Premier League

ကာစီမီရိုကို ပြစ်တင်ဝေဖန်ခဲ့ပြီး ခေါ်စေချင်တဲ့ကွင်းလယ်လူကို ပြောပြခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းက ကာစီမီရိုရဲ့ စွမ်းဆောင်ရည်က အလွန်ဆိုးရွားခဲ့တယ်လို့ ဝေဖန်ခဲ့ပြီး ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်ကို ယခုနွေရာသီမှာ အရခေါ်ယူဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အမ်မရာဘတ်ဟာ မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း ဖီအိုရင်တီးနားနဲ့ ဆက်နေမယ့်သတင်းတွေကို ငြင်းပယ်ခဲ့ခြင်းမရှိသူဖြစ်ပြီး နဗီးက အသင်းဟောင်းအနေနဲ့ တနင်္လာနေ့ညက စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်ပြသခဲ့ပြီးနောက် မော်ရိုကိုကြယ်ပွင့်ကို ခေါ်ယူဖို့ အရေးကြီးတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တဲ့ ကာစီမီရိုဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာ ခြေစွမ်းမပြသနိုင်ခဲ့ဘဲ ဝုလ်ဗ်စ်ဟာ အိုးထရက်ဖို့ဒ်ကနေ အနည်းဆုံး သရေ ၁ မှတ် ရယူနိုင်လောက်အောင် ကံမကောင်းခဲ့လို့သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်က လုံးဝကို မတည်ရှိခဲ့သလို ဖြစ်နေခဲ့တာကြောင့် တန်ဟက်အတွက် တကယ့်ကို စိုးရိမ်စရာဖြစ်ခဲ့တယ်လို့ ဂယ်ရီ နဗီးက ပြောဆိုခဲ့ပြီး အမ်မရာဘတ်လို ဘောလုံးလက်ခံနိုင်သလို ဘောလုံးပေးပို့နိုင်တဲ့ကစားသမားမျိုး ခေါ်ယူဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက ကာစီမီရိုနဲ့အတူ ကစားဖို့ ကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး အမ်မရာဘတ်ကို ခေါ်ယူဖို့ လုပ်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ရပါတယ်။ ကျွန်တော် မသိဘူး(တန်ဟက် ဘယ်သူ့ကို ချန်လှပ်မယ်)။ ဒါပေမယ့် သူတို့တွေ အမ်မရာဘတ်ကို အကြောင်းရှိလို့ ဝယ်ယူချင်နေတာပါ။ တစ်ခုရှိတာက ဘောလုံးစွမ်းရည်ပိုင်းမှာ လုံလောက်တဲ့ ကောင်းမွန်မှုမျိုးမရှိတဲ့ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့လို ကစားသမားမျိုးတွေနဲ့တုန်းကလို ပြန်ဖြစ်ချင်မှာမဟုတ်တာပါ။ သူက အသင်းမှာရှိသမျှ အားလုံးကို ဘောလုံးလက်ခံနိုင်တဲ့သူဖြစ်စေချင်တယ်”

“ဆိုဖရန် အမ်မရာဘတ်သာ ရောက်လာရင် သူက ဘောလုံးပေးပို့သူဖြစ်လာမှာဖြစ်ပြီး ကွင်းလယ်မှာ ကာစီမီရိုနဲ့အတူ ကစားနိုင်မှာပါ။ ကာစီမီရိုက ဒီညမှာ လုံးဝကို ချေမှုန်းခံခဲ့ရတယ်။ မန်ယူနိုက်တက်ကွင်းလယ်က လုံးဝကို မတည်ရှိခဲ့ဘဲ သူတို့တွေ လုံးဝကို ဖျက်ဆီးခံခဲ့ရတယ်။ ဝုလ်ဗ်စ်က လုံးဝကို ထူးခြားကောင်းမွန်ခဲ့တယ်။ မန်ချက်စတာယူနိုက်တက်ကွင်းလယ်က မတည်ရှိခဲ့ဘူး။ ဗလာဖြစ်နေခဲ့တယ်။ ဒါက အဲရစ် တန်ဟက်အတွက် တကယ်ကို စိုးရိမ်စရာဖြစ်ခဲ့ပါလိမ့်မယ်။ဝုလ်ဗ်စ်က ဒီည အရမ်းကောင်းခဲ့တယ်။ သူတို့တွေမှာ ဂိုးကလွဲပြီး အရာအားလုံး ရှိခဲ့တယ်။ မန်ချက်စတာယူနိုက်တက်က ယှဉ်မကစားနိုင်ခဲ့ဘဲ အနိုင် ၃ မှတ်ရခဲ့တာက အရမ်းကံကောင်းတယ်လို့ ခံစားရနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ အနိုင် ၃ မှတ်ရဖို့ မထိုက်တန်ခဲ့လို့ပါ။” လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက ဝုလ္ဗ္စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္းက ကာစီမီ႐ိုရဲ႕ စြမ္းေဆာင္ရည္က အလြန္ဆိုး႐ြားခဲ့တယ္လို႔ ေဝဖန္ခဲ့ၿပီး ဖီအိုရင္တီးနားကြင္းလယ္လူ အမ္မရာဘတ္ကို ယခုေႏြရာသီမွာ အရေခၚယူဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

အမ္မရာဘတ္ဟာ မန္ခ်က္စတာယူႏိုက္တက္က ေခၚယူဖို႔ စိတ္ဝင္စားျခင္းခံေနရေပမယ့္လည္း ဖီအိုရင္တီးနားနဲ႔ ဆက္ေနမယ့္သတင္းေတြကို ျငင္းပယ္ခဲ့ျခင္းမရွိသူျဖစ္ၿပီး နဗီးက အသင္းေဟာင္းအေနနဲ႔ တနလၤာေန႔ညက စိတ္ပ်က္ဖြယ္စြမ္းေဆာင္ရည္ျပသခဲ့ၿပီးေနာက္ ေမာ္႐ိုကိုၾကယ္ပြင့္ကို ေခၚယူဖို႔ အေရးႀကီးတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တဲ့ ကာစီမီ႐ိုဟာ ဝုလ္ဗ္စ္နဲ႔ပြဲမွာ ေျခစြမ္းမျပသႏိုင္ခဲ့ဘဲ ဝုလ္ဗ္စ္ဟာ အိုးထရက္ဖို႔ဒ္ကေန အနည္းဆုံး သေရ ၁ မွတ္ ရယူႏိုင္ေလာက္ေအာင္ ကံမေကာင္းခဲ့လို႔သာ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္က လုံးဝကို မတည္ရွိခဲ့သလို ျဖစ္ေနခဲ့တာေၾကာင့္ တန္ဟက္အတြက္ တကယ့္ကို စိုးရိမ္စရာျဖစ္ခဲ့တယ္လို႔ ဂယ္ရီ နဗီးက ေျပာဆိုခဲ့ၿပီး အမ္မရာဘတ္လို ေဘာလုံးလက္ခံႏိုင္သလို ေဘာလုံးေပးပို႔ႏိုင္တဲ့ကစားသမားမ်ိဳး ေခၚယူဖို႔လိုအပ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြက ကာစီမီ႐ိုနဲ႔အတူ ကစားဖို႔ ကစားသမားကို ေခၚယူဖို႔ ႀကိဳးစားေနခဲ့ၿပီး အမ္မရာဘတ္ကို ေခၚယူဖို႔ လုပ္ေနတယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ရပါတယ္။ ကြၽန္ေတာ္ မသိဘူး(တန္ဟက္ ဘယ္သူ႔ကို ခ်န္လွပ္မယ္)။ ဒါေပမယ့္ သူတို႔ေတြ အမ္မရာဘတ္ကို အေၾကာင္းရွိလို႔ ဝယ္ယူခ်င္ေနတာပါ။ တစ္ခုရွိတာက ေဘာလုံးစြမ္းရည္ပိုင္းမွာ လုံေလာက္တဲ့ ေကာင္းမြန္မႈမ်ိဳးမရွိတဲ့ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔လို ကစားသမားမ်ိဳးေတြနဲ႔တုန္းကလို ျပန္ျဖစ္ခ်င္မွာမဟုတ္တာပါ။ သူက အသင္းမွာရွိသမွ် အားလုံးကို ေဘာလုံးလက္ခံႏိုင္တဲ့သူျဖစ္ေစခ်င္တယ္”

“ဆိုဖရန္ အမ္မရာဘတ္သာ ေရာက္လာရင္ သူက ေဘာလုံးေပးပို႔သူျဖစ္လာမွာျဖစ္ၿပီး ကြင္းလယ္မွာ ကာစီမီ႐ိုနဲ႔အတူ ကစားႏိုင္မွာပါ။ ကာစီမီ႐ိုက ဒီညမွာ လုံးဝကို ေခ်မႈန္းခံခဲ့ရတယ္။ မန္ယူႏိုက္တက္ကြင္းလယ္က လုံးဝကို မတည္ရွိခဲ့ဘဲ သူတို႔ေတြ လုံးဝကို ဖ်က္ဆီးခံခဲ့ရတယ္။ ဝုလ္ဗ္စ္က လုံးဝကို ထူးျခားေကာင္းမြန္ခဲ့တယ္။ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္က မတည္ရွိခဲ့ဘူး။ ဗလာျဖစ္ေနခဲ့တယ္။ ဒါက အဲရစ္ တန္ဟက္အတြက္ တကယ္ကို စိုးရိမ္စရာျဖစ္ခဲ့ပါလိမ့္မယ္။ဝုလ္ဗ္စ္က ဒီည အရမ္းေကာင္းခဲ့တယ္။ သူတို႔ေတြမွာ ဂိုးကလြဲၿပီး အရာအားလုံး ရွိခဲ့တယ္။ မန္ခ်က္စတာယူႏိုက္တက္က ယွဥ္မကစားႏိုင္ခဲ့ဘဲ အႏိုင္ ၃ မွတ္ရခဲ့တာက အရမ္းကံေကာင္းတယ္လို႔ ခံစားရႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ အႏိုင္ ၃ မွတ္ရဖို႔ မထိုက္တန္ခဲ့လို႔ပါ။” လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.