Premier League Transfer News

14 June နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်ကို အလုံးစုံသိမ်းပိုက်ဖို့ ကာတာတော်ဝင်မျိုးနွယ် ရှိတ်ခ် ဂျက်ဆင်မ်ရဲ့ ငါးကြိမ်မြောက် ကမ်းလှမ်းမှုက အောင်မြင်မှု ရဖို့ ရှိနေပြီး ပိုင်ရှင် ဂလေဇာတွေအနေနဲ့ ရှယ်ယာအနည်းငယ်နဲ့ ကုတ်ကပ်တွယ်ထားချင်တဲ့ မသမာတဲ့ အကြံတွေကြောင့်သာ နှောင့်နှေးနေရချိန်မှာ ပရိသတ်တွေကတော့ အနှေးနဲ့အမြန် စိတ်အေးနိုင်ဖွယ်ရှိနေ။

– နာပိုလီနောက်ခံလူ ဂင်မင်းဂျယ်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပြီး တူရကီကနေ အီတလီ၊ အီတလီကနေ အင်္ဂလန်ကို ခရီးနှင်မယ့် တောင်ကိုရီးယားနောက်ခံလူကို တစ်ပတ်လုပ်ခ ပေါင် ၁၇၃,၀၀၀ ပေးချေဖို့ လုပ်ဆောင်နေသလို ပိုင်ရှင်အပြောင်းအလဲပြီးတာနဲ့ အမြန်ဆုံး ခေါ်ယူဖို့ စီစဉ်ထား။

– ကွင်းလယ်အဖျက်ပိုင်းအတွက် နာမည်ကြီးတွေကို ခေါ်ယူသွားဖို့ အဆင်မပြေတဲ့ အခြေအနေမှာ မန်ယူတို့အတွက် အကောင်းဆုံး အဖြေတစ်ခုက ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့ပြီး တန်းဆင်း လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အမေရိကန်လက်ရွေးစင် တိုင်လာ အက်ဒမ်စ်ကို ပေါင်သန်း ၃၀ တည်းနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေ။

– နည်းပြ အဲရစ် တန်ဟတ်အနေနဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားကို ရောင်းထုတ်ဖို့ လုပ်ဆောင်နေခဲ့သလို တောင်ပံတိုက်စစ်မှူး ဂျေဒန် ဆန်ချိုကိုလည်း လူငယ်ကစားသမား အာလေဟန်ဒရို ဂါနာချိုရဲ့ တောက်ပမှုကြောင့် ရောင်းထုတ်တော့မှာဖြစ်ပြီး အက်စ်တန်ဗီလာဆီက စိတ်ဝင်စားမှုအတွက် ပေါင်သန်း ၆၀ လို့ တံဆိပ်ကပ်ခဲ့။

– အသင်းကနေ ဂိုးသမား ဒေးဗစ် ဒဟေးယားကို အဆုံးတွက်ထားချိန်မှာ အစားထိုးဖို့အတွက် အင်္ဂလန်မြေနဲ့ မရင်းနှီးသေးတဲ့ ပေါ်တူဂီကလပ် ပေါ်တိုဂိုးသမား ဒီယိုဂို ကော်စတာအစား စပါးစ်အသင်းနဲ့ ချိတ်ဆက်နေတဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာကို ပေါင်သန်း ၄၀ နဲ့ မန်ယူတို့ ဝင်လုတော့မယ်လို့ သတင်းထွက်လာ။

– ဘိုင်ယန်မြူးနစ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတဲ့ အခြေအနေအပေါ် မန်ယူတို့ အခွင့်ကောင်းယူသွားနိုင်ဖို့ ရှိနေပြီး စိတ်မချရသေးတဲ့ ဂိုးသမားနေရာအတွက် ဂျာမန်ချန်ပီယံ ဘာဗေးရီးယားသားတွေရဲ့ ဆောင်းရာသီ ယာယီခေါ်ယူမှုဖြစ်ခဲ့တဲ့ ယန်း ဆွမ်းမားကို ပေါင် ၈.၃ သန်းတည်းနဲ့ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေ။

– အသင်းရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းတွေအရဆိုရင် အိုးလ်ထရက်ဖို့ဒ်ကို အသင့်သုံး တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူသွားမှာဖြစ်ပေမယ့် စပါးစ်တာဝန်ရှိသူတွေရဲ့ ပြည်တွင်းပြိုင်ဘက်ကို ရောင်းချလိုခြင်း မရှိတာနဲ့ တန်ဟတ်ရဲ့ အနာဂတ်အတွက်ကိုပါ ရည်ရွယ်တာတွေကြောင့် ဘင်ဖီကာတိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကိုပဲ အဓိက ပစ်မှတ်အဖြစ် ကမ်းလှမ်းသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.