Match Report Premier League

လိုက်ဖက်မညီတဲ့ Personality တွေကြောင့် ဖောရက်စ်ကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ လျှပ်စစ်အခက်အခဲကြောင့် နာရီဝက် နောက်ဆုတ်ခဲ့ရတဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ပါတေး၊ ဘန်ဝှိုက်၊ ဆာလီဘာနဲ့ တင်းမ်ဘားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ နကီးတီးယားနဲ့ မာတီနယ်လီတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဘိုလီ၊ ဝေါရဲလ်နဲ့ မက်ကင်နာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အူရီယေး၊ အိုင်နာ၊ ယိတ်စ်၊ ဂစ်ဘ်စ်-ဝှိုက်၊ ဒါနီလိုနဲ့ မန်ဂါလာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂျွန်ဆန်တစ်ယောက်တည်းကို တင်ကစားခဲ့တာပါ။

ပွဲစကတည်းက ပိတ်ကစားခဲ့တဲ့ ဖောရက်စ်တို့ကြောင့် အာဆင်နယ်တို့ ခက်ခဲသွားခဲ့ရသလို ညာခြမ်းမှာ ပွဲထွက်ခဲ့တဲ့ ပါတေးကလည်း အလယ်ချည်း ဝင်ချင်နေလို့ ဘန်ဝှိုက်က ညာခြမ်းကို ကူကစားခဲ့ရပြီး ဟာဗတ်ဇ်ကလည်း ရှေ့လိုလို နောက်လိုလိုနဲ့ ဖြစ်နေချိန်မှာ ဆာကာနဲ့ မာတီနယ်လီတို့ချည်း တောင်ပံတွေကနေ ရုန်းနေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဖောရက်စ် နောက်ခံလူနှစ်ယောက်ကို လှည့်ထွက်ခဲ့တဲ့ မာတီနယ်လီရဲ့ နောက်ပေါက်ချိတ်ပေးမှုက ဧရိယာထဲကို ကျလာချိန်မှာ နကီးတီးယားက အတွင်းကို ထပ်မံဆွဲယူပြီးမှ ကန်သွင်းခဲ့ရမှာ ဝေါရဲလ်နဲ့ ရှပ်ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ မတ်တာနာ မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောက ပြန်ကျလာတဲ့ ဘောလုံးကို ဆာလီဘာက ပြန်ရယူပြပေးတာကို ဆာကာက ညာတောင်ပံကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ အထဲကို ချိုးဝင်ပြီး ဧရိယာထိပ်ကနေ အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့ရာမှာ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်တဲ့ မတ်တာနာကို ငုတ်တုတ်မေ့စေခဲ့တာပါ။

ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ နာသွားခဲ့တဲ့ တင်းမ်ဘားကိုတော့ တိုမီယာစုနဲ့ လဲကစားခဲ့ရပြီး ဒီနေ့မှာ အာဆင်နယ်တို့အနေနဲ့ မောင်းနှင်အားကြီးမားတဲ့ ရိုက်စ်၊ အော်ဒီဂွါဒ်တို့လို ကစားသမားတွေနဲ့ အခွင့်အရေးရရင် အချောင်ခိုချင်တဲ့ ပါတေး၊ ဟာဗတ်ဇ်တို့လို ကစားသမားတွေကြား ကီးမကိုက်မှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ထိုးဖောက်ကန်သွင်းနေခဲ့ပေမယ့် မတ်တာနာ ကောင်းနေခဲ့လို့ ဂိုးမရခဲ့သလို ဖောရက်စ်တို့ဘက်က အိမ်ရှင်တွေရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်မှန်း ယုံကြည်သွားတာကြောင့် ဒါနီလို၊ အိုင်နာနဲ့ ဂျွန်ဆန်တို့အစား အဝိုနီယီ၊ နီကို ဝီလီယမ်စ်နဲ့ အီလန်ဂါတို့ကို ထည်သွင်းပြီး ကောင်တာချောင်းလာခဲ့သလို အာဆင်နယ်တို့ကတော့ နကီးတီးယားအစား ထရော့ဆတ်ကို လူစားလဲခဲ့ပေမယ့် ဆာကာနဲ့ အော်ဒီဂွါဒ်တို့ ပိတ်ဆို့ခံထားရချိန်မှာ အလုပ်မလုပ်နိုင်တဲ့ ဟာဗတ်ဇ်ကြောင့် တိုက်စစ်က ဘာမှ မလုပ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဖောရက်စ်တို့ ချေပဂိုးတစ်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာနောက်ခံလူနေရာမှာ ငပေါကြီး ဖြစ်နေတဲ့ ပါတေးကို ဖြတ်ကျော်ပြီး တောက်လျှောက်ဆွဲပြေးသွားခဲ့တဲ့ အီလန်ဂါက တောင်ပံကနေ ဂိုးရှေ့ကို ဖြတ်ချိုးပေးရာမှာ အဝိုနီယီက ဘန်ဝှိုက်ရဲ့ ရှေ့ကနေ အနီးကပ် ပိတ်သွင်းပြီး ရမ်းစ်ဒေးလ်ကို အနိုင်ယူသွားခဲ့တာပါ။

ဒီတော့မှ အာဆင်နယ်တို့ ထူပူသွားခဲ့လို မာတီနယ်လီအစား ဂါဘရီယယ်လ်ကို ထည့်သွင်းပြီး ခံစစ် Shape အမှန်ကို ပြန်တည်ခဲ့ရသလို ဖောရက်စ်တို့ကတော့ တည်ကန်ဘော၊ အမြင့်ဘောတွေနဲ့ ထိုးဖောက်ခဲ့ပြီး အိမ်ရှင်တွေကတော့ ကောင်တာတွေမှာပါ အဖြစ်မရှိလို့ သရေမကျအောင် ရုန်းကန်ခဲ့ရချိန်မှာ အရေးအကြောင်းဆို စိတ်လှုပ်ရှားနေတဲ့ အော်ဒီဂွါဒ်တို့အဖွဲ့ကတော့ အဖြုန်းတွေပဲ များခဲ့လို့ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာရဲ့ ပွဲသိမ်းခရာကို ဝိုင်းမျှော်ခဲ့ကြရတာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ဖောရက်စ်တို့ကို အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ အနိုင်ရဖို့ ရုန်းကန်ခဲ့ရသလို Personality တွေချင်း မကိုက်ညီဘဲ Contrast ဖြစ်မှုက သူတို့ကို ကျယ်လောင်တဲ့ အချက်ပေး ခေါင်းလောင်းသံကို ကြားစေခဲ့ရပြီး ဂျေဆူးစ်၊ ဇင်ချန်ကိုတို့လို စိတ်ဓာတ်ပိုင်း မြင့်မားသူတွေ မပါဝင်နိုင်ခဲ့ချိန်မှာ အာတီတာတို့အုပ်စုကို ဒီပုံစံနဲ့တော့ ပရီးမီးယားလိဂ်မှာ ဆရာကြီးလာမလုပ်နဲ့ဦးလို့ပဲ စတိဗ် ကူးပါးတို့အဖွဲ့ရဲ့ အောက်က လှန်ခွပ်သွားခြင်းကို ခံစားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ လွ်ပ္စစ္အခက္အခဲေၾကာင့္ နာရီဝက္ ေနာက္ဆုတ္ခဲ့ရတဲ့ ဒီေန႔ပြဲမွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ပါေတး၊ ဘန္ဝႈိက္၊ ဆာလီဘာနဲ႔ တင္းမ္ဘားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ နကီးတီးယားနဲ႔ မာတီနယ္လီတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ေနာ့တင္ဟမ္ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ ဘိုလီ၊ ေဝါရဲလ္နဲ႔ မက္ကင္နာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အူရီေယး၊ အိုင္နာ၊ ယိတ္စ္၊ ဂစ္ဘ္စ္-ဝႈိက္၊ ဒါနီလိုနဲ႔ မန္ဂါလာတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂြၽန္ဆန္တစ္ေယာက္တည္းကို တင္ကစားခဲ့တာပါ။

ပြဲစကတည္းက ပိတ္ကစားခဲ့တဲ့ ေဖာရက္စ္တို႔ေၾကာင့္ အာဆင္နယ္တို႔ ခက္ခဲသြားခဲ့ရသလို ညာျခမ္းမွာ ပြဲထြက္ခဲ့တဲ့ ပါေတးကလည္း အလယ္ခ်ည္း ဝင္ခ်င္ေနလို႔ ဘန္ဝႈိက္က ညာျခမ္းကို ကူကစားခဲ့ရၿပီး ဟာဗတ္ဇ္ကလည္း ေရွ႕လိုလို ေနာက္လိုလိုနဲ႔ ျဖစ္ေနခ်ိန္မွာ ဆာကာနဲ႔ မာတီနယ္လီတို႔ခ်ည္း ေတာင္ပံေတြကေန ႐ုန္းေနခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ေဖာရက္စ္ ေနာက္ခံလူႏွစ္ေယာက္ကို လွည့္ထြက္ခဲ့တဲ့ မာတီနယ္လီရဲ႕ ေနာက္ေပါက္ခ်ိတ္ေပးမႈက ဧရိယာထဲကို က်လာခ်ိန္မွာ နကီးတီးယားက အတြင္းကို ထပ္မံဆြဲယူၿပီးမွ ကန္သြင္းခဲ့ရမွာ ေဝါရဲလ္နဲ႔ ရွပ္ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ မတ္တာနာ မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာက ျပန္က်လာတဲ့ ေဘာလုံးကို ဆာလီဘာက ျပန္ရယူျပေပးတာကို ဆာကာက ညာေတာင္ပံကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ အထဲကို ခ်ိဳးဝင္ၿပီး ဧရိယာထိပ္ကေန အေဝးတိုင္ဘက္ကို ကန္သြင္းခဲ့ရာမွာ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္တဲ့ မတ္တာနာကို ငုတ္တုတ္ေမ့ေစခဲ့တာပါ။

ပထမပိုင္းမွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာ နာသြားခဲ့တဲ့ တင္းမ္ဘားကိုေတာ့ တိုမီယာစုနဲ႔ လဲကစားခဲ့ရၿပီး ဒီေန႔မွာ အာဆင္နယ္တို႔အေနနဲ႔ ေမာင္းႏွင္အားႀကီးမားတဲ့ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္တို႔လို ကစားသမားေတြနဲ႔ အခြင့္အေရးရရင္ အေခ်ာင္ခိုခ်င္တဲ့ ပါေတး၊ ဟာဗတ္ဇ္တို႔လို ကစားသမားေတြၾကား ကီးမကိုက္မႈေတြကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ ထိုးေဖာက္ကန္သြင္းေနခဲ့ေပမယ့္ မတ္တာနာ ေကာင္းေနခဲ့လို႔ ဂိုးမရခဲ့သလို ေဖာရက္စ္တို႔ဘက္က အိမ္ရွင္ေတြရဲ႕ တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္မွန္း ယုံၾကည္သြားတာေၾကာင့္ ဒါနီလို၊ အိုင္နာနဲ႔ ဂြၽန္ဆန္တို႔အစား အဝိုနီယီ၊ နီကို ဝီလီယမ္စ္နဲ႔ အီလန္ဂါတို႔ကို ထည္သြင္းၿပီး ေကာင္တာေခ်ာင္းလာခဲ့သလို အာဆင္နယ္တို႔ကေတာ့ နကီးတီးယားအစား ထေရာ့ဆတ္ကို လူစားလဲခဲ့ေပမယ့္ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ ပိတ္ဆို႔ခံထားရခ်ိန္မွာ အလုပ္မလုပ္ႏိုင္တဲ့ ဟာဗတ္ဇ္ေၾကာင့္ တိုက္စစ္က ဘာမွ မလုပ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ ေခ်ပဂိုးတစ္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာေနာက္ခံလူေနရာမွာ ငေပါႀကီး ျဖစ္ေနတဲ့ ပါေတးကို ျဖတ္ေက်ာ္ၿပီး ေတာက္ေလွ်ာက္ဆြဲေျပးသြားခဲ့တဲ့ အီလန္ဂါက ေတာင္ပံကေန ဂိုးေရွ႕ကို ျဖတ္ခ်ိဳးေပးရာမွာ အဝိုနီယီက ဘန္ဝႈိက္ရဲ႕ ေရွ႕ကေန အနီးကပ္ ပိတ္သြင္းၿပီး ရမ္းစ္ေဒးလ္ကို အႏိုင္ယူသြားခဲ့တာပါ။

ဒီေတာ့မွ အာဆင္နယ္တို႔ ထူပူသြားခဲ့လို မာတီနယ္လီအစား ဂါဘရီယယ္လ္ကို ထည့္သြင္းၿပီး ခံစစ္ Shape အမွန္ကို ျပန္တည္ခဲ့ရသလို ေဖာရက္စ္တို႔ကေတာ့ တည္ကန္ေဘာ၊ အျမင့္ေဘာေတြနဲ႔ ထိုးေဖာက္ခဲ့ၿပီး အိမ္ရွင္ေတြကေတာ့ ေကာင္တာေတြမွာပါ အျဖစ္မရွိလို႔ သေရမက်ေအာင္ ႐ုန္းကန္ခဲ့ရခ်ိန္မွာ အေရးအေၾကာင္းဆို စိတ္လႈပ္ရွားေနတဲ့ ေအာ္ဒီဂြါဒ္တို႔အဖြဲ႕ကေတာ့ အျဖဳန္းေတြပဲ မ်ားခဲ့လို႔ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာရဲ႕ ပြဲသိမ္းခရာကို ဝိုင္းေမွ်ာ္ခဲ့ၾကရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က ေဖာရက္စ္တို႔ကို အိမ္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ အႏိုင္ရဖို႔ ႐ုန္းကန္ခဲ့ရသလို Personality ေတြခ်င္း မကိုက္ညီဘဲ Contrast ျဖစ္မႈက သူတို႔ကို က်ယ္ေလာင္တဲ့ အခ်က္ေပး ေခါင္းေလာင္းသံကို ၾကားေစခဲ့ရၿပီး ေဂ်ဆူးစ္၊ ဇင္ခ်န္ကိုတို႔လို စိတ္ဓာတ္ပိုင္း ျမင့္မားသူေတြ မပါဝင္ႏိုင္ခဲ့ခ်ိန္မွာ အာတီတာတို႔အုပ္စုကို ဒီပုံစံနဲ႔ေတာ့ ပရီးမီးယားလိဂ္မွာ ဆရာႀကီးလာမလုပ္နဲ႔ဦးလို႔ပဲ စတိဗ္ ကူးပါးတို႔အဖြဲ႕ရဲ႕ ေအာက္က လွန္ခြပ္သြားျခင္းကို ခံစားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.