Premier League Transfer News

10 June ညနေပိုင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေရဲ့ ရင်ထဲက အကြီးဆုံး အလုံးကြီးဖြစ်တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို လက်လွှတ်ရမယ့်အရေးကတော့ လက်ရှိမှာ စိတ်အေးခဲ့ရပြီဖြစ်ပြီး ၂၂ နှစ်သားအနေနဲ့ အမ်းမရိတ်မှာ ဆက်ရှိဖို့ လေးနှစ်စာချုပ် ချုပ်ဆိုသွားခဲ့သလို ၂၀၂၇ အထိ လက်တွဲဖို့ ဖြစ်လာ။

– ဂန်းနား တာဝန်ရှိသူတွေအနေနဲ့ ဆာလီဘာ၊ ဆာကာ၊ မာတီနယ်လီတို့ကို စာချုပ်ချုပ်ဆိုခဲ့အပြီးမှာ နောက်ထပ် စိတ်ချရဖို့ လုပ်ဆောင်မှုအနေနဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်အတွက် စာချုပ်သစ်ကို ကြိုးစားနေပြီဖြစ်ပြီး အမ်းမရိတ်မှာ လက်ရှိ တစ်ပတ်လုပ်ခ ပေါင်ရှစ်သောင်းခွဲ ရရှိနေတဲ့ နော်ဝေသားကို လစာတိုးမြှင့်ပေးသွားဖွယ်ရှိနေ။

– တိုက်စစ်ပိုင်း အားဖြည့်မှုတွေ လုပ်ဆောင်သွားမယ့် အာဆင်နယ်တို့အတွက် သတင်းကောင်းအဖြစ် ပြင်သစ်လိဂန်ကလပ် မောင့်ပယ်လီယာ ဥက္ကဌ လိုရွန် နီကိုလင်က သူတို့ရဲ့ တိုက်စစ်မှူး အယ်လ်ယီ ဝါဟီဟာ ဂန်းနားပရိသတ်တစ်ဦးဖြစ်ပြီး ကမ်းလှမ်းမှုတွေ ရှိလာရင် အမ်းမရိတ်ကို ပြောင်းရွှေ့နိုင်ကြောင်း ဖွင့်ဟသွား။

– အာဆင်နယ်အသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်အတွက် ပေါင်သန်း ၁၀၀ ဝန်းကျင် ပေးချေသွားရဖို့ ရှိနေသလို တစ်ပတ်လုပ်ခကိုလည်း ပေါင်သုံးသိန်းအထိ ပေးချေသွားရဖွယ်ရှိနေပြီး အင်္ဂလန်ကွင်းလယ်လူအနေနဲ့ လက်ရွေးစင်အသင်းဖော် ဆာကာနဲ့ တန်းတူ ခံစားခွင့် ရရှိလာနိုင်။

– ပြင်သစ်လိဂန်ကလပ် နိစ်နဲ့ အငှားစာချုပ်ပြည့်ပြီး အာဆင်နယ်အသင်းဆီ ပြန်လာတော့မယ့် တောင်ပံသမား နီကိုလာ ပေပေအတွက် တာဝန်ရှိသူတွေဘက်က ခြေစွမ်းပြနိုင်ဖို့ အချိန်ပေးမှုက ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး အမ်းမရိတ်မှာ အနာဂတ် မရှိတော့လို့ အသင်းသစ်ရှာဖို့ကပဲ သူ့အတွက် အရေးကြီးတဲ့ ကိစ္စဖြစ်ကြောင်း ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်စ် အကြံပေး။

– အာဆင်နယ်တို့အနေနဲ့ ဘာစီလိုနာအသင်းကို ထွက်ခွာချင်နေတဲ့ ကွင်းလယ်လူ အစ်လ်ကိုင်း ဂွန်ဒိုးဝမ်ကို ကြိုးစားဖို့ လက်လျှော့ဖွယ် ရှိနေပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ နောက်ခံလူ ဂျာအို ကန်ဆယ်လိုကို မန်စီးတီးတို့ဆီကနေ ခေါ်ယူနိုင်ဖို့ ပေါင် ၃၅ သန်းနဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေ။

– ဘရာဇီးလ်သားတွေပဲ ခေါ်တတ်တဲ့ အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးအနေနဲ့ သူတို့ရဲ့ ရောင်းချသွားဖွယ်ရှိနေတဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီရဲ့ အစားထိုးမှုအဖြစ် ဖလာမင်ဂိုအသင်းရဲ့ အယ်ရ်တန် လူးကပ်စ်ကို ချိတ်ဆက်နေပြီး ယူရိုသန်း ၃၀ တန် လျော်ကြေးစာချုပ် ရှိနေတဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့က လွယ်ကူဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.