Bundesliga Premier League

ဟာရီ ကိန်းကို အကြောင်းအရင်း ၂ ခုကြောင့် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်ယူနိုက်တက်

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုနွေရာဦအစောပိုင်းမှာ အကြောင်းအရင်း ၂ ခုကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကနေ နောက်ဆုတ်ခဲ့ပြီးနောက် ဟာရီ ကိန်းကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိန်းဟာ သောကြာနေ့ညက ဆေးစစ်ဖို့အတွက် မြူးနစ်ကို ထွက်ခွာခဲ့တာဖြစ်ပြီး ယနေ့နံနက်အစောပိုင်းမှာ အင်္ဂလန်တိုက်စစ်မှူးက အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး ကျောနံပါတ် ၉ ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဟာရီ ကိန်းအတွက် တော့တင်ဟမ်ဟော့စပါးကို ကနဦး ပေါင်သန်း ၁၀၀ နဲ့ ထပ်ဆောင်းပေးချေမှု ပေါင်သန်း ၂၀ ပေးချေသွားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ယခုနွေရာဦအစောပိုင်းမှာ နှစ်ပေါင်းများစွာ ခေါ်ယူချင်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးကို အရခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ နွေရာသီကို စတင်ခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့ရာသီလယ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း ဟာရီ ကိန်းကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး The Athletic ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ အပြိုင်အဆိုင် ကမ်းလှမ်းမယ့် ပြိုင်ပွဲမှာ အနိုင်ရနိုင်ခြေ အနည်းငယ်သာရှိတယ်လို့ ခံစားခဲ့ရတာကြောင့် စိတ်ဝင်စားမှု အေးစက်သွားခဲ့တာလို့ သိရပါတယ်။

အဲဒီအပြင် မန်ချက်စတာယူနိုက်တက်ဟာ ဒန်နီရယ် လီဗိုင်းနဲ့ သဘောတူညီမှု ရရှိဖို့အတွက် လိုအပ်တဲ့ ဘဏ္ဍာရေးအခြေအနေရရှိအောင် လုပ်နိုင်မယ်ဆိုရင်တောင်မှ ကိန်းက ချန်ပီယံလိဂ်ဖလားအတွက် စိန်ခေါ်ဖို့အတွက် အသင့်ပြင်ဆင်ထားပြီးသားလို့ ယူဆထားတဲ့ ဘိုင်ယန်မြူးနစ်ကိုပဲ ပိုမိုပြောင်းရွှေ့ချင်နေဆဲဖြစ်တာကြောင့် နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္အသင္းဟာ ယခုေႏြရာဦအေစာပိုင္းမွာ အေၾကာင္းအရင္း ၂ ခုေၾကာင့္ အဂၤလန္အသင္းေခါင္းေဆာင္ကို ေခၚယူမယ့္ ၿပိဳင္ပြဲထဲကေန ေနာက္ဆုတ္ခဲ့ၿပီးေနာက္ ဟာရီ ကိန္းကို အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ကိန္းဟာ ေသာၾကာေန႔ညက ေဆးစစ္ဖို႔အတြက္ ျမဴးနစ္ကို ထြက္ခြာခဲ့တာျဖစ္ၿပီး ယေန႔နံနက္အေစာပိုင္းမွာ အဂၤလန္တိုက္စစ္မႉးက အသင္းနဲ႔ ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေက်ာနံပါတ္ ၉ ကို ဝတ္ဆင္သြားမွာျဖစ္တယ္လို႔ ဘိုင္ယန္ျမဴးနစ္က အတည္ျပဳခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ဟာရီ ကိန္းအတြက္ ေတာ့တင္ဟမ္ေဟာ့စပါးကို ကနဦး ေပါင္သန္း ၁၀၀ နဲ႔ ထပ္ေဆာင္းေပးေခ်မႈ ေပါင္သန္း ၂၀ ေပးေခ်သြားရမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က ယခုေႏြရာဦအေစာပိုင္းမွာ ႏွစ္ေပါင္းမ်ားစြာ ေခၚယူခ်င္ခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးကို အရေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ေႏြရာသီကို စတင္ခဲ့တာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ဟာ ၿပီးခဲ့တဲ့ရာသီလယ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ထြက္ခြာသြားၿပီးေနာက္ပိုင္း ဟာရီ ကိန္းကို ေခၚယူခ်င္ခဲ့တာျဖစ္ၿပီး The Athletic ရဲ႕ ေဖာ္ျပခ်က္အရ သရဲနီေတြဟာ အၿပိဳင္အဆိုင္ ကမ္းလွမ္းမယ့္ ၿပိဳင္ပြဲမွာ အႏိုင္ရႏိုင္ေျခ အနည္းငယ္သာရွိတယ္လို႔ ခံစားခဲ့ရတာေၾကာင့္ စိတ္ဝင္စားမႈ ေအးစက္သြားခဲ့တာလို႔ သိရပါတယ္။

အဲဒီအျပင္ မန္ခ်က္စတာယူႏိုက္တက္ဟာ ဒန္နီရယ္ လီဗိုင္းနဲ႔ သေဘာတူညီမႈ ရရွိဖို႔အတြက္ လိုအပ္တဲ့ ဘ႑ာေရးအေျခအေနရရွိေအာင္ လုပ္ႏိုင္မယ္ဆိုရင္ေတာင္မွ ကိန္းက ခ်န္ပီယံလိဂ္ဖလားအတြက္ စိန္ေခၚဖို႔အတြက္ အသင့္ျပင္ဆင္ထားၿပီးသားလို႔ ယူဆထားတဲ့ ဘိုင္ယန္ျမဴးနစ္ကိုပဲ ပိုမိုေျပာင္းေ႐ႊ႕ခ်င္ေနဆဲျဖစ္တာေၾကာင့္ ေနာက္ဆုတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.