Match Report Premier League

အိမ်ကွင်းမှာ ဗီလာကို ဂိုးပြတ်ကန်ပြီး ဇယားထိပ်တက်ပြတဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ တိုနာလီနဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အက်စ်တန်ဗီလာအသင်းကတော့ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ မက်တီ ကတ်ရှ်နဲ့ ဒီညာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ မက်ဂင်းတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘေလီ၊ ဒီယာဘီနဲ့ ဝပ်ကင်းစ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာကတည်းက နယူးကာဆယ်လ်တို့ အဖွင့်ဂိုး သွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ ဂျိုလင်တန်နဲ့ ဝမ်းတူးရိုက်ထွက်ပြီး လွတ်သွားခဲ့တဲ့ ဂေါ်ဒန်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ လူသစ် တိုနာလီက လျှောထိုးဝင်ရင်း Volley ကန်ချက်နဲ့ လှလှပပ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ ဗီလာတို့ ချေပဂိုး ပြန်လည်ရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ရသွားခဲ့တဲ့ ဒီညာက ဖြတ်တင်ပေးတာကို ဝပ်ကင်းစ် ဂိုးရှေ့ကို ခေါင်းတိုက်ချပေးရာမှာ နောက်က ပါလာတဲ့ ဒီယာဘီက ပိတ်သွင်းပြီး တိုနာလီကို အားကျမခံဘဲ အဖွင့်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒါပေမယ့် နယူးကာဆယ်လ်တို့က ပွဲကို စိုးမိုးထားတာကြောင့် ဂိုးထပ်ရဖို့တော့ မခက်ခဲ့သလို ပွဲချိန် ၁၆ မိနစ်မှာတော့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ထရစ်ပီယာ ပေးတဲ့ ဘောလုံးကို တိုနာလီက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ဗီလာလူကျွံထောင်ချောက်ကို ဖြတ်ကျော်သွားခဲ့တဲ့ ဘော့တ်မန်က ဂိုးရှေ့ပြန်ချိုးအပေးမှာ အီဆက်ခ်က မနားတမ်း ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

VAR ကြည့်ပြီး အတည်ပြုခဲ့ရတဲ့ ဒီဂိုးကြောင့် နယူးကာဆယ်လ်တို့က ပထမပိုင်းမှာ ဗီလာတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်သွားနိုင်ခဲ့ကြသလို ပွဲချိန် ၃၁ မိနစ်မှာ ဒဏ်ရာရသွားတဲ့ တိုင်ရုန်းမင်းစ်အစား ပေါ်တောရက်စ်နဲ့ ဒုတိယပိုင်းပြန်အစမှာ ဘေလီအစား တီးလီးမန်းစ်တို့ကို ဧည့်သည်နည်းပြ အူနိုင်း အမ်မရီက ဆက်တိုက်လဲကစားခဲ့ပေမယ့် အိမ်ရှင်တွေကို တုံ့ပြန်ဖို့တော့ မတတ်နိုင်ခဲ့ကြတာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ စိတ်ပျက်စရာ ကောင်းလောက်အောင် အီဆက်ခ်ရဲ့ အင်္ကျီကို ဆွဲဖြဲနေခဲ့တဲ့ ပုံစံမျိုးနဲ့ ဘောလုံးလုယူပြီးမှ ပြန်ပျက်ခဲ့တဲ့ ကွန်ဆာရဲ့ အမှားကနေ အီဆက်ခ်က ဂိုးသမား မာတီနက်ဇ်အပေါ်က ကျော်ကန်ပြီး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အီဆက်ခ်နဲ့ ဂေါ်ဒန်တို့အစား ဝီလ်ဆန်နဲ့ ဟာဗီ ဘန်းစ်တို့ ဝင်လာခဲ့ကြပြီး သူတို့အတွဲကလည်း ရှေ့က အတွဲထက်တောင်ပိုပြီး နားလည်မှု
ကောင်းမွန်ခဲ့ကြတာကြောင့် ဗီလာတို့ရဲ့ လူကျွံဘောတောင် အိုးနင်းခွက်နင်း ဖမ်းနေတဲ့ ခံစစ်က ပြဿနာတက်ခဲ့ရပြီး အမ်မရီအနေနဲ့ မက်ဂင်း အစား ဒီယေဂို ကားလို့စ်ကို ထပ်ထည့်ခဲ့ပေမယ့် ဘာမှ မထူးခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ စတုတ္ထ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ လူကျွံ ထောင်ချောက်ကို ဖြတ်ကျော်သွားခဲ့တဲ့ ဘန်းစ်က ဂိုးရှေ့ကို လှလှပပ ခင်းပေးရာမှာ ဝီလ်ဆန်က ဂိုးသမား မာတီနက်ဇ်နဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ပွဲသိမ်း ပဉ္စမဂိုးကို ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်က မာဖီရဲ့ အကွက်မြင်တဲ့ ဘောလုံးခင်းပေးမှုကို လူကျွံထောင်ချောက်ကို ကျော်ပြေးသွားခဲ့တဲ့ ဘယ်ခြမ်းက ဘန်းစ်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘောကန်သွင်းပြီး အဆုံးသတ်သွားနိုင်ခဲ့လို့ ဗီလာတို့ကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်မှာ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ရွား၊ ေဘာ့တ္မန္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ တိုနာလီနဲ႔ ဂ်ိဳလင္တန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အက္စ္တန္ဗီလာအသင္းကေတာ့ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ ကြန္ဆာ၊ တိုင္႐ုန္းမင္းစ္၊ မက္တီ ကတ္ရွ္နဲ႔ ဒီညာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ မက္ဂင္းတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေဘလီ၊ ဒီယာဘီနဲ႔ ဝပ္ကင္းစ္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး သြင္းယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန ဂ်ိဳလင္တန္နဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး လြတ္သြားခဲ့တဲ့ ေဂၚဒန္က ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ လူသစ္ တိုနာလီက ေလွ်ာထိုးဝင္ရင္း Volley ကန္ခ်က္နဲ႔ လွလွပပ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ဗီလာတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက ရသြားခဲ့တဲ့ ဒီညာက ျဖတ္တင္ေပးတာကို ဝပ္ကင္းစ္ ဂိုးေရွ႕ကို ေခါင္းတိုက္ခ်ေပးရာမွာ ေနာက္က ပါလာတဲ့ ဒီယာဘီက ပိတ္သြင္းၿပီး တိုနာလီကို အားက်မခံဘဲ အဖြင့္ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

ဒါေပမယ့္ နယူးကာဆယ္လ္တို႔က ပြဲကို စိုးမိုးထားတာေၾကာင့္ ဂိုးထပ္ရဖို႔ေတာ့ မခက္ခဲ့သလို ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံ ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖရီးကစ္ကေန ထရစ္ပီယာ ေပးတဲ့ ေဘာလုံးကို တိုနာလီက ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ ဗီလာလူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္သြားခဲ့တဲ့ ေဘာ့တ္မန္က ဂိုးေရွ႕ျပန္ခ်ိဳးအေပးမွာ အီဆက္ခ္က မနားတမ္း ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

VAR ၾကည့္ၿပီး အတည္ျပဳခဲ့ရတဲ့ ဒီဂိုးေၾကာင့္ နယူးကာဆယ္လ္တို႔က ပထမပိုင္းမွာ ဗီလာတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ပြဲခ်ိန္ ၃၁ မိနစ္မွာ ဒဏ္ရာရသြားတဲ့ တိုင္႐ုန္းမင္းစ္အစား ေပၚေတာရက္စ္နဲ႔ ဒုတိယပိုင္းျပန္အစမွာ ေဘလီအစား တီးလီးမန္းစ္တို႔ကို ဧည့္သည္နည္းျပ အူႏိုင္း အမ္မရီက ဆက္တိုက္လဲကစားခဲ့ေပမယ့္ အိမ္ရွင္ေတြကို တုံ႔ျပန္ဖို႔ေတာ့ မတတ္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ စိတ္ပ်က္စရာ ေကာင္းေလာက္ေအာင္ အီဆက္ခ္ရဲ႕ အက်ႌကို ဆြဲၿဖဲေနခဲ့တဲ့ ပုံစံမ်ိဳးနဲ႔ ေဘာလုံးလုယူၿပီးမွ ျပန္ပ်က္ခဲ့တဲ့ ကြန္ဆာရဲ႕ အမွားကေန အီဆက္ခ္က ဂိုးသမား မာတီနက္ဇ္အေပၚက ေက်ာ္ကန္ၿပီး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ အီဆက္ခ္နဲ႔ ေဂၚဒန္တို႔အစား ဝီလ္ဆန္နဲ႔ ဟာဗီ ဘန္းစ္တို႔ ဝင္လာခဲ့ၾကၿပီး သူတို႔အတြဲကလည္း ေရွ႕က အတြဲထက္ေတာင္ပိုၿပီး နားလည္မႈ
ေကာင္းမြန္ခဲ့ၾကတာေၾကာင့္ ဗီလာတို႔ရဲ႕ လူကြၽံေဘာေတာင္ အိုးနင္းခြက္နင္း ဖမ္းေနတဲ့ ခံစစ္က ျပႆနာတက္ခဲ့ရၿပီး အမ္မရီအေနနဲ႔ မက္ဂင္း အစား ဒီေယဂို ကားလို႔စ္ကို ထပ္ထည့္ခဲ့ေပမယ့္ ဘာမွ မထူးခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ပဲ စတုတၳ အႏိုင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန လူကြၽံ ေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္သြားခဲ့တဲ့ ဘန္းစ္က ဂိုးေရွ႕ကို လွလွပပ ခင္းေပးရာမွာ ဝီလ္ဆန္က ဂိုးသမား မာတီနက္ဇ္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အပိုင္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ ပြဲသိမ္း ပၪၥမဂိုးကို ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္က မာဖီရဲ႕ အကြက္ျမင္တဲ့ ေဘာလုံးခင္းေပးမႈကို လူကြၽံေထာင္ေခ်ာက္ကို ေက်ာ္ေျပးသြားခဲ့တဲ့ ဘယ္ျခမ္းက ဘန္းစ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာကန္သြင္းၿပီး အဆုံးသတ္သြားႏိုင္ခဲ့လို႔ ဗီလာတို႔ကို ငါးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္မွာ ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.