Premier League

ဂန်းနားကြယ်ပွင့်က ကမ္ဘာ့အဆင့်ဖြစ်လာနိုင်ပါ့မလားလို့ မေးခွန်းထုတ်ခဲ့တဲ့ ဆောင်းနက်စ်

ဂရေမီ ဆောင်းနက်စ်က ဒီကလန် ရိုက်ဟာ အာဆင်နယ်အတွက် လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်း ကြီးမားတဲ့ကစားသမားဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ကမ္ဘာ့ဘောလုံးလောကမှာ ကြီးကျယ်ခမ်းနားတဲ့ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ပါ့မလားဆိုတာကို သံသယဖြစ်နေပါတယ်။

ဒီကလန် ရိုက်ဟာ စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာတီတာရဲ့အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အာဆင်နယ်က ယခုနွေရာသီအစောပိုင်းမှာ ဝက်စ်ဟမ်းကနေ အင်္ဂလန်ကွင်းလယ်လူကို ပေါင်သန်း ၁၀၀ ကျော်သုံးစွဲပြီး ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

ဆောင်းနက်စ်က ပရီးမီးယားလိဂ်သမိုင်းမှာ စျေးအကြီးဆုံးဝယ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ ဒီကလန် ရိုက်က လာမယ့်ဆယ်စုနှစ်အတွင်း ဂန်းနားတွေအတွက် ပါဝင်ကစားပေးရင်း ၎င်းအတွက် ပေးရတဲ့စျေးနဲ့ တန်တဲ့ ခြေစွမ်းကို ပြသမယ်လို့ ယုံကြည်နေပေမယ့် ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားဖြစ်လာဖို့အတွက် သွင်းဂိုးတွေနဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်မယ့် ပါးနပ်တဲ့ ပေးပို့မှုတွေ လိုအပ်ဦးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒီကလန်က အရမ်းကောင်းတဲ့ကစားသမားလား။ မဟုတ်သေးပါဘူး။ ဒါပေမယ့် သူက ဖြစ်တော့ဖြစ်လိမ့်မယ်။ တကယ်လို့ သူသာ ဒီအရေးပါတဲ့ အရာ ၂ ခုကို တိုးတက်အောင် လုပ်နိုင်ရင် ကမ္ဘာ့အဆင့်ကွင်းလယ်လူဖြစ်လိမ့်မယ်။ ပထမဆုံးအနေနဲ့ သူဂိုးတွေ ပိုသွင်းယူဖို့ လိုတယ်။ သူ စိတ်ချရတဲ့ ပေးပို့မှုတွေအစား တခြားလူတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့ ပိုပြီး တိကျပြီး ပါးနပ်တဲ့ပေးပို့မှုလုပ်ရမယ်။ ဒါတွေက နည်းပြပေးလို့ ရနိုင်တဲ့အရည်အသွေးတွေလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ပရီးမီးယားလိဂ်မှာ အခုအချိန်အထိတော့ ဒီကလန် ရိုက်က တစ်ရာသီပျမ်းမျှ သွင်းဂိုး ၂ ဂိုးလျော့နည်းပြီး ဂိုးဖန်တီးမှုမှာလည်း ၂ ဂိုးပိုမိုလျော့နည်းတယ်။ သူက အခု ပိုကောင်းတဲ့ကစားသမားတွေကြားထဲမှာ ကစားနေရပြီဖြစ်တာကြောင့် အဲဒါတွေကို တိုးတက်အောင် လုပ်နိုင်စွမ်းရှိပေမယ့် ခံယူချက်က ပြဿနာဖြစ်နိုင်တယ်လို့ ထင်ပါတယ်”

“သူက အရမ်းကောင်းကောင်း လုပ်နိုင်နေတဲ့ သူ့ခံစစ်တာဝန်တွေကို ထမ်းဆောင်ရတာ ပျော်ရွှင်နေပုံပေါ်တယ်။ ဒါပေမယ့် အဲဒါက ကွင်းလယ်ကစားသမားဖြစ်ရခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ အာဆင်နယ်က ဝက်စ်ဟမ်းနဲ့ ယှဉ်ရင် တိုက်စစ်ဆင်တဲ့အချိန်က ပိုများတယ်။ ရိုက်က ဂိုးကနေ ၂၅ ကိုက်အကွာမှာ လှည့်ပတ်ကစားနေရမယ်။ သူ ဘောလုံးရတဲ့အခါမှာ ဂိုးပေါက်ထဲကို ကန်သွင်းရမယ်။ သူ့အနေနဲ့ ငါက ဂိုးသမားကို ဒီကနေ အလုပ်ပေးနိုင်လောက်တဲ့အထိ ကောင်းတဲ့သူလို့ တွေးရမယ်။ သူ အဲဒါကို လုံလောက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါက သူတိုးတက်အောင်လုပ်ရမယ့်နေရာဆိုတာ သိသာပါတယ်။ ဒီနေရာမှာ သူ့ရဲ့ ခံယူချက်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့တဲ့ကိစ္စက ပြန်လာပြီ။ အာတီတာက သူ့ကို ခံစစ်ပိုင်းအရ ဘာလုပ်ဖို့လိုလဲဆိုတာကို ပြောဖို့ ၅ မိနစ်ထက်ပိုပြီး အချိန်ဖြုန်းမှာမဟုတ်ပါဘူး။ သူက ခံစစ်ပိုင်းမှာ အကုန်သိထားပြီးသားပါ”

“သူက တနေ့ကျ ဗဟိုခံစစ်ကစားသမားတောင် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် အခုတော့ သူ့ရဲ့ ကစားအားနဲ့အတူ ကွင်းလယ်မှာ သုံးတာ အကောင်းဆုံးပါပဲ။ ဒါက သူ့ရဲ့ ကစားသမားဘဝရှေ့ရေးအတွက် ဆွေးနွေးမှုပါ။ အာဆင်နယ်က သူ့ကို ကွင်းလယ်ကစားသမားအဖြစ် ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒါကြောင့် အာတီတာက သူ့ကို အဆုံးအဖြတ်ပိုပေးနိုင်အောင်နဲ့ တိုက်စစ်မှာ အညှာအတာပိုကင်းမဲ့တဲ့ကစားသမားဖြစ်လာဖို့နဲ့ ဂိုးခြိမ်းခြောက်မှုတစ်ခုဖြစ်လာဖို့ လုပ်ဆောင်ရမှာပါ။ ဒါက အာဆင်နယ်ပဲ။ သူတို့တွေ မန်စီးတီးကို စိန်ခေါ်ပြီး လိဂ်ဖလားရချင်တယ်။ ခင်ဗျားအဲဒါကို သွင်းဂိုးတွေ သွင်းယူနိုင်တဲ့ ကွင်းလယ်ကစားသမားတွေမရှိဘဲ ရမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ ကွင်းလယ်ခံစစ်ကစားသမားတွေက ဂိုးသွင်းဖို့မလိုဘူးဆိုတဲ့ ပြောဆိုမှုတွေကို လက်မခံပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂေရမီ ေဆာင္းနက္စ္က ဒီကလန္ ႐ိုက္ဟာ အာဆင္နယ္အတြက္ လာမယ့္ဆယ္စုႏွစ္တစ္ခုအတြင္း ႀကီးမားတဲ့ကစားသမားျဖစ္လာႏိုင္တယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း ကမာၻ႔ေဘာလုံးေလာကမွာ ႀကီးက်ယ္ခမ္းနားတဲ့ကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ပါ့မလားဆိုတာကို သံသယျဖစ္ေနပါတယ္။

ဒီကလန္ ႐ိုက္ဟာ စေနေန႔က ေနာ္တင္ဟမ္ေဖာရက္စ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အာတီတာရဲ႕အသင္းအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အာဆင္နယ္က ယခုေႏြရာသီအေစာပိုင္းမွာ ဝက္စ္ဟမ္းကေန အဂၤလန္ကြင္းလယ္လူကို ေပါင္သန္း ၁၀၀ ေက်ာ္သုံးစြဲၿပီး ေခၚယူခဲ့ရတာျဖစ္ပါတယ္။

ေဆာင္းနက္စ္က ပရီးမီးယားလိဂ္သမိုင္းမွာ ေစ်းအႀကီးဆုံးဝယ္ယူမႈေတြထဲက တစ္ခုျဖစ္ခဲ့တဲ့ ဒီကလန္ ႐ိုက္က လာမယ့္ဆယ္စုႏွစ္အတြင္း ဂန္းနားေတြအတြက္ ပါဝင္ကစားေပးရင္း ၎အတြက္ ေပးရတဲ့ေစ်းနဲ႔ တန္တဲ့ ေျခစြမ္းကို ျပသမယ္လို႔ ယုံၾကည္ေနေပမယ့္ ကမာၻ႔အဆင့္ ကြင္းလယ္ကစားသမားျဖစ္လာဖို႔အတြက္ သြင္းဂိုးေတြနဲ႔ အခြင့္အေရးေတြ ဖန္တီးႏိုင္မယ့္ ပါးနပ္တဲ့ ေပးပို႔မႈေတြ လိုအပ္ဦးမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ဒီကလန္က အရမ္းေကာင္းတဲ့ကစားသမားလား။ မဟုတ္ေသးပါဘူး။ ဒါေပမယ့္ သူက ျဖစ္ေတာ့ျဖစ္လိမ့္မယ္။ တကယ္လို႔ သူသာ ဒီအေရးပါတဲ့ အရာ ၂ ခုကို တိုးတက္ေအာင္ လုပ္ႏိုင္ရင္ ကမာၻ႔အဆင့္ကြင္းလယ္လူျဖစ္လိမ့္မယ္။ ပထမဆုံးအေနနဲ႔ သူဂိုးေတြ ပိုသြင္းယူဖို႔ လိုတယ္။ သူ စိတ္ခ်ရတဲ့ ေပးပို႔မႈေတြအစား တျခားလူေတြအတြက္ အခြင့္အေရးေတြ ဖန္တီးေပးႏိုင္ဖို႔ ပိုၿပီး တိက်ၿပီး ပါးနပ္တဲ့ေပးပို႔မႈလုပ္ရမယ္။ ဒါေတြက နည္းျပေပးလို႔ ရႏိုင္တဲ့အရည္အေသြးေတြလားဆိုတာ ကြၽန္ေတာ္ မေသခ်ာပါဘူး။ ပရီးမီးယားလိဂ္မွာ အခုအခ်ိန္အထိေတာ့ ဒီကလန္ ႐ိုက္က တစ္ရာသီပ်မ္းမွ် သြင္းဂိုး ၂ ဂိုးေလ်ာ့နည္းၿပီး ဂိုးဖန္တီးမႈမွာလည္း ၂ ဂိုးပိုမိုေလ်ာ့နည္းတယ္။ သူက အခု ပိုေကာင္းတဲ့ကစားသမားေတြၾကားထဲမွာ ကစားေနရၿပီျဖစ္တာေၾကာင့္ အဲဒါေတြကို တိုးတက္ေအာင္ လုပ္ႏိုင္စြမ္းရွိေပမယ့္ ခံယူခ်က္က ျပႆနာျဖစ္ႏိုင္တယ္လို႔ ထင္ပါတယ္”

“သူက အရမ္းေကာင္းေကာင္း လုပ္ႏိုင္ေနတဲ့ သူ႔ခံစစ္တာဝန္ေတြကို ထမ္းေဆာင္ရတာ ေပ်ာ္႐ႊင္ေနပုံေပၚတယ္။ ဒါေပမယ့္ အဲဒါက ကြင္းလယ္ကစားသမားျဖစ္ရျခင္းရဲ႕ အစိတ္အပိုင္းတစ္ခုပဲ ရွိပါေသးတယ္။ အာဆင္နယ္က ဝက္စ္ဟမ္းနဲ႔ ယွဥ္ရင္ တိုက္စစ္ဆင္တဲ့အခ်ိန္က ပိုမ်ားတယ္။ ႐ိုက္က ဂိုးကေန ၂၅ ကိုက္အကြာမွာ လွည့္ပတ္ကစားေနရမယ္။ သူ ေဘာလုံးရတဲ့အခါမွာ ဂိုးေပါက္ထဲကို ကန္သြင္းရမယ္။ သူ႔အေနနဲ႔ ငါက ဂိုးသမားကို ဒီကေန အလုပ္ေပးႏိုင္ေလာက္တဲ့အထိ ေကာင္းတဲ့သူလို႔ ေတြးရမယ္။ သူ အဲဒါကို လုံေလာက္ေအာင္ မလုပ္ႏိုင္ခဲ့ဘူး။ ဒါက သူတိုးတက္ေအာင္လုပ္ရမယ့္ေနရာဆိုတာ သိသာပါတယ္။ ဒီေနရာမွာ သူ႔ရဲ႕ ခံယူခ်က္ဆိုတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာခဲ့တဲ့ကိစၥက ျပန္လာၿပီ။ အာတီတာက သူ႔ကို ခံစစ္ပိုင္းအရ ဘာလုပ္ဖို႔လိုလဲဆိုတာကို ေျပာဖို႔ ၅ မိနစ္ထက္ပိုၿပီး အခ်ိန္ျဖဳန္းမွာမဟုတ္ပါဘူး။ သူက ခံစစ္ပိုင္းမွာ အကုန္သိထားၿပီးသားပါ”

“သူက တေန႔က် ဗဟိုခံစစ္ကစားသမားေတာင္ ျဖစ္လာႏိုင္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဒါေပမယ့္ အခုေတာ့ သူ႔ရဲ႕ ကစားအားနဲ႔အတူ ကြင္းလယ္မွာ သုံးတာ အေကာင္းဆုံးပါပဲ။ ဒါက သူ႔ရဲ႕ ကစားသမားဘဝေရွ႕ေရးအတြက္ ေဆြးေႏြးမႈပါ။ အာဆင္နယ္က သူ႔ကို ကြင္းလယ္ကစားသမားအျဖစ္ ေခၚယူခဲ့တာျဖစ္ၿပီး အဲဒါေၾကာင့္ အာတီတာက သူ႔ကို အဆုံးအျဖတ္ပိုေပးႏိုင္ေအာင္နဲ႔ တိုက္စစ္မွာ အညႇာအတာပိုကင္းမဲ့တဲ့ကစားသမားျဖစ္လာဖို႔နဲ႔ ဂိုးၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာဖို႔ လုပ္ေဆာင္ရမွာပါ။ ဒါက အာဆင္နယ္ပဲ။ သူတို႔ေတြ မန္စီးတီးကို စိန္ေခၚၿပီး လိဂ္ဖလားရခ်င္တယ္။ ခင္ဗ်ားအဲဒါကို သြင္းဂိုးေတြ သြင္းယူႏိုင္တဲ့ ကြင္းလယ္ကစားသမားေတြမရွိဘဲ ရမွာမဟုတ္ဘူး။ ကြၽန္ေတာ္ကေတာ့ ကြင္းလယ္ခံစစ္ကစားသမားေတြက ဂိုးသြင္းဖို႔မလိုဘူးဆိုတဲ့ ေျပာဆိုမႈေတြကို လက္မခံပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.