအနေနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ကြိုတင်ရယူထားပြီးဖြစ်တဲ့ ချဲလ်ဆီးအပေါ် မျက်နှာမလွှဲဘဲ သစ္စာရှိနေခဲ့တာဖြစ်ပြီး အသင်း တာဝန်ရှိသူတွေအပေါ် လီဗာပူးလ်ကို မပြောင်းဘဲ အနောက်လန်ဒန်က စတမ်းဖို့ဘရစ်ချ်ကိုသာ သွားလိုကြောင်း ပြတ်ပြတ်သားသား အသိပေးခဲ့တာဖြစ်သလို အပြာကောင်တွေရဲ့ နောက်တစ်ကြိမ် ကမ်းလှမ်းမှုကို စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန် စီအီးအို ပေါလ် ဘာဘာကတော့ လီဗာပူးလ်တို့ကို တိုင်နဲ့ ခေါင်းနဲ့ ဆောင့်သွားစေနိုင်တဲ့ ကိုင်စီဒိုရဲ့ ငြင်းပယ်ရခြင်း လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ပြီး ဒါကတော့ အန်းဖီးလ်သားတွေရဲ့ နေရာထိုင်ခင်းနဲ့ လူငယ်တွေအကြိုက် ပုံစံမျိုးကို ပေးစွမ်းနိုင်ခြင်း မရှိတဲ့ ပတ်ဝန်းကျင်ဒေသကြောင့်လို ဆိုသွားခဲ့တာပါ။

“လီဗာပူးလ်က ကြီးမားထင်ရှားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ကစားသမားတွေကို ဆွဲဆောင်နိုင်တဲ့ အသင်းမျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဖက်ဖက်က စဉ်းစားကြည့်မယ်ဆိုရင်တော့ နေ့တိုင်း အမှတ် ၆ လမ်းမကြီးကနေ သူ့ဆီ ကားမောင်းသွားရမယ့် အလုပ်မျိုးကိုတော့ ဖြစ်နိုင်ရင် လုပ်ချင်ကြမှာ မဟုတ်ဘူးပေါ့”

“မွိုက်စ်ဆက်နဲ့ သူ့အကြံပေးတွေကတော့ ဘာအကြောင်းတွေ ဘာကမ်းလှမ်းမှုတွေပဲ ရှိရှိ လန်ဒန်မြို့ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါက လီဗာပူးလ်နဲ့ ရက်ပိုင်းလောက် ဆွေးနွေးနေပြီးတဲ့ ကျွန်တော်တို့တွေအတွက် လုပ်ရကိုင်ရ ခက်ခဲစေခဲ့သလို နောက်ဆုံးတော့ ပွဲပျက်သွားခဲ့တာဖြစ်ပါတယ်”

ဒီအချိန်မှာတော့ ချဲလ်ဆီးတို့ အချိန်ကိုက်ရောက်ရှိလာပြီး သဘောတူညီနိုင်ခဲ့သလို မွိုက်စ်ဆက်ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်အတွက် ပျော်ရွှင်စွာနဲ့ အောင်မြင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးဖို့ ဖြစ်နိုင်ခဲ့ပါတယ်”လို့ ပေါလ် ဘာဘာက ရှင်းပြသွားခဲ့ပါတယ်။

ကိုင်စီဒိုအနေနဲ့ ဘရိုက်တန်ကနေ မိုင် ၅၀ သာ ဝေးပြီး တစ်နာရီအောက်သာ ကားမောင်းသွားရမယ့် လန်ဒန်မြို့ကို လူငယ်ပီပီ ရွေးချယ်ခဲ့ပြီး ဒီအချိန်မှာ အနောက်မြောက်ဒေသက သင်္ဘောဆိပ်မြို့ လီဗာပူးလ်ကတော့ ၂၇၁ မိုင် ကွာဝေးပြီး ၅ နာရီနီးပါး ခရီးနှင်ရမယ့် အချိန်မှာ အရွေးမခံရဘဲ ပလေးခံခဲ့ရတာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မြိဳက္ဆက္စ္ ကိုင္စီဒိုအေနနဲ႔ သူ႔ကို ဘ႐ိုက္တန္ဘက္က လက္ခံႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ ႏွစ္သင္းစလုံးက ကမ္းလွမ္းလာခဲ့ရာမွာ ဘာေၾကာင့္ တစ္သင္းကို ေ႐ြးခ်ယ္ၿပီး က်န္တဲ့ တစ္သင္းကို ပယ္ခ်ခဲ့ရတယ္ဆိုတာကို စင္ေရာ္ေတြရဲ႕ စီအီးအို ေပါလ္ ဘာဘာက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ အီေကြေဒါသားကို တစ္သင္းက ေပါင္သန္း ၁၁၀ ေပးခဲ့ၿပီး တစ္သင္းက ေပါင္ ၁၁၅ သန္း ေပးခဲ့တာက ဘ႐ိုက္တန္တို႔ လိုခ်င္တဲ့ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၉၀ နဲ႔ အနာဂတ္ခံစားခြင့္ ၁၀ သန္းထက္ မ်ားစြာ ေက်ာ္လြန္ေနခဲ့တာလည္းျဖစ္ၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက လီဗာပူးလ္တို႔က လက္သြက္ေျခသြက္ လႈပ္ရွားခဲ့ခ်ိန္မွာ ပြဲျဖစ္ၿပီလို႔ေတာင္ ထင္ခဲ့ၾကရတာပါ။

ဒါေပမယ့္ ကိုင္စီဒိုအေနနဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ႀကိဳတင္ရယူထားၿပီးျဖစ္တဲ့ ခ်ဲလ္ဆီးအေပၚ မ်က္ႏွာမလႊဲဘဲ သစၥာရွိေနခဲ့တာျဖစ္ၿပီး အသင္း တာဝန္ရွိသူေတြအေပၚ လီဗာပူးလ္ကို မေျပာင္းဘဲ အေနာက္လန္ဒန္က စတမ္းဖို႔ဘရစ္ခ်္ကိုသာ သြားလိုေၾကာင္း ျပတ္ျပတ္သားသား အသိေပးခဲ့တာျဖစ္သလို အျပာေကာင္ေတြရဲ႕ ေနာက္တစ္ႀကိမ္ ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္ စီအီးအို ေပါလ္ ဘာဘာကေတာ့ လီဗာပူးလ္တို႔ကို တိုင္နဲ႔ ေခါင္းနဲ႔ ေဆာင့္သြားေစႏိုင္တဲ့ ကိုင္စီဒိုရဲ႕ ျငင္းပယ္ရျခင္း လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး ဒါကေတာ့ အန္းဖီးလ္သားေတြရဲ႕ ေနရာထိုင္ခင္းနဲ႔ လူငယ္ေတြအႀကိဳက္ ပုံစံမ်ိဳးကို ေပးစြမ္းႏိုင္ျခင္း မရွိတဲ့ ပတ္ဝန္းက်င္ေဒသေၾကာင့္လို ဆိုသြားခဲ့တာပါ။

“လီဗာပူးလ္က ႀကီးမားထင္ရွားတဲ့ အသင္းတစ္သင္းျဖစ္ၿပီး ကစားသမားေတြကို ဆြဲေဆာင္ႏိုင္တဲ့ အသင္းမ်ိဳးလည္းျဖစ္ပါတယ္။ ဒါေပမယ့္ အဖက္ဖက္က စဥ္းစားၾကည့္မယ္ဆိုရင္ေတာ့ ေန႔တိုင္း အမွတ္ ၆ လမ္းမႀကီးကေန သူ႔ဆီ ကားေမာင္းသြားရမယ့္ အလုပ္မ်ိဳးကိုေတာ့ ျဖစ္ႏိုင္ရင္ လုပ္ခ်င္ၾကမွာ မဟုတ္ဘူးေပါ့”

“မြိဳက္စ္ဆက္နဲ႔ သူ႔အႀကံေပးေတြကေတာ့ ဘာအေၾကာင္းေတြ ဘာကမ္းလွမ္းမႈေတြပဲ ရွိရွိ လန္ဒန္ၿမိဳ႕ကိုပဲ ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ဒါက လီဗာပူးလ္နဲ႔ ရက္ပိုင္းေလာက္ ေဆြးေႏြးေနၿပီးတဲ့ ကြၽန္ေတာ္တို႔ေတြအတြက္ လုပ္ရကိုင္ရ ခက္ခဲေစခဲ့သလို ေနာက္ဆုံးေတာ့ ပြဲပ်က္သြားခဲ့တာျဖစ္ပါတယ္”

ဒီအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးတို႔ အခ်ိန္ကိုက္ေရာက္ရွိလာၿပီး သေဘာတူညီႏိုင္ခဲ့သလို မြိဳက္စ္ဆက္ရဲ႕ ကစားသမားဘဝ ေနာက္တစ္ဆင့္အတြက္ ေပ်ာ္႐ႊင္စြာနဲ႔ ေအာင္ျမင္ပါေစလို႔ ကြၽန္ေတာ္တို႔ ဆုေတာင္းေပးဖို႔ ျဖစ္ႏိုင္ခဲ့ပါတယ္”လို႔ ေပါလ္ ဘာဘာက ရွင္းျပသြားခဲ့ပါတယ္။

ကိုင္စီဒိုအေနနဲ႔ ဘ႐ိုက္တန္ကေန မိုင္ ၅၀ သာ ေဝးၿပီး တစ္နာရီေအာက္သာ ကားေမာင္းသြားရမယ့္ လန္ဒန္ၿမိဳ႕ကို လူငယ္ပီပီ ေ႐ြးခ်ယ္ခဲ့ၿပီး ဒီအခ်ိန္မွာ အေနာက္ေျမာက္ေဒသက သေဘၤာဆိပ္ၿမိဳ႕ လီဗာပူးလ္ကေတာ့ ၂၇၁ မိုင္ ကြာေဝးၿပီး ၅ နာရီနီးပါး ခရီးႏွင္ရမယ့္ အခ်ိန္မွာ အေ႐ြးမခံရဘဲ ပေလးခံခဲ့ရတာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.