Ligue1 Other Leagues

ပီအက်စ်ဂျီကို ပြင်းထန်တဲ့ မှတ်ချက်ပေးခဲ့တဲ့ လီယွန်နယ် မက်ဆီ

လီယွန်နယ် မက်ဆီက အသင်းဟောင်း ပီအက်စ်ဂျီကို ပြင်းထန်တဲ့ မှတ်ချက်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ဘယ်တုန်းကမှ မပြောင်းရွှေ့ချင်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မိုင်ယာမီမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလွန်ဒေါ ၇ ဆုရှင်က မေဂျာလိဂ်က စိန်ခေါ်မှုအသစ်တွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပြီး ဘာစီလိုနာဂန္တဝင်က ဇွန်လမှာ နူးကမ့် ပြန်မသွားဘဲ ယူအက်စ်အေမှာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အင်တာ မိုင်ယာမီကို ပြောင်းရွှေ့လာပြီးနောက် ၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၉ ဂိုးအထိ သွင်းယူပေးထားပြီး ယခုအပတ်မှာ လိဂ်ဖလား ဗိုလ်လုပွဲကို ကစားသွားရတော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်က လက်ရှိမှာတော့ ၎င်းနဲ့ ၎င်းရဲ့မိသားစုဟာ ဘဝသစ်ကို ပျော်ရွှင်နေတယ်လို့ ဝန်ခံ ပြောကြားခဲ့ပြီး ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တုန်းက တော်တော်လေး ဒုက္ခရောက်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ နေရမယ့် အိမ်တောင်မှ မရှိသေးပေမယ့်လည်း မိုင်ယာမီကို ရွေးချယ်ဖို့က အရမ်းလွယ်ကူခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေရာကို လာဖို့ ဆွဲဆောင်ခံခဲ့ရပြီး အသင်းကို ရောက်ကတည်းက အသင်းကလူတွေရော လမ်းပေါ်မှာ ဆုံတွေ့ခဲ့တဲ့ ပရိသတ်တွေကပါ ဒီကို လာဖို့ ဆုံးဖြတ်ရတာကို အရမ်းလွယ်ကူအောင် လုပ်ခဲ့တယ်။ ဒီမြို့က ဆန်းကြယ်ပြီး ခင်ဗျားကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ အရမ်းအလွယ်တကူ နေထိုင်နိုင်စေပါတယ်။ ကလေးတွေလည်း မကြာခင် ကျောင်းစတက်တော့မယ်။ လုပ်စရာလေးတွေ ကျန်နေသေးပေမယ့် ကျွန်တော်တို့ ထင်ထားတာထက် ပိုလွယ်ပါတယ်။ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းတုန်းက တော်တော်လေး ရှုပ်ထွေးခဲ့ပါတယ်။”

မက်ဆီက ဆက်လက်ပြီး ပဲရစ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ထားခြင်းမရှိသလို ပြောင်းလည်း မပြောင်းချင်ပေမယ့် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် နူးကမ့်ကနေ မထွက်ချင်ဘဲ ထွက်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဒီနိုင်ငံမှာ နေထိုင်ရတဲ့ အတွေ့အကြုံနဲ့ ဒီအဆင့်သစ်ကို ပျော်ရွှင်ခံစားနေရတယ်ဆိုတာက အမြဲတမ်း ကျွန်တော့်စိတ်ထဲကို ရောက်လာတဲ့အရာတစ်ခုပါ။ ကျွန်တော်တို့ ရှိနေချင်တဲ့နေရာမှာ ရှိနေပါပြီ။ ကျွန်တော် ပဲရစ်ကို သွားဖို့ ဘယ်တုန်းကမှ မစီစဉ်ထားသလို သွားချင်စိတ်လည်းမရှိခဲ့ပါဘူး။ ကျွန်တော် ဘာစီလိုနာကို မစွန့်ခွာချင်ခဲ့ဘူး။ ပီအက်စ်ဂျီကို ပြောင်းရွှေ့တာက ပိုပြီး ခက်ခဲလာခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါပြီ။ ဘုရားသခင် ကျေးဇူးကြောင့်ပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီက အသင္းေဟာင္း ပီအက္စ္ဂ်ီကို ျပင္းထန္တဲ့ မွတ္ခ်က္ေပးခဲ့ၿပီး ၂၀၂၁ ခုႏွစ္မွာ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ဘယ္တုန္းကမွ မေျပာင္းေ႐ႊ႕ခ်င္ခဲ့ဘူးလို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

မိုင္ယာမီမွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဘလြန္ေဒါ ၇ ဆုရွင္က ေမဂ်ာလိဂ္က စိန္ေခၚမႈအသစ္ေတြနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့တာျဖစ္ၿပီး ဘာစီလိုနာဂႏၲဝင္က ဇြန္လမွာ ႏူးကမ့္ ျပန္မသြားဘဲ ယူအက္စ္ေအမွာ စိန္ေခၚမႈအသစ္ေတြ ရွာေဖြဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ အင္တာ မိုင္ယာမီကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၉ ဂိုးအထိ သြင္းယူေပးထားၿပီး ယခုအပတ္မွာ လိဂ္ဖလား ဗိုလ္လုပြဲကို ကစားသြားရေတာ့မွာ ျဖစ္ပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္က လက္ရွိမွာေတာ့ ၎နဲ႔ ၎ရဲ႕မိသားစုဟာ ဘဝသစ္ကို ေပ်ာ္႐ႊင္ေနတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ၿပီး ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့တုန္းက ေတာ္ေတာ္ေလး ဒုကၡေရာက္ခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ေနရမယ့္ အိမ္ေတာင္မွ မရွိေသးေပမယ့္လည္း မိုင္ယာမီကို ေ႐ြးခ်ယ္ဖို႔က အရမ္းလြယ္ကူခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဒီေနရာကို လာဖို႔ ဆြဲေဆာင္ခံခဲ့ရၿပီး အသင္းကို ေရာက္ကတည္းက အသင္းကလူေတြေရာ လမ္းေပၚမွာ ဆုံေတြ႕ခဲ့တဲ့ ပရိသတ္ေတြကပါ ဒီကို လာဖို႔ ဆုံးျဖတ္ရတာကို အရမ္းလြယ္ကူေအာင္ လုပ္ခဲ့တယ္။ ဒီၿမိဳ႕က ဆန္းၾကယ္ၿပီး ခင္ဗ်ားကို တိတ္တိတ္ဆိတ္ဆိတ္နဲ႔ အရမ္းအလြယ္တကူ ေနထိုင္ႏိုင္ေစပါတယ္။ ကေလးေတြလည္း မၾကာခင္ ေက်ာင္းစတက္ေတာ့မယ္။ လုပ္စရာေလးေတြ က်န္ေနေသးေပမယ့္ ကြၽန္ေတာ္တို႔ ထင္ထားတာထက္ ပိုလြယ္ပါတယ္။ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ေျပာင္းတုန္းက ေတာ္ေတာ္ေလး ရႈပ္ေထြးခဲ့ပါတယ္။”

မက္ဆီက ဆက္လက္ၿပီး ပဲရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ထားျခင္းမရွိသလို ေျပာင္းလည္း မေျပာင္းခ်င္ေပမယ့္ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့တာေၾကာင့္ ႏူးကမ့္ကေန မထြက္ခ်င္ဘဲ ထြက္ခဲ့ရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ေပ်ာ္႐ႊင္ေနပါတယ္။ ဒီႏိုင္ငံမွာ ေနထိုင္ရတဲ့ အေတြ႕အႀကဳံနဲ႔ ဒီအဆင့္သစ္ကို ေပ်ာ္႐ႊင္ခံစားေနရတယ္ဆိုတာက အၿမဲတမ္း ကြၽန္ေတာ့္စိတ္ထဲကို ေရာက္လာတဲ့အရာတစ္ခုပါ။ ကြၽန္ေတာ္တို႔ ရွိေနခ်င္တဲ့ေနရာမွာ ရွိေနပါၿပီ။ ကြၽန္ေတာ္ ပဲရစ္ကို သြားဖို႔ ဘယ္တုန္းကမွ မစီစဥ္ထားသလို သြားခ်င္စိတ္လည္းမရွိခဲ့ပါဘူး။ ကြၽန္ေတာ္ ဘာစီလိုနာကို မစြန႔္ခြာခ်င္ခဲ့ဘူး။ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕တာက ပိုၿပီး ခက္ခဲလာခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ အဲဒါနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနပါၿပီ။ ဘုရားသခင္ ေက်းဇူးေၾကာင့္ပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.