Ligue1 Premier League

ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်သွားမယ့် အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲရဲ့ ရလဒ်မှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်သွားဖွယ်ရှိပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ဟာ အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသက်သွင်းဖို့ ငြင်းဆန်ခဲ့ပြီးနောက် လာမယ့်နှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်မှာ လူးဝစ္စ အန်နရီကေးရဲ့ ပထမအသင်းနဲ့ အဝေးမှာ တစ်ဦးတည်း လေ့ကျင့်ရေးဆင်းခဲ့ရပြီးနောက် အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးက ၎င်းရဲ့ ကာလတို အနာဂတ်ကို ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။

တနင်္ဂနွေနေ့မှာ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်ခဲ့ပြီးနောက် အသင်းမှာ ဆက်နေဖို့ တော်တော်လေးများသွားပြီဖြစ်ပုံပေါ်ပြီး စနေနေ့က လိုရွန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ လီဂူးဝမ်းရာသီအဖွင့်ပွဲစဉ်ကို ပွဲကြည့်စင်ကနေ ကြည့်ရှုခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းက ပြင်သစ်တိုက်စစ်မှူးနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ပထမအသင်းထဲမှာ ပြန်လည်ပါဝင်မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သတင်းဌာန Foot Mercato ရဲ့ ဖော်ပြချက်အရ လီဂူးဝမ်းချန်ပီယံတွေဟာ အမ်ဘာပေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်နေပြီး ပြင်သစ်တိုက်စစ်မှူးက ရီးရဲလ်မက်ဒရစ်သာ လုံလောက်တဲ့ငွေကြေးပမာဏနဲ့ ကမ်းလှမ်းလာရင် ထွက်ခွာခွင့်ပေးမယ်ဆိုတဲ့ အာမခံချက်ကို တောင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမ်ဘာပေက မန်ချက်စတာစီးတီးကွင်းလယ်ဖန်တီးရှင် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူပေးစေချင်နေပြီး ပီအက်စ်ဂျီဟာ ယခုနွေရာသီ အစောပိုင်းမှာ ပေါ်တူဂီကြယ်ပွင့်နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီ မန်ချက်စတာစီးတီးရဲ့ ဖလား ၃ လုံးအောင်ပွဲမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ယခုရာသီ ချန်ပီယံဘွဲ့ကို ကာကွယ်မယ့် ဂွါဒီယိုလာရဲ့အသင်းအတွက် နောက်ထပ်တစ်ကြိမ် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာနာဒို ဆေးလ်ဗားသာ မန်ချက်စတာစီးတီးကို စွန့်ခွာခဲ့မယ်ဆိုရင် ဆုဖလားပြိုင်ဘက် အာဆင်နယ်အတွက် ကြီးမားတဲ့ အားတက်စရာသတင်းဖြစ်လာမှာဖြစ်ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးကို ဖလားလွှဲပေးခဲ့ရပြီးနောက် ယခုရာသီမှာ နောက်ထပ်တစ်ကြိမ် ဆုဖလားစိန်ခေါ်မှု ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ အာဆင်နယ်လိုပဲ ယခုနွေရာသီမှာ လူစာရင်းကို နောက်ထပ်အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပေမယ့်လည်း ဘာနာဒို ဆေးလ်ဗားကို ဆုံးရှုံးရမယ်ဆိုရင် ကျန်တဲ့ပြိုင်ဘက်တွေအားလုံးအတွက် အားတက်စရာဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ၿပီးေနာက္ ယခုရာသီ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲရဲ႕ ရလဒ္မွာ ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္သြားဖြယ္ရွိပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ အသင္းနဲ႔ တစ္ႏွစ္သက္တမ္းတိုးခြင့္ကို အသက္သြင္းဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ လာမယ့္ႏွစ္ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္မွာ လူးဝစၥ အန္နရီေကးရဲ႕ ပထမအသင္းနဲ႔ အေဝးမွာ တစ္ဦးတည္း ေလ့က်င့္ေရးဆင္းခဲ့ရၿပီးေနာက္ အသက္ ၂၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးက ၎ရဲ႕ ကာလတို အနာဂတ္ကို ဆုံးျဖတ္ခဲ့ပုံေပၚပါတယ္။

တနဂၤေႏြေန႔မွာ အမ္ဘာေပဟာ ပီအက္စ္ဂ်ီနဲ႔ ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ခဲ့ၿပီးေနာက္ အသင္းမွာ ဆက္ေနဖို႔ ေတာ္ေတာ္ေလးမ်ားသြားၿပီျဖစ္ပုံေပၚၿပီး စေနေန႔က လို႐ြန္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ လီဂူးဝမ္းရာသီအဖြင့္ပြဲစဥ္ကို ပြဲၾကည့္စင္ကေန ၾကည့္ရႈခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းက ျပင္သစ္တိုက္စစ္မႉးနဲ႔ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ပထမအသင္းထဲမွာ ျပန္လည္ပါဝင္မွာျဖစ္တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။

ျပင္သစ္သတင္းဌာန Foot Mercato ရဲ႕ ေဖာ္ျပခ်က္အရ လီဂူးဝမ္းခ်န္ပီယံေတြဟာ အမ္ဘာေပနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈေတြ ျပန္လည္ျပဳလုပ္ေနၿပီး ျပင္သစ္တိုက္စစ္မႉးက ရီးရဲလ္မက္ဒရစ္သာ လုံေလာက္တဲ့ေငြေၾကးပမာဏနဲ႔ ကမ္းလွမ္းလာရင္ ထြက္ခြာခြင့္ေပးမယ္ဆိုတဲ့ အာမခံခ်က္ကို ေတာင္းေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အမ္ဘာေပက မန္ခ်က္စတာစီးတီးကြင္းလယ္ဖန္တီးရွင္ ဘာနာဒို ေဆးလ္ဗားကို ေခၚယူေပးေစခ်င္ေနၿပီး ပီအက္စ္ဂ်ီဟာ ယခုေႏြရာသီ အေစာပိုင္းမွာ ေပၚတူဂီၾကယ္ပြင့္နဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ေဆးလ္ဗားဟာ ၿပီးခဲ့တဲ့ရာသီ မန္ခ်က္စတာစီးတီးရဲ႕ ဖလား ၃ လုံးေအာင္ပြဲမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ယခုရာသီ ခ်န္ပီယံဘြဲ႕ကို ကာကြယ္မယ့္ ဂြါဒီယိုလာရဲ႕အသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးသြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာနာဒို ေဆးလ္ဗားသာ မန္ခ်က္စတာစီးတီးကို စြန႔္ခြာခဲ့မယ္ဆိုရင္ ဆုဖလားၿပိဳင္ဘက္ အာဆင္နယ္အတြက္ ႀကီးမားတဲ့ အားတက္စရာသတင္းျဖစ္လာမွာျဖစ္ၿပီး ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီမွာ မန္စီးတီးကို ဖလားလႊဲေပးခဲ့ရၿပီးေနာက္ ယခုရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားစိန္ေခၚမႈ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ အာဆင္နယ္လိုပဲ ယခုေႏြရာသီမွာ လူစာရင္းကို ေနာက္ထပ္အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ထားေပမယ့္လည္း ဘာနာဒို ေဆးလ္ဗားကို ဆုံးရႈံးရမယ္ဆိုရင္ က်န္တဲ့ၿပိဳင္ဘက္ေတြအားလုံးအတြက္ အားတက္စရာျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.