Premier League Transfer News

15 June နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ

– အာဆင်နယ်တို့အနေနဲ့ ချဲလ်ဆီးတိုက်စစ်မှူး ခိုင်ဟာဗတ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူတို့ဘက်က ဈေးကွက်ပေါက်ဈေးထက် ပိုမိုဈေးတင်ထားတဲ့ ပေါင် ၇၅ သန်းကို တောင်းဆိုနေလို့သာ စောင့်ဆိုင်းနေခဲ့တာဖြစ်သလို ပေါင်သန်း ၅၀ ဝန်းကျင် ဈေးမှန်နဲ့ ခေါ်ယူသွားနိုင်မယ်လို့ ယုံကြည်နေ။

– အီတလီအသင်းတွေကနေ စိတ်ဝင်စားမှုတွေ ရရှိထားတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို အာဆင်နယ်တို့ ပြန်လည်ရောင်းချနိုင်ဖို့ တံခါးဖွင့်ပေးထားပြီး ဂါနာသားအနေနဲ့ အမ်းမရိတ်မှာ အသုံးဝင်နေသေးပေမယ့် အပူပိုင်းဒေသက ကစားသမားတွေရဲ့ အင်္ဂလန်ရာသီဥတုမှာ ရုန်းကန်ရမှုထဲမှာ ပါဝင်နေတဲ့ ၂၉ နှစ်သားကို ရှင်းထုတ်ပြီး ကိုင်စီဒိုနဲ့ အစားထိုးဖို့ စီစဉ်ထား။

– အာဆင်နယ်တို့ ဒက်ကလန် ရိုက်စ်ကို ရရှိဖို့ သေချာသလောက်ဖြစ်နေချိန်မှာ နည်းပြ ဒေးဗစ် မွိုက်စ်က ထဖောက်လိုက်ပြန်ပြီး ချဲလ်ဆီးကို သွားစေချင်တယ်လို့ ဆိုခဲ့တာ ဘာကြောင့်လဲလို့ မေးကြည့်ချိန်မှာ ကွင်းလယ်လူ ကွန်နာ ဂါလာဂါကို ပြန်လိုချင်တာကြောင့်ဆိုလို့ ပရိသတ်တွေ ငိုအားထက် ရယ်အားသန်ခဲ့ရ။

– ပြီးခဲ့တဲ့ ရာသီက လိဂန်ကလပ် ရင်းမ်စ်အသင်းမှာ ခြေစွမ်းပြခဲ့ပြီး ဒီတစ်ပတ် ကွန်ကာကက်ဖ်ဇုန်မှာ မက္ကဆီကိုနဲ့ တွေ့ဆုံမယ့် အမေရိကန် အသင်းအတွက် ပွဲထွက်မယ့် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို အီတလီကလပ်တွေနဲ့ ဂျာမန်ကလပ်တွေ စိတ်ဝင်စားနေပြီး ပုံမှန်ပွဲထွက် ကစားချင်တဲ့ ၂၁ နှစ်သားကို အာဆင်နယ်တို့ ရောင်းချပေးသွားဖို့ ပြင်ဆင်နေ။

– တန်းဆင်း လက်စတာစီးတီးအသင်းရဲ့ တောင်ပံခံစစ်မှူး တီမိုသီ ကက်စတာညာကို ခေါ်ယူလိုနေတဲ့ အာဆင်နယ်တာဝန်ရှိသူတွေကို ပရိသတ်တွေက ဝေဖန်နေကြတဲ့အပေါ် တိုက်စစ်မှူးဟောင်းကြီး ကီဗင် ကမ်းဘဲလ်က ကာကွယ်သွားခဲ့ပြီး ဂါဘရီယယ်လ် မာတီနယ်လီကို ခေါ်ယူတုန်းကလဲ ဘယ်သူမှ အထင်မကြီးခဲ့တာနဲ့ နှိုင်းယှဉ်ပြီး နားလည်ပေးကြဖို့ တိုက်တွန်းသွား။

– အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ဆာကာနဲ့ မာတီနယ်လီကို အနားပေးမရလို့ ပြဿနာများခဲ့တဲ့ တောင်ပံတိုက်စစ်ကို အားဖြည့်ဖို့ ဂျူဗင်တပ်စ်အသင်းရဲ့ ဖက်ဒါရီကို ခီယေဆာနဲ့ ဗီလာရီးရဲလ်အသင်းရဲ့ ဆမ်မြူယယ် ချူကွယ်ဇီတို့ကို ပစ်မှတ်ထားနေပြီး နှစ်ဦးစလုံးအတွက် ပေါင် ၃၅ သန်းကနေ ၄၅ သန်းကြား ကျသင့်ဖွယ်ရှိနေ။

– တူရကီကလပ် ဖီနာဘာချီရဲ့ လူငယ်ကြယ်ပွင့် အာဒါ ဂူလာကို အာဆင်နယ်တို့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပေမယ့် ဗဟိုခံစစ်မှူး မိုဟာမက် ဆီမာကန်က သူ့ထက် အရေးပါတဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် RB လိုက်ပ်ဇစ်နဲ့ ဆွေးနွေးမှုတွေ ပြီးမှသာ ၁၈ နှစ်သားဘက်ကို ပြန်လှည့်နိုင်မယ်လို့ ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.