Other Leagues

နေမာရဲ့အပြောင်းအရွှေ့အပြီး ကမ္ဘာပေါ်က လစာအများဆုံးကစားသမား ၁၀ ဦး

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာရဲ့ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်ဟီလာလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ပြီးနောက်ပိုင်း ဘောလုံးလောကမှာ လစာအမြင့်မားဆုံးရရှိနေတဲ့ ကစားသမားစာရင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီကနေ ဆော်ဒီ အာရေဗျကလပ်ကို ထပ်ဆောင်းပေးချေမှုတွေ ပါဝင်တဲ့ စုစုပေါင်း ပေါင် ၇၇.၆ သန်းတန်ကြေးရှိတဲ့ အပြောင်းအရွှေ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒို၊ ဘန်ဇီးမား၊ ကွန်တေတို့လို ဥရောပကို စွန့်ခွာခဲ့တဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ ခြေရာကို လိုက်နင်းခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒို၊ ဘန်ဇီးမားနဲ့ ကွန်တေတို့လိုပဲ နေမာဟာ လစာ ပေါင် ၈၆ သန်းအထိ ရရှိမှာဖြစ်တယ်လို့ ပြင်သစ်သတင်းဌာန Le Parisien က ဖော်ပြခဲ့ပြီး အဲဒီပမာဏဟာ ယခုနွေရာသီအစောပိုင်းမှာ ချဲလ်ဆီးကနေ ထွက်ခွာခဲ့တဲ့ အန်ဂိုလို ကွန်တေရဲ့လစာနဲ့ အတူတူပဲဖြစ်တယ်လို့ သိရပါတယ်။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်လ်ဒိုနဲ့ အယ်လ်အစ်တီဟတ်တိုက်စစ်မှူး ဘန်ဇီးမားတို့ဟာ လုပ်ခလစာ ပေါင် ၁၇၂ သန်းဝန်းကျင်နဲ့ ကမ္ဘာ့ဘောလုံးလောကမှာ လစာအမြင့်မားဆုံးကစားသမားတွေအဖြစ် ရပ်တည်နေတာဖြစ်ပြီး ခီလီယန် အမ်ဘာပေတစ်ဦးတည်းသာ ဥရောပမှာ ကစားနေပြီး လစာအမြင့်မားဆုံးကစားသမား ၁၀ ဦးစာရင်းထဲမှာ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးမှာ ပီအက်စ်ဂျီမှာ လုပ်ခလစာ ပေါင်သန်း ၆၀ အထိ ရရှိနေတာဖြစ်ပြီး မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီ ကြယ်ပွင့် လီယွန်နယ် မက်ဆီကလည်း ပေါင်သန်း ၆၀ နဲ့ ကမ္ဘာ့ဘောလုံးလောကမှာ ဆဌမမြောက် လစာအမြင့်မားဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဆာဒီယို မာနေးနဲ့ ဂျော်ဒန် ဟန်ဒါဆန်တို့ကလည်း ပေါင် ၃၄ သန်းအထိ ရရှိနေပြီး အယ်လ်အလီတောင်ပံကစားသမား မာရက်ဇ်နဲ့ အယ်လ်ဟီလာလ်နောက်ခံကစားသမား ကူလီဘေလီတို့က ပေါင်သန်း ၃၀ ၊ ပေါင် ၂၆ သန်း အသီးသီး ရရှိနေတာဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးလောကရဲ့ လစာအမြင့်မားဆုံးကစားသမား ၁၀ ဦး

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို- ပေါင် ၁၇၂ သန်း
၁။ ကာရင် ဘန်ဇီးမား- ပေါင် ၁၇၂ သန်း
၃။ အန်ဂိုလို ကွန်တေ- ပေါင် ၈၆ သန်း
၃။ နေမာ- ပေါင် ၈၆ သန်း
၅။ ခီလီယန် အမ်ဘာပေ- ပေါင်သန်း ၆၀
၆။ လီယွန်နယ် မက်ဆီ- ပေါင် ၃၉ သန်း
၇။ ဆာဒီယို မာနေး- ပေါင် ၃၄ သန်း
၇။ ဂျော်ဒန် ဟန်ဒါဆန်- ပေါင် ၃၄ သန်း
၉။ ရီယက်ဒ် မာရက်ဇ်- ပေါင်သန်း ၃၀
၁၀။ ကာလီဒူ ကူလီဘေလီ-ပေါင် ၂၆ သန်း

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာရဲ႕ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ဟီလာလ္ကို အံ့အားသင့္ဖြယ္ ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း ေဘာလုံးေလာကမွာ လစာအျမင့္မားဆုံးရရွိေနတဲ့ ကစားသမားစာရင္းမွာ အေျပာင္းအလဲေတြ ျဖစ္ေပၚခဲ့ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီကေန ေဆာ္ဒီ အာေရဗ်ကလပ္ကို ထပ္ေဆာင္းေပးေခ်မႈေတြ ပါဝင္တဲ့ စုစုေပါင္း ေပါင္ ၇၇.၆ သန္းတန္ေၾကးရွိတဲ့ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒို၊ ဘန္ဇီးမား၊ ကြန္ေတတို႔လို ဥေရာပကို စြန႔္ခြာခဲ့တဲ့ ကမာၻ႔အဆင့္ကစားသမားေတြရဲ႕ ေျခရာကို လိုက္နင္းခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒို၊ ဘန္ဇီးမားနဲ႔ ကြန္ေတတို႔လိုပဲ ေနမာဟာ လစာ ေပါင္ ၈၆ သန္းအထိ ရရွိမွာျဖစ္တယ္လို႔ ျပင္သစ္သတင္းဌာန Le Parisien က ေဖာ္ျပခဲ့ၿပီး အဲဒီပမာဏဟာ ယခုေႏြရာသီအေစာပိုင္းမွာ ခ်ဲလ္ဆီးကေန ထြက္ခြာခဲ့တဲ့ အန္ဂိုလို ကြန္ေတရဲ႕လစာနဲ႔ အတူတူပဲျဖစ္တယ္လို႔ သိရပါတယ္။

အယ္လ္နာဆာတိုက္စစ္မႉး ေရာ္နယ္လ္ဒိုနဲ႔ အယ္လ္အစ္တီဟတ္တိုက္စစ္မႉး ဘန္ဇီးမားတို႔ဟာ လုပ္ခလစာ ေပါင္ ၁၇၂ သန္းဝန္းက်င္နဲ႔ ကမာၻ႔ေဘာလုံးေလာကမွာ လစာအျမင့္မားဆုံးကစားသမားေတြအျဖစ္ ရပ္တည္ေနတာျဖစ္ၿပီး ခီလီယန္ အမ္ဘာေပတစ္ဦးတည္းသာ ဥေရာပမွာ ကစားေနၿပီး လစာအျမင့္မားဆုံးကစားသမား ၁၀ ဦးစာရင္းထဲမွာ ပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးမွာ ပီအက္စ္ဂ်ီမွာ လုပ္ခလစာ ေပါင္သန္း ၆၀ အထိ ရရွိေနတာျဖစ္ၿပီး ေမဂ်ာလိဂ္ကလပ္ အင္တာ မိုင္ယာမီ ၾကယ္ပြင့္ လီယြန္နယ္ မက္ဆီကလည္း ေပါင္သန္း ၆၀ နဲ႔ ကမာၻ႔ေဘာလုံးေလာကမွာ ဆဌမေျမာက္ လစာအျမင့္မားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ဆာဒီယို မာေနးနဲ႔ ေဂ်ာ္ဒန္ ဟန္ဒါဆန္တို႔ကလည္း ေပါင္ ၃၄ သန္းအထိ ရရွိေနၿပီး အယ္လ္အလီေတာင္ပံကစားသမား မာရက္ဇ္နဲ႔ အယ္လ္ဟီလာလ္ေနာက္ခံကစားသမား ကူလီေဘလီတို႔က ေပါင္သန္း ၃၀ ၊ ေပါင္ ၂၆ သန္း အသီးသီး ရရွိေနတာျဖစ္ပါတယ္။

ကမာၻ႔ေဘာလုံးေလာကရဲ႕ လစာအျမင့္မားဆုံးကစားသမား ၁၀ ဦး

၁။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို- ေပါင္ ၁၇၂ သန္း
၁။ ကာရင္ ဘန္ဇီးမား- ေပါင္ ၁၇၂ သန္း
၃။ အန္ဂိုလို ကြန္ေတ- ေပါင္ ၈၆ သန္း
၃။ ေနမာ- ေပါင္ ၈၆ သန္း
၅။ ခီလီယန္ အမ္ဘာေပ- ေပါင္သန္း ၆၀
၆။ လီယြန္နယ္ မက္ဆီ- ေပါင္ ၃၉ သန္း
၇။ ဆာဒီယို မာေနး- ေပါင္ ၃၄ သန္း
၇။ ေဂ်ာ္ဒန္ ဟန္ဒါဆန္- ေပါင္ ၃၄ သန္း
၉။ ရီယက္ဒ္ မာရက္ဇ္- ေပါင္သန္း ၃၀
၁၀။ ကာလီဒူ ကူလီေဘလီ-ေပါင္ ၂၆ သန္း

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.