Match Report Premier League

အထင်ကြီးစရာ မရှိသေးတဲ့ ပုံစံတွေနဲ့ တစ်မှတ်စီသာ ခွဲယူခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဒီဆာဆီနဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီးစ် ဂျိမ်းစ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ ချူကွယ်မီကာ၊ ဂါလာဂါနဲ့ ချေးလ်ဝဲလ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ စတာလင်နဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့ကြတာဖြစ်ပါတယ်။

ဧည့်သည် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လီဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာတော့ မက္ကယ်လစ္စတာနဲ့ ဆိုဘော့ဆ်လိုင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပို၊ ဂျိုတာနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ကစားစေခဲ့တာပါ။

ပွဲစတာနဲ့ လီဗာပူးလ်တို့ ဖိကစားခဲ့ပေမယ့် ကလော့ပ်ရဲ့ ကစားကွက်တွေတော့ ပရမ်းပတာများနေခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ သူတက်လာဖို့ ကွင်းလယ်မှာ ဟ,ထားတဲ့ နေရာလွတ်ကို ဝင်ပြီး မက္ကယ်လစ္စတာ၊ ဆိုဘော့ဆ်လိုင်းတို့နဲ့ တစ်တန်းတည်း ဝင်ကစားခဲ့ကြချိန်မှာ ချဲလ်ဆီးတို့ကတော့ ဖျက်အားကောင်းကောင်းနဲ့ ကစားနိုင်ဖို့ ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဧည့်သည် လီဗာပူးလ်တို့ ဂိုးစရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက တန်ပြန်တိုက်စစ်ကနေ ဆာလားက တောင်ပံက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ဝင်မဖျက်နိုင်ဘဲ နောက်ကျနေခဲ့ ဗဟိုခံစစ်သမားတွေကြောင့် ဘယ်ခြမ်းက ပြေးဝင်လာတဲ့ ဒီယက်ဇ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခွင့်ရသွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ နှစ်သင်းစလုံး ဖွင့်ကစားလာခဲ့ကြသလို ချဲလ်ဆီးတို့က ဘောလုံးပိုကိုင်လာနိုင်ခဲ့ကြပြီး လီဗာပူးလ်တို့ကတော့‌ ကွင်းလယ်ကစားကွက်မှာ နံပါတ် ၆ အဖျက်ကစားသမား ရှိမနေမှုက ဖရိုဖရဲဖြစ်နေချိန်မှာ ကောင်တာ ပိုဆန်လာခဲ့သလို ပွဲချိန် ၃၁ မိနစ်မှာ ဆာလားရဲ့ အငိုက်ဖမ်းပြီး သွင်းတဲ့ ဂိုးက လူကျွံနေခဲ့လို့ အိမ်ရှင်တွေ ပွဲသိမ်းမသွားခဲ့ရတာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ လီဗာပူးလ်ခံစစ်က ပြန်လည် ရှင်းထုတ်ရာက ကျလာတဲ့ ဘောလုံးကို ချေးလ်ဝဲလ်က ဂိုးရှေ့ကို ခေါင်းတိုက်ပြီး ပြန်တင်ပေးခဲ့ရာမှာ ကစားသမားသစ် ဒီဆာဆီက အနီးကပ် Volley ကန်သွင်းပြီး သူ့ရဲ့ ပွဲဦးထွက်ကို လှပစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ အလယ်ကြောကနေ ထိုးဖောက်ပြီး ချေးလ်ဝဲလ်က ဂိုးသမား အယ်လစ်ဆန်ကို ကျော်ဖြတ်ပြီးမှ ဂိုးထဲ ကန်ထည့်ခဲ့ပေမယ့် လူကျွံနေခဲ့ပြန်လို့ သရေကံက မပြောင်းခဲ့သလို ချဲလ်ဆီးတို့ ပိုပြီး ဖိကစားလာခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေမှာတော့ ချူချာနေခဲ့လို့ ဂျက်ဆန်ရဲ့ မယုံနိုင်စရာ လွဲချော်မှုအပြီးမှာ ပထမပိုင်းက သရေနဲ့သာ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နည်းပြ ပိုချက်တီနိုအနေနဲ့ စွန့်စားဖို့ထက် မမှားဖို့ကိုပဲ ဦးစားပေးသွားခဲ့တာကြောင့် ပရိသတ်တွေအတွက် ရင်ခုန်စရာ နည်းခဲ့ပြီး စတာလင်ရဲ့ ကစားသမားဘဝ ပြီးဆုံးနေမှုကြီးကလည်း စိတ်ပျက်စရာပဲဖြစ်ခဲ့သလို ဂျက်ဆန်ရဲ့ လက်ထိဘောကို ပင်နယ်တီ မပေးဘဲ VAR က သက်ညှာသွားခဲ့အပြီးမှာ လီဗာပူးလ်တို့ကတော့ ဂက်ခ်ပိုနဲ့ ဂျိုတာအစား ကားတစ်ဂျုံးစ်နဲ့ ဒါဝင် နူးညက်ဇ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ချဲလ်ဆီးတို့ကတော့ ဒီအတိုင်းပဲ ဆက်ကစားနေခဲ့ပြီး ရီးစ် ဂျိမ်းစ် နာသွားလို့သာ ဂူစတိုနဲ့ အစားထိုးခဲ့သလို လီဗာပူးလ်တို့ကတော့ ဆာလားနဲ့ ဒီယက်ဇ်အစား အဲလီးယော့နဲ့ ဘင်ဒုတ်ခ်တို့ကို ထပ်လဲခဲ့လို့ အီဂျစ်သား ပေါက်ကွဲခဲ့ရပြီး ပိုချက်တီနိုကတော့ မိနစ် ၈၀ ကျော်မှာ ချူကွယ်မီကာနဲ့ စတာလင်တို့အစား မူဒရစ်ခ်နဲ့ မတ်ဆန်တို့ကို ဝင်ကစားစေခဲ့တာပါ။

ဒီနောက်မှာတော့ နှစ်သင်းစလုံး အဖြစ်မရှိခဲ့ကြဘဲ ဂိုးရှေ့ရောက်တာနဲ့ သနားစရာပုံစံတွေပဲ ပြသခဲ့ကြတာကြောင့် ပြီးခဲ့တဲ့ ရာသီကနဲ့ ဘာမှ သိပ်မထူးဘူးလို့ပဲ သုံးသပ်ရမလိုဖြစ်ခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်မှတ်စီ ခွဲယူခဲ့ကြသလို ဆူပါဆန်းဒေးရဲ့ ချဲလ်ဆီး-လီဗာပူးလ်ပွဲကတော့ အထင်ကြီးလို့ မရဘဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ဒီဆာဆီနဲ႔ ေကာလ္ဝီလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီးစ္ ဂ်ိမ္းစ္၊ အန္ဇို ဖာနန္ဒက္ဇ္၊ ခ်ဴကြယ္မီကာ၊ ဂါလာဂါနဲ႔ ေခ်းလ္ဝဲလ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္နဲ႔ ဂ်က္ဆန္တို႔ကို ပြဲထုတ္လာခဲ့ၾကတာျဖစ္ပါတယ္။

ဧည့္သည္ လီဗာပူးလ္တို႔ကေတာ့ ဂိုးသမား အယ္လီဆန္၊ ခံစစ္မွာ ကိုနာေတ၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို တြဲဖက္ေပးခဲ့ၿပီး ကြင္းလယ္မွာေတာ့ မကၠယ္လစၥတာနဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဂက္ခ္ပို၊ ဂ်ိဳတာနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ကစားေစခဲ့တာပါ။

ပြဲစတာနဲ႔ လီဗာပူးလ္တို႔ ဖိကစားခဲ့ေပမယ့္ ကေလာ့ပ္ရဲ႕ ကစားကြက္ေတြေတာ့ ပရမ္းပတာမ်ားေနခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကေတာ့ သူတက္လာဖို႔ ကြင္းလယ္မွာ ဟ,ထားတဲ့ ေနရာလြတ္ကို ဝင္ၿပီး မကၠယ္လစၥတာ၊ ဆိုေဘာ့ဆ္လိုင္းတို႔နဲ႔ တစ္တန္းတည္း ဝင္ကစားခဲ့ၾကခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကေတာ့ ဖ်က္အားေကာင္းေကာင္းနဲ႔ ကစားႏိုင္ဖို႔ ျပင္ဆင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဧည့္သည္ လီဗာပူးလ္တို႔ ဂိုးစရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက တန္ျပန္တိုက္စစ္ကေန ဆာလားက ေတာင္ပံက ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ ဝင္မဖ်က္ႏိုင္ဘဲ ေနာက္က်ေနခဲ့ ဗဟိုခံစစ္သမားေတြေၾကာင့္ ဘယ္ျခမ္းက ေျပးဝင္လာတဲ့ ဒီယက္ဇ္က လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းခြင့္ရသြားခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာ ႏွစ္သင္းစလုံး ဖြင့္ကစားလာခဲ့ၾကသလို ခ်ဲလ္ဆီးတို႔က ေဘာလုံးပိုကိုင္လာႏိုင္ခဲ့ၾကၿပီး လီဗာပူးလ္တို႔ကေတာ့‌ ကြင္းလယ္ကစားကြက္မွာ နံပါတ္ ၆ အဖ်က္ကစားသမား ရွိမေနမႈက ဖ႐ိုဖရဲျဖစ္ေနခ်ိန္မွာ ေကာင္တာ ပိုဆန္လာခဲ့သလို ပြဲခ်ိန္ ၃၁ မိနစ္မွာ ဆာလားရဲ႕ အငိုက္ဖမ္းၿပီး သြင္းတဲ့ ဂိုးက လူကြၽံေနခဲ့လို႔ အိမ္ရွင္ေတြ ပြဲသိမ္းမသြားခဲ့ရတာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန လီဗာပူးလ္ခံစစ္က ျပန္လည္ ရွင္းထုတ္ရာက က်လာတဲ့ ေဘာလုံးကို ေခ်းလ္ဝဲလ္က ဂိုးေရွ႕ကို ေခါင္းတိုက္ၿပီး ျပန္တင္ေပးခဲ့ရာမွာ ကစားသမားသစ္ ဒီဆာဆီက အနီးကပ္ Volley ကန္သြင္းၿပီး သူ႔ရဲ႕ ပြဲဦးထြက္ကို လွပေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာ အလယ္ေၾကာကေန ထိုးေဖာက္ၿပီး ေခ်းလ္ဝဲလ္က ဂိုးသမား အယ္လစ္ဆန္ကို ေက်ာ္ျဖတ္ၿပီးမွ ဂိုးထဲ ကန္ထည့္ခဲ့ေပမယ့္ လူကြၽံေနခဲ့ျပန္လို႔ သေရကံက မေျပာင္းခဲ့သလို ခ်ဲလ္ဆီးတို႔ ပိုၿပီး ဖိကစားလာခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြမွာေတာ့ ခ်ဴခ်ာေနခဲ့လို႔ ဂ်က္ဆန္ရဲ႕ မယုံႏိုင္စရာ လြဲေခ်ာ္မႈအၿပီးမွာ ပထမပိုင္းက သေရနဲ႔သာ ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း နည္းျပ ပိုခ်က္တီႏိုအေနနဲ႔ စြန႔္စားဖို႔ထက္ မမွားဖို႔ကိုပဲ ဦးစားေပးသြားခဲ့တာေၾကာင့္ ပရိသတ္ေတြအတြက္ ရင္ခုန္စရာ နည္းခဲ့ၿပီး စတာလင္ရဲ႕ ကစားသမားဘဝ ၿပီးဆုံးေနမႈႀကီးကလည္း စိတ္ပ်က္စရာပဲျဖစ္ခဲ့သလို ဂ်က္ဆန္ရဲ႕ လက္ထိေဘာကို ပင္နယ္တီ မေပးဘဲ VAR က သက္ညႇာသြားခဲ့အၿပီးမွာ လီဗာပူးလ္တို႔ကေတာ့ ဂက္ခ္ပိုနဲ႔ ဂ်ိဳတာအစား ကားတစ္ဂ်ဳံးစ္နဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို ထည့္သြင္းလာခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ကေတာ့ ဒီအတိုင္းပဲ ဆက္ကစားေနခဲ့ၿပီး ရီးစ္ ဂ်ိမ္းစ္ နာသြားလို႔သာ ဂူစတိုနဲ႔ အစားထိုးခဲ့သလို လီဗာပူးလ္တို႔ကေတာ့ ဆာလားနဲ႔ ဒီယက္ဇ္အစား အဲလီးေယာ့နဲ႔ ဘင္ဒုတ္ခ္တို႔ကို ထပ္လဲခဲ့လို႔ အီဂ်စ္သား ေပါက္ကြဲခဲ့ရၿပီး ပိုခ်က္တီႏိုကေတာ့ မိနစ္ ၈၀ ေက်ာ္မွာ ခ်ဴကြယ္မီကာနဲ႔ စတာလင္တို႔အစား မူဒရစ္ခ္နဲ႔ မတ္ဆန္တို႔ကို ဝင္ကစားေစခဲ့တာပါ။

ဒီေနာက္မွာေတာ့ ႏွစ္သင္းစလုံး အျဖစ္မရွိခဲ့ၾကဘဲ ဂိုးေရွ႕ေရာက္တာနဲ႔ သနားစရာပုံစံေတြပဲ ျပသခဲ့ၾကတာေၾကာင့္ ၿပီးခဲ့တဲ့ ရာသီကနဲ႔ ဘာမွ သိပ္မထူးဘူးလို႔ပဲ သုံးသပ္ရမလိုျဖစ္ခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ တစ္မွတ္စီ ခြဲယူခဲ့ၾကသလို ဆူပါဆန္းေဒးရဲ႕ ခ်ဲလ္ဆီး-လီဗာပူးလ္ပြဲကေတာ့ အထင္ႀကီးလို႔ မရဘဲျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.