Match Report Other Leagues

ရှားလော့တ်ကို အနိုင်ယူပြီး လိဂ်ဖလားဆီမီးတက်ခဲ့တဲ့ မက်ဆီရဲ့ အင်တာ မိုင်ယာမီ

ဒီနေ့မနက် ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ ရှားလော့တ်တို့ရဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်တာ မိုင်ယာမီက ၄-၀ နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်း စတင်ပြီး ၁၂ မိနစ်အကြာမှာပဲ ဟာရစ်ဆင် အက်ဖူးလ်က ပင်နယ်တီဧရိယာထဲမှာ ဒစ်ဆင် အာရိုယိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် အင်တာ မိုင်ယာမီက ပင်နယ်တီ ကန်ခွင့် ရရှိခဲ့ပြီး မာတီနက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းပြီး အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းက ရှားလော့တ်ကို အသာစီးနဲ့ ကစားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး မိနစ် ၃၀ မှာ ရောဘတ် တေလာ ပေးပို့လိုက်တဲ့ ဘောလုံးကို လီယွန်နယ် မက်ဆီက ဂိုးဘယ်ဖက် ထောင့်ကို ဘယ်ခြေနဲ့ ကန်သွင်းမှုကို ရှားလော့တ်ဂိုးသမား ကာလီနာက ကာကွယ်သွားနိုင်ခဲ့လို့သာ နောက်ထပ် ဦးဆောင်ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာတော့ ယက်ဒ်လင်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ရောဘတ် တေလာက ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ညာခြေနဲ့ အပြင်းကန်သွင်းပြီး နောက်ထပ်ဦးဆောင်ဂိုးကို အင်တာမိုင်ယာမီတို့ ရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ရှားလော့တ်က ကစားအား ကောင်းလာပြီး ချေပဂိုးတွေ သွင်းယူဖို့ တရစပ် ကြိုးပမ်းလာခဲ့ပေမယ့်လည်း အင်တာ မိုင်ယာမီဂိုးသမား ကယ်လန်ဒါက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး ၇၈ မိနစ်မှာ ချားလော့တ်နောက်ခံလူ မာလန်ဒါက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် အင်တာ မိုင်ယာမီတို့ နောက်ထပ် ဦးဆောင်ဂိုးကို ရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြီးဆုံးခါနီး ၄ မိနစ်အလိုမှာ လီယွန်နယ် မက်ဆီက လီယိုနာဒို ကမ်ပန်နာရဲ့ ပေးပို့မှုကနေတဆင့် ဂိုးအလယ်အပေါ်ကို အပြင်းကန်သွင်းသွားပြီး စတုတ္ထမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် အာဂျင်တီးနားဂန္တဝင်ဟာ နောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်တာ မိုင်ယာမီအသင်းဟာ ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် လိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံသွားမလဲဆိုတာ စောင့်ကြည့်ဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔မနက္ ၇ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အင္တာမိုင္ယာမီနဲ႔ ရွားေလာ့တ္တို႔ရဲ႕ လိဂ္ဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ အင္တာ မိုင္ယာမီက ၄-၀ နဲ႔ အႏိုင္ရရွိၿပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပထမပိုင္း စတင္ၿပီး ၁၂ မိနစ္အၾကာမွာပဲ ဟာရစ္ဆင္ အက္ဖူးလ္က ပင္နယ္တီဧရိယာထဲမွာ ဒစ္ဆင္ အာ႐ိုယိုကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ အင္တာ မိုင္ယာမီက ပင္နယ္တီ ကန္ခြင့္ ရရွိခဲ့ၿပီး မာတီနက္ဇ္က အမွားအယြင္းမရွိ ကန္သြင္းၿပီး အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အင္တာမိုင္ယာမီအသင္းက ရွားေလာ့တ္ကို အသာစီးနဲ႔ ကစားႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး မိနစ္ ၃၀ မွာ ေရာဘတ္ ေတလာ ေပးပို႔လိုက္တဲ့ ေဘာလုံးကို လီယြန္နယ္ မက္ဆီက ဂိုးဘယ္ဖက္ ေထာင့္ကို ဘယ္ေျခနဲ႔ ကန္သြင္းမႈကို ရွားေလာ့တ္ဂိုးသမား ကာလီနာက ကာကြယ္သြားႏိုင္ခဲ့လို႔သာ ေနာက္ထပ္ ဦးေဆာင္ဂိုး မရရွိခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာမွာေတာ့ ယက္ဒ္လင္ရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ ေရာဘတ္ ေတလာက ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ညာေျခနဲ႔ အျပင္းကန္သြင္းၿပီး ေနာက္ထပ္ဦးေဆာင္ဂိုးကို အင္တာမိုင္ယာမီတို႔ ရရွိသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ရွားေလာ့တ္က ကစားအား ေကာင္းလာၿပီး ေခ်ပဂိုးေတြ သြင္းယူဖို႔ တရစပ္ ႀကိဳးပမ္းလာခဲ့ေပမယ့္လည္း အင္တာ မိုင္ယာမီဂိုးသမား ကယ္လန္ဒါက လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့ၿပီး ၇၈ မိနစ္မွာ ခ်ားေလာ့တ္ေနာက္ခံလူ မာလန္ဒါက ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ အင္တာ မိုင္ယာမီတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့ပါတယ္။

ဒုတိယပိုင္း ၿပီးဆုံးခါနီး ၄ မိနစ္အလိုမွာ လီယြန္နယ္ မက္ဆီက လီယိုနာဒို ကမ္ပန္နာရဲ႕ ေပးပို႔မႈကေနတဆင့္ ဂိုးအလယ္အေပၚကို အျပင္းကန္သြင္းသြားၿပီး စတုတၳေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ အာဂ်င္တီးနားဂႏၲဝင္ဟာ ေနာက္ဆုံး ၅ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အင္တာ မိုင္ယာမီအသင္းဟာ ဒီေန႔ပြဲစဥ္မွာ အႏိုင္ရရွိခဲ့တာေၾကာင့္ လိဂ္ဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဆီမီးဖိုင္နယ္အဆင့္မွာ ဘယ္အသင္းနဲ႔ ေတြ႕ဆုံသြားမလဲဆိုတာ ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.