Premier League

ပင်နယ်တီပေးရမှာကို မပေးခဲ့မိလို့ ဝုလ်ဗ်စ်နည်းပြကို တောင်းပန်ခဲ့တဲ့ ဒိုင်ချုပ်

ဂယ်ရီ အိုနေးက မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ သရေ ၁ မှတ်ရရှိစေမယ့် နောက်ကျပင်နယ်တီပြစ်ဒဏ်ဘောကို ငြင်းပယ်ခြင်းခံခဲ့ရပြီးနောက် ဒိုင်လူကြီးအဖွဲ့တာဝန်ရှိသူ ဂျွန် မော့စ်ဆီကနေ တောင်းပန်စကား ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပွဲကစားချိန် နာကျင်အချိန်ပိုကို ရောက်ရှိနေချိန်မှာ မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရီ အိုနာနာက ပက်ဒရို နီတိုရဲ့ ဖြတ်တင်ဘောကို ရယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆာဆာ ကာလိုင်ဂျစ်ချ်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့တာဖြစ်ပါတယ်။ ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးက ဝုလ်ဗ်စ်ကို ပင်နယ်တီမပေးခဲ့ဘဲ VAR ဒိုင် မိုက်ကယ် ဆာလစ္စဘူရီကလည်း ဟူးပါးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့တယ်လို့ မယူဆခဲ့ဘဲ ထောက်ခံခဲ့တာဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ ဂယ်ရီ အိုနေးလ်ဟာ ၎င်းရဲ့ တုံ့ပြန်မှုအတွက် အဝါကတ်ပြခံခဲ့ရပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေကို စီမံခန့်ခွဲနေတဲ့ ဂျွန် မော့စ်က ဝုလ်ဗ်စ်နည်းပြနဲ့ စကားပြောဆိုခဲ့ချိန်အတွင်း တောင်းပန်ခဲ့တာဖြစ်ပါတယ်။=

“ဂျွန် မော့စ်နဲ့ ကျွန်တော် စကားပြောခဲ့ပြီး သူ့ကို fair play ရှိဖို့ ပြောခဲ့တယ်။ သူက ကျွန်တော့်ကို တောင်းပန်ခဲ့ပါတယ်။ အဲဒါက သိသာထင်ရှားတဲ့ ပင်နယ်တီဖြစ်ပြီး ပင်နယ်တီ ပေးခဲ့သင့်တာပါလို့ ပြောခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကို ပိုပြီး ခံရခက်စေခဲ့တာဖြစ်နိုင်ပါတယ်။ ခင်ဗျား တစ်စုံတရာနဲ့ ပတ်သက်ပြီး မှန်ကန်ခဲ့တာကို သိနေပြီး တစ်မှတ်မှ မရခဲ့တာက ခင်ဗျားကို ပိုပြီးဆိုးဆိုးရွားရွား ခံစားရစေပါလိမ့်မယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ဒိုင်လူကြီးတွေရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒိုင်လူကြီးအဖွဲ့ဥက္ကဌ ဟောင်းဝက် ဝက်ဘ်ဆီကနေ တောင်းပန်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

“ဒိုင်လူကြီတွေက တခြားတစ်ဖက်ကို မျက်နှာသာပေးဖို့ ကြိုးစားနေတာလို့တော့ ကျွန်တော် မထင်ပါဘူး။ အဲဒါက လူသားသဘာဝလို့ ကျွန်တော်ထင်တယ်။ ခင်ဗျား မသေချာတဲ့ ဆုံးဖြတ်ချက်ရှိနေပြီး အိုးထရက်ဖို့ဒ်က လူစုရဲ့ အကျိုးသက်ရောက်မှုကို အားလုံးခံရမှာပါ။ ဘာလို့လဲဆိုတော့ မန်ချက်စတာယူနိုက်တက်ဖြစ်နေလို့ပါ။ အဲဒါကြောင့်ပဲ VAR က ဒီလိုအခြေအနေမျိုးမှာ ပိုပြီး အကူအညီပေးနိုင်သင့်တယ်လို့ ကျွန်တော် တွေးမိတာပါ။ ကျွန်တော် ဂျွန် မော့စ်နဲ့ စကားမပြောခင် အဲဒါက ရှင်းလင်းပြီး သိသာတဲ့ အမှားမဟုတ်ဘူးလို့ ပြောတာခံခဲ့ရတယ်။ ဂိုးသမားက ကျွန်တော်တို့ တိုက်စစ်မှူးရဲ့ ခေါင်းကိုပါ ပြုတ်ထွက်သွားအောင် လုပ်မိလုနီးပါးပုံစံဖြစ်ခဲ့ပါတယ်။ ခင်ဗျား ဘောလုံးကို ရယူဖို့ ကြိုးပမ်းပြီး ကစားသမားတစ်ယောက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ရင် ဒါက ပင်နယ်တီပါပဲ။ အစမှာ ဒိုင်လူကြီးက ကွင်းဘေးမော်နီတာကို လာကြည့်တာလို့ ကျွန်တော်ထင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ကျွန်တော့်ကို အဝါကတ်လာပြခဲ့တာပါ။ ကျွန်တော်တို့ တိုက်စစ်မှူးကို ထိုးနှက်ခဲ့တဲ့ အိုနာနာကိုတော့ အဝါကတ်မပြပါဘူး။ စည်းမျဉ်းတွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အပြည့်အဝတော့ လက်မခံပါဘူး။ ဒီရာသီတစ်လျှောက်လုံး ကျွန်တော်တို့ မျှတတဲ့ ဆုံးဖြတ်ချက်တွေ ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ အိုေနးက မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္မွာ သေရ ၁ မွတ္ရရွိေစမယ့္ ေနာက္က်ပင္နယ္တီျပစ္ဒဏ္ေဘာကို ျငင္းပယ္ျခင္းခံခဲ့ရၿပီးေနာက္ ဒိုင္လူႀကီးအဖြဲ႕တာဝန္ရွိသူ ဂြၽန္ ေမာ့စ္ဆီကေန ေတာင္းပန္စကား ရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပြဲကစားခ်ိန္ နာက်င္အခ်ိန္ပိုကို ေရာက္ရွိေနခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား အန္ဒရီ အိုနာနာက ပက္ဒ႐ို နီတိုရဲ႕ ျဖတ္တင္ေဘာကို ရယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဆာဆာ ကာလိုင္ဂ်စ္ခ်္ကို ထိခိုက္ဒဏ္ရာရရွိေစခဲ့တာျဖစ္ပါတယ္။ ဒိုင္လူႀကီး ဆိုင္မြန္ ဟူးပါးက ဝုလ္ဗ္စ္ကို ပင္နယ္တီမေပးခဲ့ဘဲ VAR ဒိုင္ မိုက္ကယ္ ဆာလစၥဘူရီကလည္း ဟူးပါးရဲ႕ ဆုံးျဖတ္ခ်က္ဟာ မွားယြင္းခဲ့တယ္လို႔ မယူဆခဲ့ဘဲ ေထာက္ခံခဲ့တာျဖစ္ပါတယ္။

ေဒါသထြက္ေနတဲ့ ဂယ္ရီ အိုေနးလ္ဟာ ၎ရဲ႕ တုံ႔ျပန္မႈအတြက္ အဝါကတ္ျပခံခဲ့ရၿပီး ပရီးမီးယားလိဂ္ဒိုင္လူႀကီးေတြကို စီမံခန႔္ခြဲေနတဲ့ ဂြၽန္ ေမာ့စ္က ဝုလ္ဗ္စ္နည္းျပနဲ႔ စကားေျပာဆိုခဲ့ခ်ိန္အတြင္း ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။=

“ဂြၽန္ ေမာ့စ္နဲ႔ ကြၽန္ေတာ္ စကားေျပာခဲ့ၿပီး သူ႔ကို fair play ရွိဖို႔ ေျပာခဲ့တယ္။ သူက ကြၽန္ေတာ့္ကို ေတာင္းပန္ခဲ့ပါတယ္။ အဲဒါက သိသာထင္ရွားတဲ့ ပင္နယ္တီျဖစ္ၿပီး ပင္နယ္တီ ေပးခဲ့သင့္တာပါလို႔ ေျပာခဲ့ပါတယ္။ အဲဒါက ကြၽန္ေတာ့္ကို ပိုၿပီး ခံရခက္ေစခဲ့တာျဖစ္ႏိုင္ပါတယ္။ ခင္ဗ်ား တစ္စုံတရာနဲ႔ ပတ္သက္ၿပီး မွန္ကန္ခဲ့တာကို သိေနၿပီး တစ္မွတ္မွ မရခဲ့တာက ခင္ဗ်ားကို ပိုၿပီးဆိုးဆိုး႐ြား႐ြား ခံစားရေစပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗ္စ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာလည္း ဒိုင္လူႀကီးေတြရဲ႕ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဒိုင္လူႀကီးအဖြဲ႕ဥကၠဌ ေဟာင္းဝက္ ဝက္ဘ္ဆီကေန ေတာင္းပန္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

“ဒိုင္လူႀကီေတြက တျခားတစ္ဖက္ကို မ်က္ႏွာသာေပးဖို႔ ႀကိဳးစားေနတာလို႔ေတာ့ ကြၽန္ေတာ္ မထင္ပါဘူး။ အဲဒါက လူသားသဘာဝလို႔ ကြၽန္ေတာ္ထင္တယ္။ ခင္ဗ်ား မေသခ်ာတဲ့ ဆုံးျဖတ္ခ်က္ရွိေနၿပီး အိုးထရက္ဖို႔ဒ္က လူစုရဲ႕ အက်ိဳးသက္ေရာက္မႈကို အားလုံးခံရမွာပါ။ ဘာလို႔လဲဆိုေတာ့ မန္ခ်က္စတာယူႏိုက္တက္ျဖစ္ေနလို႔ပါ။ အဲဒါေၾကာင့္ပဲ VAR က ဒီလိုအေျခအေနမ်ိဳးမွာ ပိုၿပီး အကူအညီေပးႏိုင္သင့္တယ္လို႔ ကြၽန္ေတာ္ ေတြးမိတာပါ။ ကြၽန္ေတာ္ ဂြၽန္ ေမာ့စ္နဲ႔ စကားမေျပာခင္ အဲဒါက ရွင္းလင္းၿပီး သိသာတဲ့ အမွားမဟုတ္ဘူးလို႔ ေျပာတာခံခဲ့ရတယ္။ ဂိုးသမားက ကြၽန္ေတာ္တို႔ တိုက္စစ္မႉးရဲ႕ ေခါင္းကိုပါ ျပဳတ္ထြက္သြားေအာင္ လုပ္မိလုနီးပါးပုံစံျဖစ္ခဲ့ပါတယ္။ ခင္ဗ်ား ေဘာလုံးကို ရယူဖို႔ ႀကိဳးပမ္းၿပီး ကစားသမားတစ္ေယာက္ကို ျပင္းျပင္းထန္ထန္ ထိုးႏွက္ခဲ့ရင္ ဒါက ပင္နယ္တီပါပဲ။ အစမွာ ဒိုင္လူႀကီးက ကြင္းေဘးေမာ္နီတာကို လာၾကည့္တာလို႔ ကြၽန္ေတာ္ထင္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ ကြၽန္ေတာ့္ကို အဝါကတ္လာျပခဲ့တာပါ။ ကြၽန္ေတာ္တို႔ တိုက္စစ္မႉးကို ထိုးႏွက္ခဲ့တဲ့ အိုနာနာကိုေတာ့ အဝါကတ္မျပပါဘူး။ စည္းမ်ဥ္းေတြကို ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ အျပည့္အဝေတာ့ လက္မခံပါဘူး။ ဒီရာသီတစ္ေလွ်ာက္လုံး ကြၽန္ေတာ္တို႔ မွ်တတဲ့ ဆုံးျဖတ္ခ်က္ေတြ ရႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.