Match Report Premier League

ဒိုင်နှိပ်စက်သမျှ တောင့်ခံပြီးမှ မန်စီးတီးကို ပင်နယ်တီမှာ အနိုင်ယူတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ တင်းမ်ဘားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ဒက်ကလန် ရိုက်စ်နဲ့ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတို့ကတော့ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ စတုန်းစ်၊ ဝေါ်လ်ကာနဲ့ အာကန်ဂျီတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုဗာချစ်ချ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂရီးလစ်ရှ်တို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်နဲ့ ဟားလန်းတို့ကို တင်ကစားလာခဲ့တာပါ။

ပွဲစကတည်းက မန်စီးတီးတို့ ဘောလုံးကိုင်ကစားခဲ့ပြီး အာဆင်နယ်တို့ကတော့ ဒက်ကလန် ရိုက်စ်ကို ရှေ့တက်ကစားခိုင်းတဲ့ ပုံစံကို သုံးခဲ့ချိန်မှာ ဟာဗတ်ဇ်ရဲ့ Pressing တွေက လိုအပ်ချက်တွေ များနေခဲ့တာကြောင့် မန်စီးတီးတို့ဘက်က ဂိုးသမား အော်တေဂါက ဂိုးတက်သွင်းမယ်ဆိုရင်တောင် အနှောင့်အယှက် မရှိမယ့် ပုံစံမျိုး ဖြစ်နေခဲ့ပါတယ်။

ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်ရဲ့ စုတ်ပြတ်သတ်နေတဲ့ ကိုင်တွယ်ပုံက ဘာမှန်းမသိတဲ့ အဝါကတ်တွေကို မြင်ခဲ့ရစေသလို မန်စီးတီးဘက်က ရိုဒရီကတော့ လုပ်ချင်တာလုပ် နဘယံ ဘေးမရှိဖြစ်နေပြီး လူချခွင့်လိုင်စင်ရထားသလား ထင်ရအောင် ဖြစ်နေခဲ့ချိန်မှာ နည်းပြ အာတီတာ ပေါက်ကွဲခဲ့ပြီး အဝါကတ်ပါ ထိခဲ့သေးတာပါ။

ပထမပိုင်းမှာ ဟာဗတ်ဇ်ရဲ့ အခွင့်အရေးနှစ်ကြိမ်ကို ဂိုးသမားတည့်တည့်ချည်း ကန်မိခဲ့လို့ ဂိုးမရှိသရေဖြစ်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ ဖိကစားခဲ့ပေမယ့် အားအနည်းဆုံး Weak Link ဖြစ်နေတဲ့ ကိုဗာချစ်ချ်က ဂွန်ဒိုးဝမ်ရဲ့ နေရာကို အစားမဝင်နိုင်သေးသလို ဘာနာဒို ဆေးလ်ဗားကလည်း တင်းမ်ဘားရဲ့ အိတ်ထဲက မထွက်နိုင်ခဲ့တာကြောင့် ဗျူဟာပြိုင်ပွဲက အတော်လေး ကြည့်ကောင်းခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မန်စီးတီးတို့ ပိုမိုထိုးဖောက်နိုင်ခဲ့ပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ နေရာယူမှန်မှန်နဲ့ ကာကွယ်မှုတွေကြောင့် ဂိုးရဖို့ ခက်နေခဲ့သလို မန်စီးတီးတို့ဘက်က ဂရီးလစ်ရှ်၊ ကိုဗာချစ်ချ်နဲ့ ဟားလန်းတို့အစား ဖိုဒန်၊ ဒီဘရိုင်းနားနဲ့ ပါးလ်မားတို့ကို ထည့်ခဲ့ပြီး အာဆင်နယ်တို့ဘက်ကတော့ တင်းမ်ဘားနဲ့ မာတီနယ်လီတို့အစား တီယာနီနဲ့ ထရော့ဆတ်တို့ကို ထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုးရသွားခဲ့ပြီး ဒီဂိုးကိုတော့ ပါတေးရဲ့ ပုံမကျ ပန်းမကျ တက်လုတာကနေ Break နိုင်ခဲ့တဲ့ မန်စီးတီးတို့ ညာခြမ်းကနေ ထိုးဖောက်ခဲ့ရာမှာ နေရာယူမှု၊ ဖျက်ထုတ်မှု၊ တည်ငြိမ်မှု သုံးခုစလုံး တစ်ပြိုင်တည်း ညံ့ဖျင်းပြီး တောသားကျလွန်းနေတဲ့ တီယာနီကို ပါးလ်မားက ကျော်ဖြတ်ပြီး အဝေးတိုင်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ရမ်းစ်ဒေးလ် မမီဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က ဂါဘရီယယ်လ်၊ ရိုက်စ်နဲ့ ဟာဗတ်ဇ်တို့အစား စမစ်ရိုး၊ ဖာဘီယို ဗီယာရာနဲ့ နကီးတီးယားတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ချိန်မှာ မန်စီးတီးတို့ ခံစစ်နဲ့ ကောင်တာသာ ကစားနေခဲ့ပြီး ပွဲချိန် မိနစ် ၉၀ အပြည့်မှာတော့ နာကျင်အချိန်ပို ၈ မိနစ်အထိ ပေးခဲ့သလို ဝေါ်လ်ကာနဲ့ ပါတေးတို့ ခေါင်းချင်းဆောင့်မိလို့ပါ မိနစ်တွေက ထပ်တိုးလာခဲ့တာပါ။

ပွဲချိန် ၁၀၁ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုးရသွားခဲ့ပြီး ညာထောင့်ကန်ဘောကနေ မန်စီးတီးတို့ ရှင်းထုတ်ခဲ့တာကို ပြရခဲ့တဲ့ ဆာကာက အတွင်းကို ပြန်ပေးရာမှာ ထရော့ဆတ်က တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ ကန်သွင်းတာက သိပ်မကောင်းခဲ့ပေမယ့် နောက်ခံလူ အာကန်ဂျီကို မှန်ပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဒိုက်ပစ်စောတဲ့ အော်တေဂါ ငုတ်တုတ်မေ့ခဲ့ရသလို တစ်ဂိုးစီသရေနဲ့ ပင်နယ်တီ ကန်ဖို့ ဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ရာမှာတော့ အာဆင်နယ်ဘက်က ကပ္ပတိန် အော်ဒီဂွါဒ် လှလှပပ ကန်သွင်းနိုင်ခဲ့ပေမယ့် မန်စီးတီးကပ္ပတိန် ဒီဘရိုင်းနား ဘားထိခဲ့အပြီး ဒုတိယအကြိမ်မှာတော့ အာဆင်နယ်ဘက်က ထရော့ဆတ်က တည်တည်ငြိမ်ငြိမ်ပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သလို မန်စီးတီးရဲ့ ဘာနာဒို ဆေးလ်ဗားက ဂိုးစယူပေးနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

တတိယအလုံးကိုတော့ ရာသီကြိုမှာ လွဲထားဖူးလို့ ပရိသတ်တွေ စိုးရိမ်နေတဲ့ ဆာကာက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပြီး မန်စီးတီးဘက်က ရိုဒရီ ကန်သွင်းရာမှာတော့ ဂိုးသမား ရမ်းစ်ဒေးလ်က မှန်မှန်ကန်ကန် ခန့်မှန်းပြီး ကာကွယ်သွားခဲ့အပြီးမှာ စတုတ္ထ ပင်နယ်တီကိုတော့ ဖာဘီယို ဗီယာရာက ဘယ်ဘက်အပေါ်ထောင့်ထဲကို လှလှပပ ကန်ထည့်သွားနိုင်ခဲ့လို့ လေးလုံးမြောက်မှာ လေးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့အတွက်တော့ ရာသီကြိုမှာ ကွန်မြူနတီဒိုင်းတစ်လုံးနဲ့ အဖွင့်လှနိုင်ခဲ့ကြပြီး သူတို့အတွက် ၁၇ ကြိမ်မြောက် ဒိုင်းကို ရယူနိုင်ခဲ့ကြသလို ဒုတိယ အအောင်မြင်ဆုံးအသင်းဖြစ် လီဗာပူးလ်ကို ချန်ထားနိုင်ခဲ့ကြပြီး မန်စီးတီးတို့ကတော့ နောက်ဆုံး သုံးနှစ်ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးနဲ့ ကြုံတွေ့သွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒိုင္ႏွိပ္စက္သမွ် ေတာင့္ခံၿပီးမွ မန္စီးတီးကို ပင္နယ္တီမွာ အႏိုင္ယူတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ တင္းမ္ဘားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ဒက္ကလန္ ႐ိုက္စ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ဟာဗတ္ဇ္တို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးတို႔ကေတာ့ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ စတုန္းစ္၊ ေဝၚလ္ကာနဲ႔ အာကန္ဂ်ီတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ကိုဗာခ်စ္ခ်္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဂရီးလစ္ရွ္တို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ဗာရက္ဇ္နဲ႔ ဟားလန္းတို႔ကို တင္ကစားလာခဲ့တာပါ။

ပြဲစကတည္းက မန္စီးတီးတို႔ ေဘာလုံးကိုင္ကစားခဲ့ၿပီး အာဆင္နယ္တို႔ကေတာ့ ဒက္ကလန္ ႐ိုက္စ္ကို ေရွ႕တက္ကစားခိုင္းတဲ့ ပုံစံကို သုံးခဲ့ခ်ိန္မွာ ဟာဗတ္ဇ္ရဲ႕ Pressing ေတြက လိုအပ္ခ်က္ေတြ မ်ားေနခဲ့တာေၾကာင့္ မန္စီးတီးတို႔ဘက္က ဂိုးသမား ေအာ္ေတဂါက ဂိုးတက္သြင္းမယ္ဆိုရင္ေတာင္ အေႏွာင့္အယွက္ မရွိမယ့္ ပုံစံမ်ိဳး ျဖစ္ေနခဲ့ပါတယ္။

ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္ရဲ႕ စုတ္ျပတ္သတ္ေနတဲ့ ကိုင္တြယ္ပုံက ဘာမွန္းမသိတဲ့ အဝါကတ္ေတြကို ျမင္ခဲ့ရေစသလို မန္စီးတီးဘက္က ႐ိုဒရီကေတာ့ လုပ္ခ်င္တာလုပ္ နဘယံ ေဘးမရွိျဖစ္ေနၿပီး လူခ်ခြင့္လိုင္စင္ရထားသလား ထင္ရေအာင္ ျဖစ္ေနခဲ့ခ်ိန္မွာ နည္းျပ အာတီတာ ေပါက္ကြဲခဲ့ၿပီး အဝါကတ္ပါ ထိခဲ့ေသးတာပါ။

ပထမပိုင္းမွာ ဟာဗတ္ဇ္ရဲ႕ အခြင့္အေရးႏွစ္ႀကိမ္ကို ဂိုးသမားတည့္တည့္ခ်ည္း ကန္မိခဲ့လို႔ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ မန္စီးတီးတို႔ ဖိကစားခဲ့ေပမယ့္ အားအနည္းဆုံး Weak Link ျဖစ္ေနတဲ့ ကိုဗာခ်စ္ခ်္က ဂြန္ဒိုးဝမ္ရဲ႕ ေနရာကို အစားမဝင္ႏိုင္ေသးသလို ဘာနာဒို ေဆးလ္ဗားကလည္း တင္းမ္ဘားရဲ႕ အိတ္ထဲက မထြက္ႏိုင္ခဲ့တာေၾကာင့္ ဗ်ဴဟာၿပိဳင္ပြဲက အေတာ္ေလး ၾကည့္ေကာင္းခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ မန္စီးတီးတို႔ ပိုမိုထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား ရမ္းစ္ေဒးလ္ရဲ႕ ေနရာယူမွန္မွန္နဲ႔ ကာကြယ္မႈေတြေၾကာင့္ ဂိုးရဖို႔ ခက္ေနခဲ့သလို မန္စီးတီးတို႔ဘက္က ဂရီးလစ္ရွ္၊ ကိုဗာခ်စ္ခ်္နဲ႔ ဟားလန္းတို႔အစား ဖိုဒန္၊ ဒီဘ႐ိုင္းနားနဲ႔ ပါးလ္မားတို႔ကို ထည့္ခဲ့ၿပီး အာဆင္နယ္တို႔ဘက္ကေတာ့ တင္းမ္ဘားနဲ႔ မာတီနယ္လီတို႔အစား တီယာနီနဲ႔ ထေရာ့ဆတ္တို႔ကို ထည့္သြင္းခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုးရသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ပါေတးရဲ႕ ပုံမက် ပန္းမက် တက္လုတာကေန Break ႏိုင္ခဲ့တဲ့ မန္စီးတီးတို႔ ညာျခမ္းကေန ထိုးေဖာက္ခဲ့ရာမွာ ေနရာယူမႈ၊ ဖ်က္ထုတ္မႈ၊ တည္ၿငိမ္မႈ သုံးခုစလုံး တစ္ၿပိဳင္တည္း ညံ့ဖ်င္းၿပီး ေတာသားက်လြန္းေနတဲ့ တီယာနီကို ပါးလ္မားက ေက်ာ္ျဖတ္ၿပီး အေဝးတိုင္ေထာင့္ကို ကန္သြင္းခဲ့ရာမွာ ရမ္းစ္ေဒးလ္ မမီဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ အာဆင္နယ္တို႔ဘက္က ဂါဘရီယယ္လ္၊ ႐ိုက္စ္နဲ႔ ဟာဗတ္ဇ္တို႔အစား စမစ္႐ိုး၊ ဖာဘီယို ဗီယာရာနဲ႔ နကီးတီးယားတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ခ်ိန္မွာ မန္စီးတီးတို႔ ခံစစ္နဲ႔ ေကာင္တာသာ ကစားေနခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၉၀ အျပည့္မွာေတာ့ နာက်င္အခ်ိန္ပို ၈ မိနစ္အထိ ေပးခဲ့သလို ေဝၚလ္ကာနဲ႔ ပါေတးတို႔ ေခါင္းခ်င္းေဆာင့္မိလို႔ပါ မိနစ္ေတြက ထပ္တိုးလာခဲ့တာပါ။

ပြဲခ်ိန္ ၁၀၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးရသြားခဲ့ၿပီး ညာေထာင့္ကန္ေဘာကေန မန္စီးတီးတို႔ ရွင္းထုတ္ခဲ့တာကို ျပရခဲ့တဲ့ ဆာကာက အတြင္းကို ျပန္ေပးရာမွာ ထေရာ့ဆတ္က တစ္ခ်က္ေခါက္ၿပီး ဘယ္ေျခနဲ႔ ကန္သြင္းတာက သိပ္မေကာင္းခဲ့ေပမယ့္ ေနာက္ခံလူ အာကန္ဂ်ီကို မွန္ၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဒိုက္ပစ္ေစာတဲ့ ေအာ္ေတဂါ ငုတ္တုတ္ေမ့ခဲ့ရသလို တစ္ဂိုးစီသေရနဲ႔ ပင္နယ္တီ ကန္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ပင္နယ္တီ အဆုံးအျဖတ္ ကန္သြင္းခဲ့ရာမွာေတာ့ အာဆင္နယ္ဘက္က ကပၸတိန္ ေအာ္ဒီဂြါဒ္ လွလွပပ ကန္သြင္းႏိုင္ခဲ့ေပမယ့္ မန္စီးတီးကပၸတိန္ ဒီဘ႐ိုင္းနား ဘားထိခဲ့အၿပီး ဒုတိယအႀကိမ္မွာေတာ့ အာဆင္နယ္ဘက္က ထေရာ့ဆတ္က တည္တည္ၿငိမ္ၿငိမ္ပဲ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့သလို မန္စီးတီးရဲ႕ ဘာနာဒို ေဆးလ္ဗားက ဂိုးစယူေပးႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

တတိယအလုံးကိုေတာ့ ရာသီႀကိဳမွာ လြဲထားဖူးလို႔ ပရိသတ္ေတြ စိုးရိမ္ေနတဲ့ ဆာကာက အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့ၿပီး မန္စီးတီးဘက္က ႐ိုဒရီ ကန္သြင္းရာမွာေတာ့ ဂိုးသမား ရမ္းစ္ေဒးလ္က မွန္မွန္ကန္ကန္ ခန႔္မွန္းၿပီး ကာကြယ္သြားခဲ့အၿပီးမွာ စတုတၳ ပင္နယ္တီကိုေတာ့ ဖာဘီယို ဗီယာရာက ဘယ္ဘက္အေပၚေထာင့္ထဲကို လွလွပပ ကန္ထည့္သြားႏိုင္ခဲ့လို႔ ေလးလုံးေျမာက္မွာ ေလးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တို႔အတြက္ေတာ့ ရာသီႀကိဳမွာ ကြန္ျမဴနတီဒိုင္းတစ္လုံးနဲ႔ အဖြင့္လွႏိုင္ခဲ့ၾကၿပီး သူတို႔အတြက္ ၁၇ ႀကိမ္ေျမာက္ ဒိုင္းကို ရယူႏိုင္ခဲ့ၾကသလို ဒုတိယ အေအာင္ျမင္ဆုံးအသင္းျဖစ္ လီဗာပူးလ္ကို ခ်န္ထားႏိုင္ခဲ့ၾကၿပီး မန္စီးတီးတို႔ကေတာ့ ေနာက္ဆုံး သုံးႏွစ္ဆက္တိုက္ ရႈံးနိမ့္ခဲ့တဲ့ မွတ္တမ္းဆိုးနဲ႔ ႀကဳံေတြ႕သြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.