Premier League

ချဲလ်ဆီးအသင်းခေါင်းဆောင်ကို ဒီယက်ဇ်ရဲ့ဂိုးအတွက် အပြစ်တင်ခဲ့တဲ့ ရွိုင် ကီးန်

ရွိုင် ကီးန်က ချဲလ်ဆီးအသင်းခေါင်းဆောင် ရီးစ် ဂျိမ်းစ်ကို လီဗာပူးလ်ရဲ့ အဖွင့်ဂိုးမှာ လူးဝစ္စ ဒီယက်ဇ်ကို တားဆီးဖို့ နောက်ကို ပြန်ပြေးဆင်းခြင်းမရှိခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခဲ့ပြီး စံနမူနာအဖြစ်နဲ့ ဦးဆောင်ပြဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

အနောက်လန်ဒန်ကလပ်အသင်းဟာ တနင်္ဂနွေနေ့မှာ ၁၈ မိနစ်မှာပဲ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတာ ဖြစ်ပြီး မိုဟာမက် ဆာလားက ညာတောင်ပံတကြော ဆွဲပြေးလာပြီးနောက် ဒီယက်ဇ် ပိတ်သွင်းယူနိုင်အောင် အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆာလားဟာ သိပ်မကြာခင်မှာပဲ အသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအတွက် အေဇဲလ် ဒီဆာဆီက ချေပဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဘန် ချေးဝဲလ်က ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR က လူကျွံဘောဆိုပြီး ငြင်းပယ်ခဲ့ပြန်တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က လီဗာပူးလ်ရဲ့ အဖွင့်ဂိုးမှာ ရီးစ် ဂျိမ်းစ်ရဲ့ အားထုတ်မှုကို သဘောမကျခဲ့ဘဲ ကိုလံဘီယာကစားသမားကို ပြန်မလိုက်ဘဲ လွယ်လွယ်ကူကူနဲ့ လွှတ်ပေးလိုက်တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

“အဲဒီဂိုးက အရမ်းကောင်းတယ်။ လီဗာပူးလ်ရဲ့ တကယ်ကောင်းမွန်တဲ့ ကစားပုံပါ။ ဒါပေမယ့် ရီးစ် ဂျိမ်းစ်က ပြေးလွှားခဲ့ရင် သူ့ကို မီနိုင်ပါသေးတယ်။ အဲဒါကိုတောင် ဂျိမ်းစ်က ပြန်ပြေးမလိုက်ဘူး။ ဒါက ကျွန်တော် နားမလည်နိုင်တဲ့အရာပါ။ ကျွန်တော်တို့ နည်းဗျူဟာနဲ့ ကစားကွက်တွေအကြောင်း ပြောကြတယ်။ ဒါပေမယ့် ဂျိမ်းစ်က သူ့ရှေ့ကနေ ပြေးသွားတာကို ကြည့်နေခဲ့တယ်။ သူက ကျွန်တော်က နောက်ခံတောင်ပံကစားသမားလေ။ ဒါက ကျွန်တော့် အလုပ်မဟုတ်ဘူးလို့ ငြင်းခုံနိုင်ပါတယ်။ ဒါပေမယ့် သူ ဒီယက်ဇ်ပြေးသွားတာကို မြင်တာတောင် ပြန်မလိုက်ခဲ့ဘူး။ ခင်ဗျား အသက်က အဲဒီအပေါ်မှာ မူတည်နေတယ်ဆိုရင် ခင်ဗျား ပြန်ပြေးလိုက်ရမှာပဲ”

“ကျွန်တော် နားမလည်ဘူး။ ဂျိမ်းစ်က အရမ်းကောင်းတဲ့ ကစားသမားပါ။ ကျွန်တော် သူ့ကို နည်းနည်းနှစ်သက်ပါတယ်။ သူက အထူးသဖြင့် တိုက်စစ်ဆင်ရာမှာ အရမ်းကောင်းတဲ့ကစားသမားလို့ ထင်တယ်။ ဒါပေမယ့် ခင်ဗျား နောက်ကနေ တစ်စုံတစ်ယောက်က ပြေးထွက်သွားတာမျိုးကို မြင်ရတဲ့အခါမှာ ခင်ဗျား ပြေးလိုက်ရမယ်။ ခင်ဗျား ပြေးရမယ်။ ဆင်ခြေပေးစရာအကြောင်းမရှိဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ြိဳင္ ကီးန္က ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ ရီးစ္ ဂ်ိမ္းစ္ကို လီဗာပူးလ္ရဲ႕ အဖြင့္ဂိုးမွာ လူးဝစၥ ဒီယက္ဇ္ကို တားဆီးဖို႔ ေနာက္ကို ျပန္ေျပးဆင္းျခင္းမရွိခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္ခဲ့ၿပီး စံနမူနာအျဖစ္နဲ႔ ဦးေဆာင္ျပဖို႔ လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အေနာက္လန္ဒန္ကလပ္အသင္းဟာ တနဂၤေႏြေန႔မွာ ၁၈ မိနစ္မွာပဲ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရတာ ျဖစ္ၿပီး မိုဟာမက္ ဆာလားက ညာေတာင္ပံတေၾကာ ဆြဲေျပးလာၿပီးေနာက္ ဒီယက္ဇ္ ပိတ္သြင္းယူႏိုင္ေအာင္ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဆာလားဟာ သိပ္မၾကာခင္မွာပဲ အသင္းအတြက္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း VAR က လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအတြက္ ေအဇဲလ္ ဒီဆာဆီက ေခ်ပဂိုး သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဘန္ ေခ်းဝဲလ္က ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္လည္း VAR က လူကြၽံေဘာဆိုၿပီး ျငင္းပယ္ခဲ့ျပန္တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က လီဗာပူးလ္ရဲ႕ အဖြင့္ဂိုးမွာ ရီးစ္ ဂ်ိမ္းစ္ရဲ႕ အားထုတ္မႈကို သေဘာမက်ခဲ့ဘဲ ကိုလံဘီယာကစားသမားကို ျပန္မလိုက္ဘဲ လြယ္လြယ္ကူကူနဲ႔ လႊတ္ေပးလိုက္တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

“အဲဒီဂိုးက အရမ္းေကာင္းတယ္။ လီဗာပူးလ္ရဲ႕ တကယ္ေကာင္းမြန္တဲ့ ကစားပုံပါ။ ဒါေပမယ့္ ရီးစ္ ဂ်ိမ္းစ္က ေျပးလႊားခဲ့ရင္ သူ႔ကို မီႏိုင္ပါေသးတယ္။ အဲဒါကိုေတာင္ ဂ်ိမ္းစ္က ျပန္ေျပးမလိုက္ဘူး။ ဒါက ကြၽန္ေတာ္ နားမလည္ႏိုင္တဲ့အရာပါ။ ကြၽန္ေတာ္တို႔ နည္းဗ်ဴဟာနဲ႔ ကစားကြက္ေတြအေၾကာင္း ေျပာၾကတယ္။ ဒါေပမယ့္ ဂ်ိမ္းစ္က သူ႔ေရွ႕ကေန ေျပးသြားတာကို ၾကည့္ေနခဲ့တယ္။ သူက ကြၽန္ေတာ္က ေနာက္ခံေတာင္ပံကစားသမားေလ။ ဒါက ကြၽန္ေတာ့္ အလုပ္မဟုတ္ဘူးလို႔ ျငင္းခုံႏိုင္ပါတယ္။ ဒါေပမယ့္ သူ ဒီယက္ဇ္ေျပးသြားတာကို ျမင္တာေတာင္ ျပန္မလိုက္ခဲ့ဘူး။ ခင္ဗ်ား အသက္က အဲဒီအေပၚမွာ မူတည္ေနတယ္ဆိုရင္ ခင္ဗ်ား ျပန္ေျပးလိုက္ရမွာပဲ”

“ကြၽန္ေတာ္ နားမလည္ဘူး။ ဂ်ိမ္းစ္က အရမ္းေကာင္းတဲ့ ကစားသမားပါ။ ကြၽန္ေတာ္ သူ႔ကို နည္းနည္းႏွစ္သက္ပါတယ္။ သူက အထူးသျဖင့္ တိုက္စစ္ဆင္ရာမွာ အရမ္းေကာင္းတဲ့ကစားသမားလို႔ ထင္တယ္။ ဒါေပမယ့္ ခင္ဗ်ား ေနာက္ကေန တစ္စုံတစ္ေယာက္က ေျပးထြက္သြားတာမ်ိဳးကို ျမင္ရတဲ့အခါမွာ ခင္ဗ်ား ေျပးလိုက္ရမယ္။ ခင္ဗ်ား ေျပးရမယ္။ ဆင္ေျခေပးစရာအေၾကာင္းမရွိဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.