Match Report Premier League

ဘန်လေကို တောက်ချပြီး မန်စီးတီးတို့အတွက် ဟားလန်းယူပေးတဲ့ ခပ်လွယ်လွယ်နိုင်ပွဲ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ အာကေ၊ ဝေါ်လ်ကာနဲ့ ရီကို လူးဝစ္စတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဖိုဒန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ကို တွဲဖက်ကစားစေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘန်လေတို့ကတော့ ဂိုးသမား ထရက်ဖို့ဒ်၊ ခံစစ်မှာ ဒါခီးလ်၊ အိုရှေး၊ ဘိုင်ယာ၊ ရောဘတ်စ်နဲ့ ဗီတင်ညိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ် မှာတော့ ဘာဂါ၊ ကာလန်၊ ကိုလီယိုရှိုနဲ့ ဖော့စတာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အမ်ဒူနီ တစ်ဦးတည်းကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို အတိုပေးပြီး ညာခြမ်းကနေ ဒီဘရိုင်းနားက ဖြတ်တင်ပေးတာကို ဘယ်ဘက်ဂိုးတိုင်နားမှာ ရှိနေတဲ့ ရိုဒရီက ခေါင်းတိုက်ချအပေးမှာ ဘန်လေနောက်ခံလူတွေကြားကနေ ဟားလန်းက ပထမဆုံးထိချက်နဲ့ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဘန်လေတို့ရဲ့ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြေးသွားတဲ့ ၃၃ နှစ်သားကြီး ဝေါ်လ်ကာရဲ့ ဧရိယာထဲကို ချိုးပေးတာကို အယ်လ်ဗာရက်ဇ်က မကန်ဘဲ ချပေးရာမှာ ဟားလန်းက ဂိုးကိုတောင် လှမ်းကြည့်မနေဘဲ ကြုံးထည့်သွားတာက ဘားထိပြီး ဝင်သွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၇၅ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ အနိုင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဖိုဒန် ကန်တင်ပေးတဲ့ ဖရီးကစ်ကို အာကေနဲ့ ယှဉ်လုကြတဲ့ ဘန်လေခံစစ်က မရှင်းထုတ်နိုင်ဘဲ လည်ထွက်လာတဲ့ ဘောလုံးကို ရိုဒရီက အနီးကပ် ကန်သွင်းယူပြီး အဆုံးသတ်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပြီး လူးဝစ်၊ အာကေနဲ့ ဟားလန်းတို့အစား လာပေါ့တ်၊ ဂွါဒီယောလ်နဲ့ ပါးလ်မားတို့ကို လူစားလဲသွားခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ ဝေါ်လ်ကာကို အဖျက်ကြမ်းတဲ့ အိမ်ရှင်ကစားသမား ဇာရူရီ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘန်လေတို့ကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အမှားအယွင်းမရှိ အနိုင်ယူခဲ့ကြသလို ချန်ပီယံဖြစ်ချင်တဲ့ အသင်းမျိုးဆိုရင် ဘယ်လိုနေနေ နိုင်သင့်တဲ့ ပွဲမျိုးကို အနိုင်ကစားတတ်ရတယ်လို့ ပြိုင်ဘက်တွေကို ဆရာလုပ်သွားခဲ့အပြီး အမှတ်ပေးဇယားထိပ်မှာ စတင်ရပ်တည်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ အာေက၊ ေဝၚလ္ကာနဲ႔ ရီကို လူးဝစၥတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဖိုဒန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို တြဲဖက္ကစားေစခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘန္ေလတို႔ကေတာ့ ဂိုးသမား ထရက္ဖို႔ဒ္၊ ခံစစ္မွာ ဒါခီးလ္၊ အိုေရွး၊ ဘိုင္ယာ၊ ေရာဘတ္စ္နဲ႔ ဗီတင္ညိဳတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္ မွာေတာ့ ဘာဂါ၊ ကာလန္၊ ကိုလီယိုရႈိနဲ႔ ေဖာ့စတာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အမ္ဒူနီ တစ္ဦးတည္းကို ပြဲထုတ္လာခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကို အတိုေပးၿပီး ညာျခမ္းကေန ဒီဘ႐ိုင္းနားက ျဖတ္တင္ေပးတာကို ဘယ္ဘက္ဂိုးတိုင္နားမွာ ရွိေနတဲ့ ႐ိုဒရီက ေခါင္းတိုက္ခ်အေပးမွာ ဘန္ေလေနာက္ခံလူေတြၾကားကေန ဟားလန္းက ပထမဆုံးထိခ်က္နဲ႔ ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ဘန္ေလတို႔ရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ေျပးသြားတဲ့ ၃၃ ႏွစ္သားႀကီး ေဝၚလ္ကာရဲ႕ ဧရိယာထဲကို ခ်ိဳးေပးတာကို အယ္လ္ဗာရက္ဇ္က မကန္ဘဲ ခ်ေပးရာမွာ ဟားလန္းက ဂိုးကိုေတာင္ လွမ္းၾကည့္မေနဘဲ ႀကဳံးထည့္သြားတာက ဘားထိၿပီး ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ တတိယ အႏိုင္ဂိုးကို ထပ္မံသြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဖိုဒန္ ကန္တင္ေပးတဲ့ ဖရီးကစ္ကို အာေကနဲ႔ ယွဥ္လုၾကတဲ့ ဘန္ေလခံစစ္က မရွင္းထုတ္ႏိုင္ဘဲ လည္ထြက္လာတဲ့ ေဘာလုံးကို ႐ိုဒရီက အနီးကပ္ ကန္သြင္းယူၿပီး အဆုံးသတ္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ၿပီး လူးဝစ္၊ အာေကနဲ႔ ဟားလန္းတို႔အစား လာေပါ့တ္၊ ဂြါဒီေယာလ္နဲ႔ ပါးလ္မားတို႔ကို လူစားလဲသြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာ ေဝၚလ္ကာကို အဖ်က္ၾကမ္းတဲ့ အိမ္ရွင္ကစားသမား ဇာ႐ူရီ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ခံခဲ့ရၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က ဘန္ေလတို႔ကို အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ အမွားအယြင္းမရွိ အႏိုင္ယူခဲ့ၾကသလို ခ်န္ပီယံျဖစ္ခ်င္တဲ့ အသင္းမ်ိဳးဆိုရင္ ဘယ္လိုေနေန ႏိုင္သင့္တဲ့ ပြဲမ်ိဳးကို အႏိုင္ကစားတတ္ရတယ္လို႔ ၿပိဳင္ဘက္ေတြကို ဆရာလုပ္သြားခဲ့အၿပီး အမွတ္ေပးဇယားထိပ္မွာ စတင္ရပ္တည္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.