Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ- ၁၀.၁၀.၂၀၂၀

– ေမာ္႐ိုကိုနဲ႔ပြဲမွာ အရန္ခုံကေန လူစားဝင္ၿပီး ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဟာကင္းမ္ ဇီးယက္ရွ္ဟာ သူတို႔အတြက္ေတာ့ ဆက္စ္ ဖာဘရီဂက္စ္ ေနာက္ပုိင္း အေကာင္းဆုံး ေဘာလုံးေပးပုိ႔ႏိုင္သူလုိ႔ ခ်ဲလ္ဆီးပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– ဆီနီေဂါနဲ႔ ထရိန္နင္မွာ ေပါင္ၾကြက္သားဒဏ္ရာ ရရွိခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းအတြက္ လာမယ့္စေနေန႔မွာ ကစားရမယ့္ ေဆာက္သမ္တန္နဲ႔ ပြဲစဥ္ကို အခ်ိန္မီ ျပန္လည္ပါဝင္ႏုိင္ဖို႔ ဂိုးသမား ေအဒူယာ မန္ဒီအေနနဲ႔ လိုအပ္တဲ့ ကုသမွဳေတြကို ခံယူေန။

– ဘရာဇီးလ္အသင္းနဲ႔ ေတာင္အေမရိကဇုန္ ေျခစစ္ပြဲသြားေရာက္ကစားရာမွာ ခ်ဲလ္ဆီးနဲ႔ ဘရာဇီးလ္လိုဂိုေတြပါတဲ့ ေျခသလုံးအကာကို အင္စတာဂရမ္မွာ ျပသခဲ့တဲ့ သီယာဂို ေဆးလ္ဗားေၾကာင့္ ပရိသတ္ေတြ သေဘာက်ေက်နပ္ေနၾက။

– ေဆာက္သမ္တန္နဲ႔ပြဲအတြက္ နည္းျပ ဖရန္႔ လမ္းပတ္တစ္ေယာက္ စိတ္သက္သာေနႏုိင္ၿပီး ေအဒူယာ မန္ဒီရဲ႕ ဒဏ္ရာ သက္သာႏိုင္သလို တုိက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ ဇီးယက္ရွ္ရဲ႕ ပြဲဦးထြက္ကို ျမင္ရႏုိင္ခ်ိန္မွာ ပူလီရွစ္ခ်္လည္း ျပန္ကစားႏုိင္ဖို႔ရွိေန။

– ပရီးမီးယားလိဂ္နဲ႔ ဘြန္ဒက္စ္လီဂါရဲ႕ ကြာျခားခ်က္နဲ႔ ပုိမိုခက္ခဲရတဲ့အေၾကာင္းက ပါဝင္ေနတဲ့ ကစားသမားေတြေၾကာင့္ျဖစ္ၿပီး ဒီႏုိင္ငံမွာ သာမန္ကစားသမားနဲ႔ ခပ္ညံ့ညံ့ ကစားသမားမ်ဳိးေတြ မရွိလို႔ ကစားရတာ တကယ္ပဲ မလြယ္ကူေၾကာင္း ခိုင္ ဟာဗတ္ဇ္ ဝန္ခံေျပာၾကား။

– လမ္းပတ္ရဲ႕ ေတာင္းဆိုမွဳအရ ဇန္နဝါရီမွာ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူႏုိင္ဖို႔ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာ ေစာင့္ၾကည့္ေနၿပီး ဒီၾကားထဲ ဝက္စ္ဟမ္းရဲ႕ စာခ်ဳပ္သစ္ကို ကစားသမားက လက္ခံခဲ့ရင္ေတာ့ လိုင္လီရဲ႕ ဘူဘာကာရီ ဆူမာေရးကို ေျပာင္းလဲေခၚယူဖြယ္ရွိ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ပြဲေန႔တုိင္းမွာ အႏၲရာယ္ကင္းေရးနဲ႔ လုံၿခဳံေရးအရာရွိအျဖစ္ ၂၀၁၉ ခုႏွစ္အထိ ႏွစ္ ၂၀ ၾကာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အမ်ဳိးသမီးႀကီး ဂ်ီးလ္ ေဒၚဆင္ကို ဘုရင္မႀကီးရဲ႕ ေမြးေန႔အထိမ္းအမွတ္ ဂုဏ္ျပဳစာရင္းမွာ MBE ဘြဲ႕ ထည့္သြင္းဂုဏ္ျပဳ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မော်ရိုကိုနဲ့ပွဲမှာ အရန်ခုံကနေ လူစားဝင်ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဟာကင်းမ် ဇီးယက်ရှ်ဟာ သူတို့အတွက်တော့ ဆက်စ် ဖာဘရီဂက်စ် နောက်ပိုင်း အကောင်းဆုံး ဘောလုံးပေးပို့နိုင်သူလို့ ချဲလ်ဆီးပရိသတ်တွေ ချီးကျူးနေကြ။

– ဆီနီဂေါနဲ့ ထရိန်နင်မှာ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းအတွက် လာမယ့်စနေနေ့မှာ ကစားရမယ့် ဆောက်သမ်တန်နဲ့ ပွဲစဉ်ကို အချိန်မီ ပြန်လည်ပါဝင်နိုင်ဖို့ ဂိုးသမား အေဒူယာ မန်ဒီအနေနဲ့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူနေ။

– ဘရာဇီးလ်အသင်းနဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲသွားရောက်ကစားရာမှာ ချဲလ်ဆီးနဲ့ ဘရာဇီးလ်လိုဂိုတွေပါတဲ့ ခြေသလုံးအကာကို အင်စတာဂရမ်မှာ ပြသခဲ့တဲ့ သီယာဂို ဆေးလ်ဗားကြောင့် ပရိသတ်တွေ သဘောကျကျေနပ်နေကြ။

– ဆောက်သမ်တန်နဲ့ပွဲအတွက် နည်းပြ ဖရန့် လမ်းပတ်တစ်ယောက် စိတ်သက်သာနေနိုင်ပြီး အေဒူယာ မန်ဒီရဲ့ ဒဏ်ရာ သက်သာနိုင်သလို တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဇီးယက်ရှ်ရဲ့ ပွဲဦးထွက်ကို မြင်ရနိုင်ချိန်မှာ ပူလီရှစ်ချ်လည်း ပြန်ကစားနိုင်ဖို့ရှိနေ။

– ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်စ်လီဂါရဲ့ ကွာခြားချက်နဲ့ ပိုမိုခက်ခဲရတဲ့အကြောင်းက ပါဝင်နေတဲ့ ကစားသမားတွေကြောင့်ဖြစ်ပြီး ဒီနိုင်ငံမှာ သာမန်ကစားသမားနဲ့ ခပ်ညံ့ညံ့ ကစားသမားမျိုးတွေ မရှိလို့ ကစားရတာ တကယ်ပဲ မလွယ်ကူကြောင်း ခိုင် ဟာဗတ်ဇ် ဝန်ခံပြောကြား။

– လမ်းပတ်ရဲ့ တောင်းဆိုမှုအရ ဇန်နဝါရီမှာ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာ စောင့်ကြည့်နေပြီး ဒီကြားထဲ ဝက်စ်ဟမ်းရဲ့ စာချုပ်သစ်ကို ကစားသမားက လက်ခံခဲ့ရင်တော့ လိုင်လီရဲ့ ဘူဘာကာရီ ဆူမာရေးကို ပြောင်းလဲခေါ်ယူဖွယ်ရှိ။

– ချဲလ်ဆီးအသင်းရဲ့ ပွဲနေ့တိုင်းမှာ အန္တရာယ်ကင်းရေးနဲ့ လုံခြုံရေးအရာရှိအဖြစ် ၂၀၁၉ ခုနှစ်အထိ နှစ် ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးကြီး ဂျီးလ် ဒေါ်ဆင်ကို ဘုရင်မကြီးရဲ့ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစာရင်းမှာ MBE ဘွဲ့ ထည့်သွင်းဂုဏ်ပြု။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.