Premier League Transfer News

12 June နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တို့အနေနဲ့ ကွင်းလယ်ပစ်မှတ် မွိုက်ဆက်စ် ကိုင်စီဒိုရဲ့ အနေအထားကို စောင့်ကြည့်နေဆဲဖြစ်ပြီး အရစ်ကျဆွဲလို့ အဆင်ပြေရင် ဒက်ကလန် ရိုက်စ်နဲ့အတူ ခေါ်ယူသွားဖို့ စီစဉ်နေသလို ဘရိုက်တန်နဲ့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေခဲ့မှုက နောက်ခံလူ ဘန်ဝှိုက်လိုပဲ ငါးနှစ် အရစ်ကျ ပေးချေနိုင်ဖို့ ရှိနေ။

– စီးရီးအေမှာ အဆင့် ၇ နေရာကိုသာ ရယူနိုင်ခဲ့ပြီး ကွန်ဖရင့်လိဂ်သာ ဝင်ရောက်ကစားခွင့်ရမယ့် ဂျူဗင်တပ်စ်တို့ ဗိုက်နာလာမှုကြောင့် ရောင်းချရတော့မယ့် တောင်ပံကစားသမား ဖက်ဒါရီကို ခီယေဆာအတွက် ယူရိုသန်း ၆၀ တောင်းဆိုထားချိန်မှာ နယူးကာဆယ်လ်တို့ တွန့်ဆုတ်သွားမှုကြောင့် အာဆင်နယ်တို့ အခြေအနေကောင်းလာ။

– ဒက်ကလန် ရိုက်စ်ရဲ့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဗီဒီယိုကတော့ အာဆင်နယ်ဖန်တွေကို ဇဝေဇဝါဖြစ်စေခဲ့ပြီး အသင်းက မထွက်ခင်မှာ ဝက်စ်ဟမ်းပရိသတ်တွေနဲ့ ဆက်ဆံရေး မပျက်ပြားချင်လို့ပဲ သံတမန်ဆန်ခဲ့တာလားလို့ မေးစရာဖြစ်ခဲ့သလို ဝက်စ်ဟမ်းက သူ့အသင်းပဲလို့ ဖြေကြားသွားခဲ့။

– လက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ တီမိုသီ ကက်စတာညာကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်တို့ ချိတ်ဆက်စုံစမ်းနေခဲ့ပြီး အသက် ၂၇ နှစ် အရွယ် ဘယ်လ်ဂျီယမ်သားကို အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အင်အားတောင့်တင်းစေဖို့နဲ့ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဇင်ချန်ကိုတို့ကို အနားပေးနိုင်ဖို့ ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ အားဖြည့်သွားဖွယ်ရှိနေ။

– ဘာစီလိုနာတို့ရဲ့ ဘဏ္ဏာရေးပိုင်းမှာ လိုအပ်ချက်တွေ များစွာရှိနေပြီး ကစားသမားလစာငွေကို ချွေတာနေရမှုက မန်စီးတီးကွင်းလယ်လူ အစ်လ်ကိုင်း ဂွန်ဒိုးဝမ်ကို နူးကမ့်နဲ့ လက်တွဲဖို့ သံသယဝင်စရာဖြစ်လာခဲ့သလို အသင်းဖော်ဟောင်းတွေ ရှိနေပြီး နည်းပြ အာတီတာနဲ့ ပူးပေါင်းရမယ့် အာဆင်နယ်ကသာ ပိုကောင်းတဲ့ ရွေးချယ်စရာဖြစ်လာနေ။

– အသင်းမှာ နေရာမရတဲ့အတွက် ပိုမိုကစားချိန် ရရှိမယ့် အာမခံချက်ကို အလိုရှိနေတဲ့ ဘယ်အစွန်နောက်ခံလူ ကီရန် တီယာနီအတွက် နယူးကာဆယ်လ်တို့ အရှိန်မြှင့် ကြိုးစားလာနေပြီး အာဆင်နယ်တို့ဘက်က တင်းခံထားတဲ့ သတ်မှတ်ဈေး ပေါင် ၃၅ သန်းကို ပေးချေသွားဖွယ်ရှိနေ။

– ပီအက်စ်ဗီအသင်းကနေ နည်းပြ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်း နုတ်ထွက်သွားခဲ့ပြီး အသင်းနဲ့ လမ်းခွဲသွားမှုက သူ့ရဲ့ အနာဂတ်အတွက် ပြန်ပြီး စဉ်းစားစရာဖြစ်စေတယ်လို့ အိုင့်ဒိုဗင်က ပြောင်းလဲသွားမှုတွေအပေါ် တောင်ပံကစားသမား ဇာဗီ ဆီမွန်စ်က မှတ်ချက်ပေးခဲ့ပြီး အာဆင်နယ်တို့အတွက် ပွဲလန့်တုန်း ဖျာခင်းစရာဖြစ်လာ။

– လီယန်ဒရို ထရော့ဆတ်ကို ဘရိုက်တန်ကနေ စည်းရုံးနိုင်ခဲ့သလိုမျိုးပဲ လက်စတာနောက်ခံလူ တီမိုသီ ကက်စတာညာကို ဆွဲဆောင်နိုင်ဖို့ အာဆင်နယ်တို့မှာ လျှို့ဝှက်လက်နက်ရှိနေပြီး ဒီကစားသမားတွေနဲ့ ဘယ်လ်ဂျီယမ်ကလပ် KRC ဂျန့်ခ်မှာ လက်တွဲခဲ့ဖူးတဲ့ Mr. Airpod လို့ အမည်ရ လက်ထောက်နည်းပြ အဲလ်ဘတ် စတင်ဗင်ဘာ့ဂ်ကို ယုံကြည်နိုင်ဖွယ်ရှိနေ။

– ဒဏ်ရာကြီးကြီးရဖူးသွားပြီး ရာသီအစမှာ အလျင်စလို ပွဲမထုတ်ဖို့ ဆုံးဖြတ်သွားဖွယ်ရှိနေတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ နေရာမှာ အရန်အဖြစ် ထားရှိနိုင်ဖို့ တူရကီကလပ် ဂါလာတာစာရေးအသင်းရဲ့ ခံစစ်မှူး ဗစ်တာ နယ်လ်ဆန်ကို အာဆင်နယ်တို့ စောင့်ကြည့်နေပြီး စာချုပ်လျော်ကြေး ယူရို ၂၅ သန်း ရှိနေတဲ့ ၂၄ နှစ်အရွယ် ဒိန်းမတ်သားကို ခေါ်ယူဖို့ လွယ်ကူနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.