Premier League Transfer News

16 June နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ

– ဒက်ကလန် ရိုက်စ်အတွက် ပေါင်သန်း ၁၀၀ တန် ကမ်းလှမ်းမှုကို အာဆင်နယ်တို့ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြချိန်မှာ အဓိပ္ပါယ်မရှိဘဲ မဖြစ်နိုင်တဲ့ အနာဂတ် ခံစားခွင့်တွေနဲ့ မမိုက်မဲဖို့ပဲ လိုတယ်လို့ ကျွမ်းကျင်သူတွေ သတိပေးခဲ့ကြပြီး ပရိသတ်တွေကတော့ အဖြစ်မရှိတဲ့ အားကစားဒါရိုက်တာ အီဒူးကို စိတ်ကုန်နေကြ။

– ချဲလ်ဆီးတိုက်စစ်မှူး ခိုင် ဟာဗတ်ဇ်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခွဲကို ဂျာမန်သားဘက်က လက်ခံထားခဲ့သလို စတမ်းဖို့ဒ်ဘရစ်ချ်ဘက်ကတော့ ပေါင်သန်း ၆၀ အနည်းဆုံးရမှ လက်လွှတ်သွားဖို့ ရှိတာကြောင့် ဂန်းနားတွေ ချိန်ဆနေ။

– အင်တာမီလန်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အာဆင်နယ်လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို အလိုရှိနေပြီး ယူရိုသန်း ၄၀ တန်ကြေး သတ်မှတ်ထားတယ်လို့ သတင်းထွက်နေတဲ့ အမေရိကန်သားအတွက် ဆွေးနွေးဖို့ အားကစားဒါရိုက်တာ ပျယ်ရို အော်စီလီယို လန်ဒန်ကို ရောက်ရှိနေ။

– ဗီလာရီးရဲလ်တောင်ပံသမား ဆင်မြူယယ် ချူကွယ်ဇီအတွက် ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပြီး ဈေးသက်သက်သာသာနဲ့ ခေါ်ယူရရှိနိုင်မယ့် နိုင်ဂျီးရီးယားသားကို ယူရို ၂၅ သန်းဆိုလို့ အာဆင်နယ်တို့ ပေါချောင်ကောင်းနှိုက်ဖို့ လုပ်နေသလို အေစီမီလန်အသင်းကလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိလာ။

– အသင်းဟောင်း ဒေါ့မွန်ကို မပြန်တော့ဘူးလို့ ပယ်ချထားခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ အစ်လ်ကိုင်း ဂွန်ဒိုးဝမ်ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်တို့ အခြေအနေကောင်းနေဆဲဖြစ်ပြီး အစ်တီဟတ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၆၅,၀၀၀ ရရှိနေတဲ့ ဂျာမန်သားအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေ။

– ခံစစ်ပိုင်းအတွက် ညာသန်ဗဟိုနောက်ခံလူတစ်ဦးကို ရှာဖွေနေရာမှာ စီးရီးအေကလပ် တိုရီနိုအသင်းရဲ့ ပါးရှူးစ်ကို အာဆင်နယ်တို့ သဘောကျနေပြီး အသက် ၂၃ နှစ်အရွယ် ဒတ်ချ်နောက်ခံလူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းခန့် အသုံးပြုရဖွယ်ရှိနေ။

– အမ်းမရိတ်မှာ ပွဲကစားခွင့် နည်းနေတာကို မပျော်တော့တဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီကို ထွက်ခွာခွင့်ပေးဖို့ အာဆင်နယ်တို့ အခြေအနေတွေကို စောင့်ကြည့်နေပြီး လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၃၀ ခန့် ရရှိမယ်ဆိုရင် ဆက်ထိန်းမထားတော့ဘဲ ရောင်းချဖို့ရှိနေ။

– ဘရိုက်တန်ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုအတွက် အာဆင်နယ်တို့ လက်လျှော့လိုက်ပြီဖြစ်ပြီး ပေါင်သန်း ၁၂၀ အော်ထားသလို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်း ပေးချေရမယ့် အီကွေဒေါသားကို ချဲလ်ဆီးတို့ကပဲ ရရှိဖို့ များနေသလို အေးဂျင့်ဖြစ်သူနဲ့လည်း အဆင်ပြေနေတယ်လို့ သတင်းထွက်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.