Match Report Premier League

အရှက်နည်းပြီး လက်ရဲတဲ့ အိုနာနာကြောင့် ဝုလ်ဗ်စ်ကို နိုင်ပွဲရခဲ့တဲ့ လပ်ကီးဆဲဗင်း မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ မေဆန်မောင့်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝုလ်ဗ်စ်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ လီမီနာ၊ မက်သီယူးစ် နူးနက်စ်နဲ့ ဂျာအို ဂိုမက်စ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ နီတို၊ ဆာရားဘီးယားနဲ့ ကွန်ညာတို့ကို ကစားစေခဲ့တာပါ။

နှစ်သင်းစလုံးအနေနဲ့ ဒီနေ့မှာ ကစားကွက်နဲ့ အချိန်ယူကစားဖို့ထက် ဘောလုံးရတာနဲ့ ကွင်းလယ်မှာ တစ်ချက်နှစ်ချက် အမြန်တည်ပြီး တိုက်စစ်ကို သွားခဲ့ကြသလို ဖန်တီးမှုပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ကတောင် ပိုမိုကောင်းမွန်နေတဲ့အတွက် ဘရူနို ဖာနန်ဒက်စ်တို့အဖွဲ့ ရုန်းကန်ခဲ့ရပြီး အဖျက်ကစားတဲ့ ကာစီမီရိုကပါ အရင်ပွဲတွေလောက် မကောင်းတာကြောင့် အလယ်အူကြောင်းက ကွန်ညာရဲ့ မကြာခဏ ထိုးဖောက်မှုတွေကို မြင်ခဲ့ရပါတယ်။

မန်ယူတို့ဘက်က ဖန်တီးမှုတွေ အားနည်းနေခဲ့ချိန်မှာ ဝုလ်ဗ်စ်တို့ကတော့ ကောင်တာတွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ရှေ့တန်းသုံးဦးမှာ ကွန်ညာရဲ့ ခြေစွမ်းမျိုးနဲ့ အားထုတ်မှုမျိုးက ကျန်နှစ်ဦးမှာ ရှိမနေခဲ့သလို နီတိုက ဆုံးဖြတ်ချက်တွေ တုံ့ဆိုင်းနေခဲ့ချိန်မှာ ဆာရားဘီးယားကတော့ စုတ်ပြတ်ပျက်စီးနေခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ သက်သာခွင့်ရခဲ့ပြီး ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဝုလ်ဗ်စ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကပဲ ပိုရင်ခုန်စရာကောင်းခဲ့ပြီး ဆာရားဘီးယားအစား ဟွမ်းဟီးချန်းကို နည်းပြ အိုနီးလ်က စထည့်ခဲ့သလို ပိုပြီး သွက်သွက်လက်လက် ကစားနိုင်ခဲ့ကြပေမယ့် Final Third မှာ ပေးပို့မှုတွေနဲ့ နီတိုရဲ့ ပြတ်ပြတ်သားသား အလုပ်မလုပ်နိုင်မှုတွေက အိမ်ရှင်တွေနဲ့ ဂိုးသမား အိုနာနာတို့ကို ဆက်လက်ကံကောင်းနေစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်က ညာတောင်ပံကို တင်ပေးခဲ့တဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာက ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဝုလ်ဗ်စ်နောက်တန်းတွေပေါ်ကနေ မ,တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်ကို ပြေးဝင်ခဲ့တဲ့ နောက်ခံလူ ဗာရွန်းက ခေါင်းတိုက်သွင်းနိုင်ခဲ့ပြီး ရှေ့က ရတဲ့ ထောင့်ကန်ဘောကနေ ပြန်မဆင်းရသေးတာက ကွက်တိဖြစ်သွားခဲ့တာပါ။

ဒီနောက်မှာတော့ ဝုလ်ဗ်စ်တို့ဘက်က ကွန်ညာနဲ့ အိုက်နူရီတို့အစား ဖာဘီယို ဆေးလ်ဗားနဲ့ ဘွေနိုတို့ကို လဲကစားခဲ့သလို မန်ယူတို့ဘက်ကတော့ အန်တိုနီအစား ပလစ္စထရီကို လဲကစားခဲ့ပြီး လူစားဝင် ဖာဘီယို ဆေးလ်ဗားရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကို အိုနာနာနဲ့ ခံစစ်က ကာကွယ်နိုင်ခဲ့သလို အိမ်ရှင်တွေကတော့ ခံစစ်ကိုပဲ အားပြုခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ကာလိုင်ဂျစ်ချ်ကို တိုင်မင်မကိုက်ဘဲ လက်နဲ့ဆွဲရိုက်ချမိခဲ့တဲ့ ဂိုးသမား အိုနာနာကြောင့် ဝုလ်ဗ်စ်တို့ ပင်နယ်တီတောင်းခဲ့ကြပေမယ့် ထုံးစံအတိုင်း ဂိတ်ရဲ့ ဒေါသကို ရင်ဆိုင်ရဲပုံ မရတဲ့ ဒိုင်လူကြီး ဟူးပါးနဲ့ VAR တို့က ပယ်ချသွားခဲ့သလို ပေါက်ကွဲခဲ့တဲ့ နည်းပြ အိုနီးလ်ကိုပါ အဝါကတ်ပြခဲ့သေးတာကြောင့် မန်ယူတို့ရဲ့ လုပ်နေကျ အကွက်တွေကို Same Old, Same Old လို့ ဝိုင်းဝန်းလှောင်ပြောင်စရာပဲဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဗာရွန်းရဲ့ အဖိုးတန်သွင်းဂိုး၊ အိုနာနာရဲ့ ကံကောင်းမှုနဲ့ အရှက်နည်းပြီး လက်ရဲမှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက်တို့က ဝုလ်ဗ်စ်တို့ကို တစ်လုံးတည်းသော ဂိုးနဲ့ ကျားကုတ်ကျားခဲ အောင်ပွဲခံနိုင်ခဲ့ကြသလို အိမ်ကွင်းမှာ အဖွင့်မလှဖြစ်ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ကြပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၇ မှာ ကံကောင်းခြင်းများစွာနဲ့ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ေမဆန္ေမာင့္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂါနာခ်ိဳတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝုလ္ဗ္စ္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေဒၚဆန္၊ ေကးလ္မန္း၊ ဆီမီဒိုနဲ႔ အိုက္ႏူရီတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ လီမီနာ၊ မက္သီယူးစ္ ႏူးနက္စ္နဲ႔ ဂ်ာအို ဂိုမက္စ္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ နီတို၊ ဆာရားဘီးယားနဲ႔ ကြန္ညာတို႔ကို ကစားေစခဲ့တာပါ။

ႏွစ္သင္းစလုံးအေနနဲ႔ ဒီေန႔မွာ ကစားကြက္နဲ႔ အခ်ိန္ယူကစားဖို႔ထက္ ေဘာလုံးရတာနဲ႔ ကြင္းလယ္မွာ တစ္ခ်က္ႏွစ္ခ်က္ အျမန္တည္ၿပီး တိုက္စစ္ကို သြားခဲ့ၾကသလို ဖန္တီးမႈပိုင္းမွာေတာ့ ဝုလ္ဗ္စ္တို႔ကေတာင္ ပိုမိုေကာင္းမြန္ေနတဲ့အတြက္ ဘ႐ူႏို ဖာနန္ဒက္စ္တို႔အဖြဲ႕ ႐ုန္းကန္ခဲ့ရၿပီး အဖ်က္ကစားတဲ့ ကာစီမီ႐ိုကပါ အရင္ပြဲေတြေလာက္ မေကာင္းတာေၾကာင့္ အလယ္အူေၾကာင္းက ကြန္ညာရဲ႕ မၾကာခဏ ထိုးေဖာက္မႈေတြကို ျမင္ခဲ့ရပါတယ္။

မန္ယူတို႔ဘက္က ဖန္တီးမႈေတြ အားနည္းေနခဲ့ခ်ိန္မွာ ဝုလ္ဗ္စ္တို႔ကေတာ့ ေကာင္တာေတြကေန ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ေရွ႕တန္းသုံးဦးမွာ ကြန္ညာရဲ႕ ေျခစြမ္းမ်ိဳးနဲ႔ အားထုတ္မႈမ်ိဳးက က်န္ႏွစ္ဦးမွာ ရွိမေနခဲ့သလို နီတိုက ဆုံးျဖတ္ခ်က္ေတြ တုံ႔ဆိုင္းေနခဲ့ခ်ိန္မွာ ဆာရားဘီးယားကေတာ့ စုတ္ျပတ္ပ်က္စီးေနခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္ေတြ သက္သာခြင့္ရခဲ့ၿပီး ဂိုးမရွိသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ဝုလ္ဗ္စ္တို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကပဲ ပိုရင္ခုန္စရာေကာင္းခဲ့ၿပီး ဆာရားဘီးယားအစား ဟြမ္းဟီးခ်န္းကို နည္းျပ အိုနီးလ္က စထည့္ခဲ့သလို ပိုၿပီး သြက္သြက္လက္လက္ ကစားႏိုင္ခဲ့ၾကေပမယ့္ Final Third မွာ ေပးပို႔မႈေတြနဲ႔ နီတိုရဲ႕ ျပတ္ျပတ္သားသား အလုပ္မလုပ္ႏိုင္မႈေတြက အိမ္ရွင္ေတြနဲ႔ ဂိုးသမား အိုနာနာတို႔ကို ဆက္လက္ကံေကာင္းေနေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က ညာေတာင္ပံကို တင္ေပးခဲ့တဲ့ ေဘာလုံးကို ဝန္ဘစ္ဆာကာက ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ဝုလ္ဗ္စ္ေနာက္တန္းေတြေပၚကေန မ,တင္ေပးခဲ့ရာမွာ အေဝးတိုင္ဘက္ကို ေျပးဝင္ခဲ့တဲ့ ေနာက္ခံလူ ဗာ႐ြန္းက ေခါင္းတိုက္သြင္းႏိုင္ခဲ့ၿပီး ေရွ႕က ရတဲ့ ေထာင့္ကန္ေဘာကေန ျပန္မဆင္းရေသးတာက ကြက္တိျဖစ္သြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ ဝုလ္ဗ္စ္တို႔ဘက္က ကြန္ညာနဲ႔ အိုက္ႏူရီတို႔အစား ဖာဘီယို ေဆးလ္ဗားနဲ႔ ေဘြႏိုတို႔ကို လဲကစားခဲ့သလို မန္ယူတို႔ဘက္ကေတာ့ အန္တိုနီအစား ပလစၥထရီကို လဲကစားခဲ့ၿပီး လူစားဝင္ ဖာဘီယို ေဆးလ္ဗားရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကို အိုနာနာနဲ႔ ခံစစ္က ကာကြယ္ႏိုင္ခဲ့သလို အိမ္ရွင္ေတြကေတာ့ ခံစစ္ကိုပဲ အားျပဳခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ကာလိုင္ဂ်စ္ခ်္ကို တိုင္မင္မကိုက္ဘဲ လက္နဲ႔ဆြဲ႐ိုက္ခ်မိခဲ့တဲ့ ဂိုးသမား အိုနာနာေၾကာင့္ ဝုလ္ဗ္စ္တို႔ ပင္နယ္တီေတာင္းခဲ့ၾကေပမယ့္ ထုံးစံအတိုင္း ဂိတ္ရဲ႕ ေဒါသကို ရင္ဆိုင္ရဲပုံ မရတဲ့ ဒိုင္လူႀကီး ဟူးပါးနဲ႔ VAR တို႔က ပယ္ခ်သြားခဲ့သလို ေပါက္ကြဲခဲ့တဲ့ နည္းျပ အိုနီးလ္ကိုပါ အဝါကတ္ျပခဲ့ေသးတာေၾကာင့္ မန္ယူတို႔ရဲ႕ လုပ္ေနက် အကြက္ေတြကို Same Old, Same Old လို႔ ဝိုင္းဝန္းေလွာင္ေျပာင္စရာပဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဗာ႐ြန္းရဲ႕ အဖိုးတန္သြင္းဂိုး၊ အိုနာနာရဲ႕ ကံေကာင္းမႈနဲ႔ အရွက္နည္းၿပီး လက္ရဲမႈေတြေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္တို႔က ဝုလ္ဗ္စ္တို႔ကို တစ္လုံးတည္းေသာ ဂိုးနဲ႔ က်ားကုတ္က်ားခဲ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အိမ္ကြင္းမွာ အဖြင့္မလွျဖစ္ရမယ့္ အေျခအေနကေန လြတ္ေျမာက္ခဲ့ၾကၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၇ မွာ ကံေကာင္းျခင္းမ်ားစြာနဲ႔ ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.