Premier League

ဝံပုလွေတွေအရေခွံဆုတ်မယ်ကြံခါမှ ဖာနန်ဒက်စ် ပြဿနာထွက်ပေါ်လာတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ည ဝုလ်ဗ်စ်နဲ့ ကစားရမယ့် ရာသီအဖွင့်ပွဲစဉ်မှာ စိတ်ပျက်ဖွယ် ရလဒ်ကို ရှောင်လွှဲနိုင်ဖို့အတွက် မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ပွဲထွက်ခွင့်ပေးဖို့ လိုအပ်နိုင်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ဝုလ်ဗ်စ်ကို လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြရဲ့ တိုက်စစ်အင်အားနဲ့ပတ်သက်ပြီး စိုးရိမ်စရာကိစ္စတွေ ရှိနေတာဖြစ်ပါတယ်။

ရာ့စ်မွတ် ဟွိုင်လွန်းက ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတာဝန်ကို သက်သာစေဖို့ အတ္တလန္တာကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် အသက် ၂၀ အရွယ်ကစားသမားက ရာသီကြိုမှာ ရခဲ့တဲ့ အသေးစားဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေရတာကြောင့် အင်္ဂလန်က ရာသီအဖွင့် ရက်သတ္တပတ်အနည်းငယ်ကို လွဲချော်မှာဖြစ်ပါတယ်။

ဒါကြောင့် တန်ဟက်အတွက် ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဆန်ချို၊ ဂါနာချိုတို့ထဲကနေပဲ တိုက်စစ် ၃ ဦးကို ရွေးချယ်စရာကျန်တော့တာဖြစ်ပြီး အန်သိုနီ မာစီယယ်လ်ရဲ့ ကြံ့ခိုင်မှုအခြေအနေက ရှင်းရှင်းလင်းလင်း မရှိသေးတာဖြစ်ပါတယ်။ အန်တိုနီ၊ ဆန်ချိုနဲ့ ဂါနာချိုတို့က ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က ကစားသမားဘဝ အကောင်းဆုံးဂိုးအရေအတွက်အဖြစ် သွင်းဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှာ သွင်းဂိုးတွေ ကင်းမဲ့နေမှုကြောင့် တန်ဟက်ဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်ကို လိုအပ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို ပေါ်တူဂီကြယ်ပွင့်က ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ် အဆင့် ၃ နေရာရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာနန်ဒက်စ်ရဲ့ ဝုလ်ဗ်စ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ မှတ်တမ်းတွေက အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ရာသီအဖွင့် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ခြိမ်းခြောက်နိုင်စွမ်းကို ကျဆင်းစေနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ၃ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကို တစ်ဦးချင်းစွမ်းရည်အရ တောက်ပစွာနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပေမယ့် ဝုလ်ဗ်စ်နဲ့ တွေ့ဆုံတိုင်းမှာ ဂိုးမသွင်းယူနိုင်ခဲ့တဲ့ပွဲ ၆ ပွဲအထိ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီထက် ပိုများတာဆိုလို့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ တွေ့ဆုံရာမှာ ၁၀ ပွဲအထိ ဂိုးမသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ ကျိန်စာဆိုးက ရာသီသစ်ကို အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံးစတင်ချင်တဲ့ မန်ချက်စတာယူနိုက်တက်အတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။

ဝုလ်ဗ်စ်ဟာ နည်းပြသစ် ဂယ်ရီ အိုနေးလ်နဲ့အတူ အိုးထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကျိန်းသေပေါက် ပိတ်ဆော့သွားမှာဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းကင်းမဲ့မှုက ပြဿနာဖြစ်လာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ယေန႔ည ဝုလ္ဗ္စ္နဲ႔ ကစားရမယ့္ ရာသီအဖြင့္ပြဲစဥ္မွာ စိတ္ပ်က္ဖြယ္ ရလဒ္ကို ေရွာင္လႊဲႏိုင္ဖို႔အတြက္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ပြဲထြက္ခြင့္ေပးဖို႔ လိုအပ္ႏိုင္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ဝုလ္ဗ္စ္ကို လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ေပမယ့္လည္း ဒတ္ခ်္လူမ်ိဳးနည္းျပရဲ႕ တိုက္စစ္အင္အားနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာကိစၥေတြ ရွိေနတာျဖစ္ပါတယ္။

ရာ့စ္မြတ္ ဟြိဳင္လြန္းက ရက္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးတာဝန္ကို သက္သာေစဖို႔ အတၱလႏၲာကေန ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္ အသက္ ၂၀ အ႐ြယ္ကစားသမားက ရာသီႀကိဳမွာ ရခဲ့တဲ့ အေသးစားဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနရတာေၾကာင့္ အဂၤလန္က ရာသီအဖြင့္ ရက္သတၱပတ္အနည္းငယ္ကို လြဲေခ်ာ္မွာျဖစ္ပါတယ္။

ဒါေၾကာင့္ တန္ဟက္အတြက္ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီ၊ ဆန္ခ်ိဳ၊ ဂါနာခ်ိဳတို႔ထဲကေနပဲ တိုက္စစ္ ၃ ဦးကို ေ႐ြးခ်ယ္စရာက်န္ေတာ့တာျဖစ္ၿပီး အန္သိုနီ မာစီယယ္လ္ရဲ႕ ႀကံ့ခိုင္မႈအေျခအေနက ရွင္းရွင္းလင္းလင္း မရွိေသးတာျဖစ္ပါတယ္။ အန္တိုနီ၊ ဆန္ခ်ိဳနဲ႔ ဂါနာခ်ိဳတို႔က ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၂၀ အထိ သြင္းယူႏိုင္ခဲ့ၿပီး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ကစားသမားဘဝ အေကာင္းဆုံးဂိုးအေရအတြက္အျဖစ္ သြင္းဂိုး ၃၀ အထိ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

တိုက္စစ္မွာ သြင္းဂိုးေတြ ကင္းမဲ့ေနမႈေၾကာင့္ တန္ဟက္ဟာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ကို လိုအပ္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ေပၚတူဂီၾကယ္ပြင့္က ကာရာေဘာင္းဖလားနဲ႔ ပရီးမီးယားလိဂ္ အဆင့္ ၃ ေနရာရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖာနန္ဒက္စ္ရဲ႕ ဝုလ္ဗ္စ္နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ မွတ္တမ္းေတြက အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ ရာသီအဖြင့္ ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တိုက္စစ္ၿခိမ္းေျခာက္ႏိုင္စြမ္းကို က်ဆင္းေစႏိုင္တဲ့ အႏၲရာယ္ရွိေနပါတယ္။

ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ေနာက္ဆုံးပါဝင္ကစားေပးခဲ့တဲ့ ၃ ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကို တစ္ဦးခ်င္းစြမ္းရည္အရ ေတာက္ပစြာနဲ႔ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ေပမယ့္ ဝုလ္ဗ္စ္နဲ႔ ေတြ႕ဆုံတိုင္းမွာ ဂိုးမသြင္းယူႏိုင္ခဲ့တဲ့ပြဲ ၆ ပြဲအထိ ရွိေနခဲ့တာျဖစ္ပါတယ္။

အဲဒီထက္ ပိုမ်ားတာဆိုလို႔ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ ေတြ႕ဆုံရာမွာ ၁၀ ပြဲအထိ ဂိုးမသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္ရဲ႕ က်ိန္စာဆိုးက ရာသီသစ္ကို အိုးထရက္ဖို႔ဒ္မွာ အေကာင္းဆုံးစတင္ခ်င္တဲ့ မန္ခ်က္စတာယူႏိုက္တက္အတြက္ စိုးရိမ္စရာျဖစ္လာႏိုင္ပါတယ္။

ဝုလ္ဗ္စ္ဟာ နည္းျပသစ္ ဂယ္ရီ အိုေနးလ္နဲ႔အတူ အိုးထရက္ဖို႔ဒ္ကို လာေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး က်ိန္းေသေပါက္ ပိတ္ေဆာ့သြားမွာျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္စြမ္းကင္းမဲ့မႈက ျပႆနာျဖစ္လာႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.