Premier League Transfer News

10 June နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ

– ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းရဲ့ တိုက်စစ်ကို အားဖြည့်မယ့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ အီတလီလက်ရွေးစင် ဖက်ဒါရီကို ခီယေးဆာကို အာဆင်နယ်၊ နယူးကာဆယ်လ်တို့နဲ့အပြိုင် စိတ်ဝင်စားနေပြီး ၂၅ နှစ်သားကို ပေါင်သန်း ၃၀ နဲ့ ရရှိနိုင်ဖွယ်ရှိနေ။

– အင်တာမီလန်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတွေက စိတ်ဝင်စားနေတဲ့ ဗဟိုခံစစ်မှူး ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်ကို ရောင်းချသွားမှာ မဟုတ်ကြောင်းနဲ့ ဦးစားပေး အစီအစဉ်တွေထဲမှာ ပါဝင်နေကြောင်း မန်ယူနည်းပြ အဲရစ် တန်ဟတ်က အသိပေးခဲ့။

– ယူနိုက်တက်တို့အနေနဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှာ ပြင်သစ်သားနှစ်ဦးကြောင့် တဖြည်းဖြည်းနဲ့ ဘေးရောက်လာတဲ့ ဥရုဂွေးသား ဖက်ဒါရီကို ဗယ်လ်ဗာဒီကို အလိုရှိနေပြီး ယူရိုသန်း ၈၀ ဝန်းကျင်ရရင် ရောင်းမယ်လို့ ဘာနေဗျူးဘက်က ကြေငြာထား။

– မန်ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ကာတာတော်ဝင်မိသားစုဝင် ရှိတ်ခ် ဂျက်ဆင်မ်ရဲ့ ပေါင် ၅.၂ ဘီလီယံတန် ကမ်းလှမ်းမှုကပဲ အနိုင်ရဖို့ ရှိနေပြီး INEOS ရဲ့ ဆာဂျင်မ် ရက်ဒ်ကလစ်ဖ်အနေနဲ့ ပဉ္စမအကြိမ် ကမ်းလှမ်းရာမှာ ဂလေဇာမိသားစုအတွက် လုံလောက်တဲ့ အခြေအနေမှာ မရှိခဲ့ဘူးလို့ သိရ။

– နံပါတ် ၉ တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ခေါ်ယူသွားမယ့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဂျူဗင်တပ်စ်ရဲ့ ဒူရှန် ဗလာဟိုဗစ်ချ်အတွက် စုံစမ်းခဲ့ရာမှာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ (ပေါင် ၇၇ သန်း)လို့ တုံ့ပြန်ခဲ့တာကြောင့် ဟာရီကိန်း၊ ဗစ်တာ အိုဆီမန်တို့နဲ့ ပြန်လည်ချင့်ချိန် စဉ်းစားဖို့ရှိနေ။

– အဲရစ် တန်ဟတ်အနေနဲ့ ကွင်းလယ်ပိုင်းမှာ ထပ်မံအင်အားဖြည့်တင်းသွားဦးမှာဖြစ်ပြီး ကွန်ဖရင့်လိဂ်ဖိုင်နယ်ရောက် ဖီအိုရင်တီးနားအသင်းရဲ့ မော်ရိုကိုကွင်းလယ်လူ ဆိုဖီယန် အမ်မရာဘတ်ကို သဘောကျနေသလို ဖလော့ရင်သားတွေဘက်က ပေါင် ၃၄ သန်း(ယူရိုသန်း ၄၀)နဲ့ ရောင်းချသွားဖို့ ပြင်ဆင်ထား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ပထမဦးစားပေး အသင့်သုံး နံပါတ် ၉ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဟာရီကိန်း၊ ဗစ်တာ အိုဆီမင်နဲ့ ဒူရှန် ဗလာဟိုဗစ်ချ်တို့ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် အတ္တလန်တာအသင်းရဲ့ ဒိန်းမတ်လက်ရွေးစင် ရက်စ်မတ်စ် ဟွိုင်လွန်းကို အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.