Bundesliga Premier League Transfer News

ဟာရီကိန်းကို ဘိုင်ယန်-စပါးစ် သဘောတူညီပြီး ကာယကံရှင် မရေမရာဖြစ်နေ

ဟာရီကိန်းအတွက် ဘိုင်ယန်မြူးနစ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ကြားထဲမှာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ (ပေါင် ၈၆ သန်း)နဲ့ ဒီနေ့မှာ သဘောတူညီလိုက်ပြီဖြစ်ပေမယ့် ကာယကံရှင်ရဲ့ ဆန္ဒကတော့ အဖြူအမည်း မသဲကွဲသေးဘဲ မရေမရာဖြစ်နေတယ်လို့ ဆိုပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်အနေနဲ့ မိခင်မြေကနေ ခွာရမှာနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးစံချိန် ချိုးမယ့်ကိစ္စကို လမ်းတဝက်မှာ ရပ်တန့်ရမှာကို တွန့်ဆုတ်နေပုံပေါ်ပြီး စပါးစ်အသင်းဖော်တချို့ကလည်း သူ့ကို ထွက်မသွားစေချင်လို့ တတ်အားသရွေ့ စည်းရုံးနေကြတယ်လို့လည်း သတင်းတချို့က ဖော်ပြထားခဲ့တာပါ။

ဟာရီကိန်းအနေနဲ့ ဂျာမန်မြေကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ ဘာဗေးရီးယားသားတွေရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာမှာဖြစ်သလို ပေါင်ငွေတန်ဖိုးတက်နေမှုအရ ဂါရက် ဘေးလ်ရဲ့ ယူရိုသန်း ၁၀၀ (ပေါင် ၈၅.၃ သန်း)ကို ကျော်လွန်သွားမှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဂိုး ၂၆၀ နဲ့ စံချိန်တင်ထားခဲ့တဲ့ ဘလက်ဘန်းနဲ့ နယူးကာဆယ်လ်တိုက်စစ်မှူးဟောင်းကြီး အလန် ရှီးယားကတော့ စပါးစ်ရဲ့ ၂၁၃ ဂိုးရှင်အနေနဲ့ ဘိုင်ယန်ပြောင်းရင် ကားမောင်းပို့မယ်ဆိုပြီး စောင့်ဆိုင်းနေချိန်မှာ ကာယကံရှင် ဘာပြောမလဲတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာရီကိန္းအတြက္ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ၾကားထဲမွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၁၀၀ (ေပါင္ ၈၆ သန္း)နဲ႔ ဒီေန႔မွာ သေဘာတူညီလိုက္ၿပီျဖစ္ေပမယ့္ ကာယကံရွင္ရဲ႕ ဆႏၵကေတာ့ အျဖဴအမည္း မသဲကြဲေသးဘဲ မေရမရာျဖစ္ေနတယ္လို႔ ဆိုပါတယ္။

အသက္ ၃၀ အ႐ြယ္ အဂၤလန္အသင္းေခါင္းေဆာင္အေနနဲ႔ မိခင္ေျမကေန ခြာရမွာနဲ႔ ပရီးမီးယားလိဂ္မွာ ဂိုးစံခ်ိန္ ခ်ိဳးမယ့္ကိစၥကို လမ္းတဝက္မွာ ရပ္တန႔္ရမွာကို တြန႔္ဆုတ္ေနပုံေပၚၿပီး စပါးစ္အသင္းေဖာ္တခ်ိဳ႕ကလည္း သူ႔ကို ထြက္မသြားေစခ်င္လို႔ တတ္အားသေ႐ြ႕ စည္း႐ုံးေနၾကတယ္လို႔လည္း သတင္းတခ်ိဳ႕က ေဖာ္ျပထားခဲ့တာပါ။

ဟာရီကိန္းအေနနဲ႔ ဂ်ာမန္ေျမကို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့ရင္ေတာ့ ဘာေဗးရီးယားသားေတြရဲ႕ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ျဖစ္လာမွာျဖစ္သလို ေပါင္ေငြတန္ဖိုးတက္ေနမႈအရ ဂါရက္ ေဘးလ္ရဲ႕ ယူ႐ိုသန္း ၁၀၀ (ေပါင္ ၈၅.၃ သန္း)ကို ေက်ာ္လြန္သြားမွာလည္း ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဂိုး ၂၆၀ နဲ႔ စံခ်ိန္တင္ထားခဲ့တဲ့ ဘလက္ဘန္းနဲ႔ နယူးကာဆယ္လ္တိုက္စစ္မႉးေဟာင္းႀကီး အလန္ ရွီးယားကေတာ့ စပါးစ္ရဲ႕ ၂၁၃ ဂိုးရွင္အေနနဲ႔ ဘိုင္ယန္ေျပာင္းရင္ ကားေမာင္းပို႔မယ္ဆိုၿပီး ေစာင့္ဆိုင္းေနခ်ိန္မွာ ကာယကံရွင္ ဘာေျပာမလဲေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.