Premier League

ဒီနှစ်စီးတီးဖလားမဟုတ်ဘူးလို့ ဟောကိန်းထုတ်ခဲ့တဲ့ နဗီးနဲ့ ကာရေဂါ

မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိမှာမဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက Monday Night Football မှာ ဟောကိန်းထုတ်ခဲ့ပါတယ်။

ဂယ်ရီ နဗီးနဲ့အတူ လီဗာပူးလ်ဂန္တဝင် ကာရေဂါနဲ့ ကာရန် ကာနေတို့က ရာသီသစ် ပထမပွဲစဉ်တွေအပြီးမှာ ဟောကိန်းထုတ်ခဲ့ကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်က ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ ၄ ကြိမ်ဆက် ဖလားရမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီမှာ ကျွန်တော် အရာ ၃ ခုအပေါ်မှာ အဓိကထားပြောမယ်။ ဆုလား ၃ လုံးတပြိုင်နက် ရရှိပြီးနောက် ဘန်လေနဲ့ပွဲမှာ အဲဒီခြေမျိုး နည်းနည်းလေးမှ မတွေ့ခဲ့ဘူး။ ရာသီရဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေက ခင်ဗျား စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကစားနေရတဲ့အခါမှာ သူတို့တွေက အကြီးမားဆုံးလူစာရင်းကို မရသေးတာကြောင့် နည်းနည်းတော့ စိတ်ရှုပ်ထွေးစရာတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကျွန်တော် ပြီးခဲ့တဲ့နှစ်က ဟာလန်းနဲ့ပတ်သက်ပြီး တွေးမိခဲ့တာက အစောပိုင်းက ကာရန်ပြောခဲ့တဲ့အတိုင်းပဲ သူ အရမ်းပြေးပြေးလွှားလွှားမကစားခဲ့ဘူး”

“သူသာ ဒဏ်ရာရပြီး လွန်ခဲ့တဲ့ ၂ ရာသီတုန်းက ဒေါ့မွန်တုန်းကလို ၁၀ ပွဲ၊ ၁၅ ပွဲလောက် လွဲချော်မယ်ဆိုရင် အာဆင်နယ်ကို စစ်မှန်တဲ့အခွင့်အရေးပေးဖို့ လုံလောက်လိမ့်မယ်လို့ ထင်တယ်။ အာဆင်နယ်က တင်းဘားကို ဒူးဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပြီး ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပေမယ့်လည်း ဒီကလန် ရိုက်နဲ့အတူ တိုးတက်လာခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ခိုင် ဟာဗတ်ဇ်၊ တင်းဘား၊ ရိုက်တို့က အရမ်းကောင်းတဲ့ ခေါ်ယူမှုတွေပါ။ သူတို့တွေက အာဆင်နယ်ကို ကြီးကြီးမားမား တိုးတက်စေမှာဖြစ်ပေမယ့် တင်းဘားကို ဆုံးရှုံးခဲ့ရတာတော့ သိသာပါတယ်။ ဒဏ်ရာရလို့ ဒုက္ခရောက်မှာက အာဆင်နယ်မဟုတ်ပါဘူး။ မန်စီးတီးပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါနဲ့ ကာနီတို့ ၂ ဦးစလုံးကလည်း ထိပ်ဆုံး ၄ နေရာအတွက် ရွေးချယ်ရာမှာ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့ရဲ့နောက်မှာ မန်စီးတီးကို ရွေးချယ်ခဲ့ပြီး အဆင့် ၄ နေရာမှာတော့ လီဗာပူးလ်ဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းဟာ ယခုရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ရရွိမွာမဟုတ္ဘူးလို႔ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက Monday Night Football မွာ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ဂယ္ရီ နဗီးနဲ႔အတူ လီဗာပူးလ္ဂႏၲဝင္ ကာေရဂါနဲ႔ ကာရန္ ကာေနတို႔က ရာသီသစ္ ပထမပြဲစဥ္ေတြအၿပီးမွာ ေဟာကိန္းထုတ္ခဲ့ၾကတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္က ဂြါဒီယိုလာရဲ႕အသင္းအေနနဲ႔ ၄ ႀကိမ္ဆက္ ဖလားရမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဒီမွာ ကြၽန္ေတာ္ အရာ ၃ ခုအေပၚမွာ အဓိကထားေျပာမယ္။ ဆုလား ၃ လုံးတၿပိဳင္နက္ ရရွိၿပီးေနာက္ ဘန္ေလနဲ႔ပြဲမွာ အဲဒီေျခမ်ိဳး နည္းနည္းေလးမွ မေတြ႕ခဲ့ဘူး။ ရာသီရဲ႕ အခက္အခဲေတြနဲ႔ စိန္ေခၚမႈေတြက ခင္ဗ်ား စူပါဖလားနဲ႔ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ကစားေနရတဲ့အခါမွာ သူတို႔ေတြက အႀကီးမားဆုံးလူစာရင္းကို မရေသးတာေၾကာင့္ နည္းနည္းေတာ့ စိတ္ရႈပ္ေထြးစရာေတြ ျဖစ္လာႏိုင္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ ၿပီးခဲ့တဲ့ႏွစ္က ဟာလန္းနဲ႔ပတ္သက္ၿပီး ေတြးမိခဲ့တာက အေစာပိုင္းက ကာရန္ေျပာခဲ့တဲ့အတိုင္းပဲ သူ အရမ္းေျပးေျပးလႊားလႊားမကစားခဲ့ဘူး”

“သူသာ ဒဏ္ရာရၿပီး လြန္ခဲ့တဲ့ ၂ ရာသီတုန္းက ေဒါ့မြန္တုန္းကလို ၁၀ ပြဲ၊ ၁၅ ပြဲေလာက္ လြဲေခ်ာ္မယ္ဆိုရင္ အာဆင္နယ္ကို စစ္မွန္တဲ့အခြင့္အေရးေပးဖို႔ လုံေလာက္လိမ့္မယ္လို႔ ထင္တယ္။ အာဆင္နယ္က တင္းဘားကို ဒူးဒဏ္ရာေၾကာင့္ ဆုံးရႈံးခဲ့ရၿပီး ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ေပမယ့္လည္း ဒီကလန္ ႐ိုက္နဲ႔အတူ တိုးတက္လာခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခိုင္ ဟာဗတ္ဇ္၊ တင္းဘား၊ ႐ိုက္တို႔က အရမ္းေကာင္းတဲ့ ေခၚယူမႈေတြပါ။ သူတို႔ေတြက အာဆင္နယ္ကို ႀကီးႀကီးမားမား တိုးတက္ေစမွာျဖစ္ေပမယ့္ တင္းဘားကို ဆုံးရႈံးခဲ့ရတာေတာ့ သိသာပါတယ္။ ဒဏ္ရာရလို႔ ဒုကၡေရာက္မွာက အာဆင္နယ္မဟုတ္ပါဘူး။ မန္စီးတီးပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါနဲ႔ ကာနီတို႔ ၂ ဦးစလုံးကလည္း ထိပ္ဆုံး ၄ ေနရာအတြက္ ေ႐ြးခ်ယ္ရာမွာ အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ေနာက္မွာ မန္စီးတီးကို ေ႐ြးခ်ယ္ခဲ့ၿပီး အဆင့္ ၄ ေနရာမွာေတာ့ လီဗာပူးလ္ျဖစ္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.