Ligue1

ကစားသမားသစ်တွေ မစွံမှန်းသိမှ ဥက္ကဌကြီးပြန်အပူကပ်ရတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီနည်းပြ လူးဝစ္စ အန်နရီကေးဟာ ပြင်သစ်တိုက်စစ်မှူးကို ပထမအသင်း လေ့ကျင့်ရေးကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် ခီလီယန် အမ်ဘာပေကို ပီအက်စ်ဂျီပွဲထွက်လူစာရင်းမှာ ပြန်လည်မြင်တွေ့ရနိုင်တယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ရာသီကြိုစခန်းသွင်းလေ့ကျင့်ရေး လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အမ်ဘာပေရဲ့ အနာဂတ်ဟာ ပိုလို့တောင် မရေမရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီက ယနေ့နံနက်မှာ အမ်ဘာပေ ပြန်လည်ပါဝင်လာတော့မယ့်အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး လိုရွန်နဲ့ပွဲမတိုင်ခင် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဒီနေ့နံနက် လေ့ကျင့်ရေးလူစာရင်းထဲမှာ ပြန်လည်ပါဝင်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ စာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးမပြုဖို့ ရွေးချယ်ခဲ့ပြီး လာမယ့်နှစ် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာချင်တဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးနောက် ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းဖို့ အကြိုသဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ သံသယရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီဟာ စနေနေ့ညက လိုရွန်နဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းရာသီအဖွင့်ပွဲစဉ်မှာ စိတ်ပျက်ဖွယ် သရေကျခဲ့ပြီး အဲဒီပွဲစဉ်ကို ကစားသမားသစ် ဒမ်ဘီလီနဲ့အတူ အမ်ဘာပေက ပွဲကြည့်စင်ကနေ ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အခြေအနေမလှတော့တဲ့ ပီအက်စ်ဂျီက တစ်ထစ်လျှော့ပြီး စာချုပ်သက်တမ်းကုန်တဲ့အထိ အသင်းမှာ ဆက်ကစားခိုင်းသွားတော့မယ့်ပုံပေါ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီနည္းျပ လူးဝစၥ အန္နရီေကးဟာ ျပင္သစ္တိုက္စစ္မႉးကို ပထမအသင္း ေလ့က်င့္ေရးကို ျပန္လည္ေခၚယူခဲ့ၿပီးေနာက္ ခီလီယန္ အမ္ဘာေပကို ပီအက္စ္ဂ်ီပြဲထြက္လူစာရင္းမွာ ျပန္လည္ျမင္ေတြ႕ရႏိုင္တယ္လို႔ သိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ျငင္းဆန္ခဲ့တဲ့အတြက္ ရာသီႀကိဳစခန္းသြင္းေလ့က်င့္ေရး လူစာရင္းကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ အမ္ဘာေပရဲ႕ အနာဂတ္ဟာ ပိုလို႔ေတာင္ မေရမရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီက ယေန႔နံနက္မွာ အမ္ဘာေပ ျပန္လည္ပါဝင္လာေတာ့မယ့္အေၾကာင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး လို႐ြန္နဲ႔ပြဲမတိုင္ခင္ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီးေနာက္ ဒီေန႔နံနက္ ေလ့က်င့္ေရးလူစာရင္းထဲမွာ ျပန္လည္ပါဝင္လာမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ စာခ်ဳပ္ပါ တစ္ႏွစ္သက္တမ္းတိုးခြင့္ကို အသုံးမျပဳဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး လာမယ့္ႏွစ္ ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာခ်င္တဲ့ဆႏၵကို ရွင္းရွင္းလင္းလင္း ျပသခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီက ရီးရဲလ္မက္ဒရစ္ကို အလြတ္နဲ႔ ေျပာင္းဖို႔ အႀကိဳသေဘာတူညီမႈရရွိထားၿပီးျဖစ္တယ္လို႔ သံသယရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီဟာ စေနေန႔ညက လို႐ြန္နဲ႔ ကစားခဲ့တဲ့ လီဂူးဝမ္းရာသီအဖြင့္ပြဲစဥ္မွာ စိတ္ပ်က္ဖြယ္ သေရက်ခဲ့ၿပီး အဲဒီပြဲစဥ္ကို ကစားသမားသစ္ ဒမ္ဘီလီနဲ႔အတူ အမ္ဘာေပက ပြဲၾကည့္စင္ကေန ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အေျခအေနမလွေတာ့တဲ့ ပီအက္စ္ဂ်ီက တစ္ထစ္ေလွ်ာ့ၿပီး စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ အသင္းမွာ ဆက္ကစားခိုင္းသြားေတာ့မယ့္ပုံေပၚပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.