Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၀.၁၀.၂၀၂၀

– မိမိရဲ႕ ကစားသမားျဖစ္သူ ဂ်ဴးလ္ ကြန္ဒီအေနနဲ႔ မန္ခ်က္စတာစီးတီးကို စိတ္ဝင္စားခဲ့ၿပီး ဆီဗီလာအသင္းဘက္က ပယ္ခ်ခဲ့လို႔သာ အသင္းမွာ ဆက္ရွိေနရတာျဖစ္ေပမယ့္ ရင့္က်က္တည္ၿငိမ္တဲ့ ျပင္သစ္လူငယ္အေနနဲ႔ ပေရာ္ဖက္ရွင္နယ္ပီပီသသပဲ ဒီအသင္းမွာ ဆက္ကစားသြားမွာျဖစ္တယ္လို႔ ေအးဂ်င့္ဆို။

– အသင္းနဲ႔ အနာဂတ္ကို လပုိင္းအတြင္း ဆုံးျဖတ္ရမယ္လို႔ သတင္းထြက္ေနတဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာကို အသင္းမွာ ဆက္ရွိေနဖို႔ အားလုံးက အလိုရွိေနတယ္လို႔ မန္ခ်က္စတာစီးတီးအသင္း တာဝန္ရွိသူေတြ ထုတ္ေဖာ္ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ပရိသတ္တခ်ဳိ႕ကို ကြင္းတြင္းက သတ္မွတ္ထားတဲ့ ေနရာေတြမွာ ႐ုပ္သံကေန ၾကည့္ရွဳဖို႔အတြက္ ဝင္ေရာက္အားေပးခြင့္ျပဳသြားဖို႔ စီစဥ္ေနၿပီး အထူးအခြင့္အေရးေတြလည္း ေပးအပ္ထား။

– အသင္းအေနနဲ႔ ဆာဂ်ီယို အေဂြ႐ိုေနရာမွာ အစားထိုးဖို႔ တုိက္စစ္မွဴးသစ္ ရွာေဖြမယ္ဆုိရင္ အဲဗာတန္အသင္းနဲ႔အတူ တစ္လတာ အေကာင္းဆုံးဆု ရရွိထားၿပီး ေျခစြမ္းျပသေနတဲ့ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ပဲျဖစ္သင့္တယ္လုိ႔ မန္စီးတီးကစားသမားေဟာင္း ေရွာင္ဂုတ္တာ တုိက္တြန္း။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အာဂ်င္တီးနားတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီရဲ႕ လစာကို ေပးေခ်ႏုိင္တဲ့ ဘဏၰာေရးအေျခအေနကို ပုိင္ဆိုင္ထားတယ္လို႔ အသင္းရဲ႕ လုပ္ငန္းလည္ပတ္ေရး အရာရွိခ်ဳပ္ အုိမာ ဘာရာဒါ ေျပာၾကား။

– ခ်န္ပီယံလိဂ္ရဲ႕ အေကာင္းဆုံးကြင္းလယ္ကစားသမားဆုကို ဆြတ္ခူးထားတဲ့ ဘယ္လ္ဂ်ီယမ္သား ကီဗင္ ဒီဘ႐ိုင္းနားကို အသင္းမွာ ကစားသမားဘဝက အနားယူတဲ့အထိ ရွိေနႏုိင္ေစတဲ့ စာခ်ဳပ္ျဖစ္တဲ့ ငါးႏွစ္စာခ်ဳပ္ကို တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းနဲ႔ ခ်ဳပ္ဆိုႏုိင္ဖို႔ နီးစပ္ေန။

– မိုနာကိုအသင္းကေန ေပါင္ ၅၂ သန္းေပးၿပီး ေခၚယူထားခဲ့ရတဲ့ ဘယ္ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီရဲ႕ ေျခစြမ္းက ခုလိုမ်ဳိး ဆုိးရြားေနတာကို မန္စီးတီးပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး အသင္းနဲ႔ အနာဂတ္ကို ေမးခြန္းထုတ္ခဲ့ၾကသလို ကစားသမားသစ္ အစားထိုးေစခ်င္ေနၾကၿပီး အုိင္းယက္စ္ရဲ႕ တာဂလီယာဖီကို ျဖစ္လာဖြယ္ရွိေန။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မိမိရဲ့ ကစားသမားဖြစ်သူ ဂျူးလ် ကွန်ဒီအနေနဲ့ မန်ချက်စတာစီးတီးကို စိတ်ဝင်စားခဲ့ပြီး ဆီဗီလာအသင်းဘက်က ပယ်ချခဲ့လို့သာ အသင်းမှာ ဆက်ရှိနေရတာဖြစ်ပေမယ့် ရင့်ကျက်တည်ငြိမ်တဲ့ ပြင်သစ်လူငယ်အနေနဲ့ ပရော်ဖက်ရှင်နယ်ပီပီသသပဲ ဒီအသင်းမှာ ဆက်ကစားသွားမှာဖြစ်တယ်လို့ အေးဂျင့်ဆို။

– အသင်းနဲ့ အနာဂတ်ကို လပိုင်းအတွင်း ဆုံးဖြတ်ရမယ်လို့ သတင်းထွက်နေတဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာကို အသင်းမှာ ဆက်ရှိနေဖို့ အားလုံးက အလိုရှိနေတယ်လို့ မန်ချက်စတာစီးတီးအသင်း တာဝန်ရှိသူတွေ ထုတ်ဖော်ပြောကြား။

– မန်ချက်စတာစီးတီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အာဆင်နယ်အသင်းအနေနဲ့ ပရိသတ်တချို့ကို ကွင်းတွင်းက သတ်မှတ်ထားတဲ့ နေရာတွေမှာ ရုပ်သံကနေ ကြည့်ရှုဖို့အတွက် ဝင်ရောက်အားပေးခွင့်ပြုသွားဖို့ စီစဉ်နေပြီး အထူးအခွင့်အရေးတွေလည်း ပေးအပ်ထား။

– အသင်းအနေနဲ့ ဆာဂျီယို အဂွေရိုနေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေမယ်ဆိုရင် အဲဗာတန်အသင်းနဲ့အတူ တစ်လတာ အကောင်းဆုံးဆု ရရှိထားပြီး ခြေစွမ်းပြသနေတဲ့ ဒေါမနစ် ကဲလ်ဗတ်-လူဝင်ပဲဖြစ်သင့်တယ်လို့ မန်စီးတီးကစားသမားဟောင်း ရှောင်ဂုတ်တာ တိုက်တွန်း။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ လစာကို ပေးချေနိုင်တဲ့ ဘဏ္ဏာရေးအခြေအနေကို ပိုင်ဆိုင်ထားတယ်လို့ အသင်းရဲ့ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် အိုမာ ဘာရာဒါ ပြောကြား။

– ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားဆုကို ဆွတ်ခူးထားတဲ့ ဘယ်လ်ဂျီယမ်သား ကီဗင် ဒီဘရိုင်းနားကို အသင်းမှာ ကစားသမားဘဝက အနားယူတဲ့အထိ ရှိနေနိုင်စေတဲ့ စာချုပ်ဖြစ်တဲ့ ငါးနှစ်စာချုပ်ကို တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းနဲ့ ချုပ်ဆိုနိုင်ဖို့ နီးစပ်နေ။

– မိုနာကိုအသင်းကနေ ပေါင် ၅၂ သန်းပေးပြီး ခေါ်ယူထားခဲ့ရတဲ့ ဘယ်နောက်ခံလူ ဘင်ဂျမင် မန်ဒီရဲ့ ခြေစွမ်းက ခုလိုမျိုး ဆိုးရွားနေတာကို မန်စီးတီးပရိသတ်တွေ စိတ်ပျက်နေကြပြီး အသင်းနဲ့ အနာဂတ်ကို မေးခွန်းထုတ်ခဲ့ကြသလို ကစားသမားသစ် အစားထိုးစေချင်နေကြပြီး အိုင်းယက်စ်ရဲ့ တာဂလီယာဖီကို ဖြစ်လာဖွယ်ရှိနေ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.