Premier League

ဘောလုံးပွဲတစ်ပွဲထက် ပိုလာတော့မယ့် ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ပွဲစဉ်

လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန် ဟင်နရီဟာ ယနေ့ညနေ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ ကစားရမယ့်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီအသင်း ၂ သင်းဟာ ဘရိုက်တန်ကွင်းလယ်ကစားသမား မွိုက်စ် ကိုင်ဆေဒိုရဲ့ အပြောင်းအရွှေ့မှာ အပြိုင်အဆိုင်ဖြစ်နေကြတာဖြစ်ပြီး ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တစ်ပွဲထက် ပိုလာတော့မှာဖြစ်ပါတယ်။ ဟင်နရီနဲ့ ဖန်းဝေးအားကစားအုပ်စုက အခြားအဖွဲ့ဝင်တွေဟာ ကိုင်ဆေဒိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၁၀ နဲ့ ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည်ပြီး ယူအက်စ်အေကနေ ထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ အီကွေဒေါကွင်းလယ်လူကို ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီက ပေါင် ၁၁၅ သန်းနဲ့ ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် လက်လွှတ်ရဖွယ်ရှိနေပြီး ကိုင်ဆေဒိုကလည်း ပိုချက်တီနိုရဲ့အသင်းကို ပိုမိုပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ ယုံကြည်ရပါတယ်။

သောကြာနေ့အစောပိုင်းမှာ လီဗာပူးလ်က ကိုင်ဆေဒိုကို ဘရိုက်တန်ကနေ ပေါင်သန်း ၁၁၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အီကွေဒေါကွင်းလယ်ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု မရရှိသေးပေမယ့် ကလော့ပ်ရဲ့အသင်းက သောကြာနေ့ညနေမှာ ဆေးစစ်ဖို့တောင် စီစဉ်ခဲ့ပေမယ့်လည်း အမှန်တကယ် ဖြစ်မလာခဲ့တာ ဖြစ်ပါတယ်။

ကိုင်ဆေဒိုဟာ လန်ဒန်မှာ ရှိနေဆဲဖြစ်ပြီး ချဲလ်ဆီးက ဘရိုက်တန်ကို ပြောင်းရွှေ့ကြေး တိုးမြှင့်ထားတဲ့ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်မှာကို စောင့်ဆိုင်းနေတာဖြစ်ပြီး သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ကမ်းလှမ်းမှုအသစ် ပြုလုပ်လာခြင်းမရှိသေးပေမယ့်လည်း ချဲလ်ဆီးက အသက် ၂၁ နှစ်အရွယ်ကစားသမားအတွက် လီဗာပူးလ်ကို လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်တာကြောင့် ကမ်းလှမ်းမှုအသစ် ပြုလုပ်သွားချင်နေတယ်လို့ သိရပါတယ်။

ကလော့ပ်က ချဲလ်ဆီးနဲ့ ကစားရမယ့် ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အသင်းက ကိုင်ဆေဒိုအတွက် ဘရိုက်တန်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပထမဆုံးအနေနဲ့ အသင်းက သဘောတူညီမှု ရရှိခဲ့ပြီဆိုတာကို ကျွန်တော် အတည်ပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဆိုလိုရင်းအတိအကျက ဘာလဲဆိုတာတော့ မသိဘူး။ ကျွန်တော်တို့ ကစားသမားလိုချင်ပြီး ဘယ်လိုသဘောတူညီမှုမျိုးနဲ့ပဲဖြစ်ဖြစ် ရချင်တယ်။ ဘာပြောင်းလဲသွားခဲ့လဲဆိုတော့ ကျွန်တော်တို့က ကလပ်အသငး်ပါ။ ကျွန်တော်တို့မှာ အဆုံးမရှိတဲ့ ရင်းမြစ်တွေ မရှိပါဘူး။ ကျွန်တော်တို့ ဒီနွေရာသီမှာ အရာအများကြီး ဖြစ်လာနိုင်တယ်လို့ မျှော်လင့်မထားခဲ့ဘူး(ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ထွက်သွားတာကိုဆိုလို)။ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ အခုတော့ ခင်ဗျားကို ကျွန်တော်သိထားတာ ပြောခဲ့တာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းပိုင္ရွင္ ဂြၽန္ ဟင္နရီဟာ ယေန႔ညေန စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ပြဲစဥ္ကို တက္ေရာက္ၾကည့္ရႈသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဒီအသင္း ၂ သင္းဟာ ဘ႐ိုက္တန္ကြင္းလယ္ကစားသမား မြိဳက္စ္ ကိုင္ေဆဒိုရဲ႕ အေျပာင္းအေ႐ႊ႕မွာ အၿပိဳင္အဆိုင္ျဖစ္ေနၾကတာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ရဲ႕ ပြဲစဥ္ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္တစ္ပြဲထက္ ပိုလာေတာ့မွာျဖစ္ပါတယ္။ ဟင္နရီနဲ႔ ဖန္းေဝးအားကစားအုပ္စုက အျခားအဖြဲ႕ဝင္ေတြဟာ ကိုင္ေဆဒိုကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၁၀ နဲ႔ ေခၚယူႏိုင္ေတာ့မယ္လို႔ ယုံၾကည္ၿပီး ယူအက္စ္ေအကေန ထြက္ခြာလာခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ အီေကြေဒါကြင္းလယ္လူကို ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီက ေပါင္ ၁၁၅ သန္းနဲ႔ ၾကားျဖတ္ေခၚယူဖို႔ ျပင္ဆင္ေနတာေၾကာင့္ လက္လႊတ္ရဖြယ္ရွိေနၿပီး ကိုင္ေဆဒိုကလည္း ပိုခ်က္တီႏိုရဲ႕အသင္းကို ပိုမိုေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵရွိေနတယ္လို႔ ယုံၾကည္ရပါတယ္။

ေသာၾကာေန႔အေစာပိုင္းမွာ လီဗာပူးလ္က ကိုင္ေဆဒိုကို ဘ႐ိုက္တန္ကေန ေပါင္သန္း ၁၁၀ နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး အီေကြေဒါကြင္းလယ္ကစားသမားနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ မရရွိေသးေပမယ့္ ကေလာ့ပ္ရဲ႕အသင္းက ေသာၾကာေန႔ညေနမွာ ေဆးစစ္ဖို႔ေတာင္ စီစဥ္ခဲ့ေပမယ့္လည္း အမွန္တကယ္ ျဖစ္မလာခဲ့တာ ျဖစ္ပါတယ္။

ကိုင္ေဆဒိုဟာ လန္ဒန္မွာ ရွိေနဆဲျဖစ္ၿပီး ခ်ဲလ္ဆီးက ဘ႐ိုက္တန္ကို ေျပာင္းေ႐ႊ႕ေၾကး တိုးျမႇင့္ထားတဲ့ တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္မွာကို ေစာင့္ဆိုင္းေနတာျဖစ္ၿပီး သတင္းရင္းျမစ္ေတြရဲ႕ ေျပာၾကားခ်က္အရ ကမ္းလွမ္းမႈအသစ္ ျပဳလုပ္လာျခင္းမရွိေသးေပမယ့္လည္း ခ်ဲလ္ဆီးက အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားအတြက္ လီဗာပူးလ္ကို လက္ဦးမႈ ရယူၿပီး ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ေနဆဲျဖစ္တာေၾကာင့္ ကမ္းလွမ္းမႈအသစ္ ျပဳလုပ္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

ကေလာ့ပ္က ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ ပြဲမတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အသင္းက ကိုင္ေဆဒိုအတြက္ ဘ႐ိုက္တန္နဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ပထမဆုံးအေနနဲ႔ အသင္းက သေဘာတူညီမႈ ရရွိခဲ့ၿပီဆိုတာကို ကြၽန္ေတာ္ အတည္ျပဳႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ ဆိုလိုရင္းအတိအက်က ဘာလဲဆိုတာေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔ ကစားသမားလိုခ်င္ၿပီး ဘယ္လိုသေဘာတူညီမႈမ်ိဳးနဲ႔ပဲျဖစ္ျဖစ္ ရခ်င္တယ္။ ဘာေျပာင္းလဲသြားခဲ့လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ကလပ္အသငး္ပါ။ ကြၽန္ေတာ္တို႔မွာ အဆုံးမရွိတဲ့ ရင္းျမစ္ေတြ မရွိပါဘူး။ ကြၽန္ေတာ္တို႔ ဒီေႏြရာသီမွာ အရာအမ်ားႀကီး ျဖစ္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္မထားခဲ့ဘူး(ဟန္ဒါဆန္၊ ဖာဘင္ညိဳတို႔ထြက္သြားတာကိုဆိုလို)။ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္သြားရမွာပါ။ အခုေတာ့ ခင္ဗ်ားကို ကြၽန္ေတာ္သိထားတာ ေျပာခဲ့တာပါ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.