Premier League Transfer News

10 June နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ချဲလ်ဆီးတိုက်စစ်မှူးတစ်ဖြစ်လဲ ကွင်းလယ်တိုက်စစ်သမားဟောင်း ခိုင်ဟာဗတ်ဇ်ကို အာဆင်နယ်တို့လည်း စောင့်ကြည့်နေပြီး သတ်မှတ်ဈေး ပေါင်သန်း ၇၀ ထက် လျှော့ချပေးမယ်ဆိုရင် ခေါ်ယူသွားနိုင်ဖို့ စောင့်ကြည့်နေ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ အာဆင်နယ်တို့ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ရောင်းချပေးမယ်ဆိုရင် တိုက်စစ်က အီမီးလ် စမစ်ရိုးကို ပြန်ရောင်းပေးမလားလို့ သွေးတိုးစမ်းလာခဲ့တယ်လို့ သိရပြီး နည်းပြ အာတီတာကတော့ လက်လွှတ်သွားလိုဖွယ် မရှိကြောင်းသိရ။

– ခံစစ်တောင်ပံတွေမှာ ဘယ်ရောညာပါ ကစားနိုင်တဲ့ နောက်ခံလူ တီမိုသီ ကက်စတာညာကို တန်းဆင်း လက်စတာစီးတီးအသင်းဆီကနေ ခေါ်ယူဖို့ အာဆင်နယ်တို့ မျက်စိကျနေပြီး အသက် ၂၇ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားအတွက် ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ဇန်နဝါရီ ခေါ်ယူမှုဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုကို စိတ်ဝင်စားနေတာ သူ့ရဲ့ နည်းပြဟောင်း မော်ရီဇီယို ဆာရီရဲ့ လာဇီယိုတစ်သင်းတည်းမကဘဲ တခြား ချန်ပီယံလိဂ်ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ အေစီမီလန်နဲ့ နာပိုလီတို့ကပါ အလိုရှိနေတာကြောင့် အီဒူးနဲ့ အာတီတာတို့ ဝမ်းသာဖွယ်ဖြစ်လာ။

– တိုက်စစ်မှူး အာကေးဒီးယပ်ရှ် မီလစ်ခ်ကို ခေါ်ယူဖို့ ယူရို ၇ သန်းတောင် မသုံးနိုင်တော့တဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲဝင် ဗိုက်နာ ဂျူဗင်တပ်စ်ရဲ့ တောင်ပံကစားသမား ဖက်ဒါရီကို ခီယေးဆာကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ နယူးကာဆယ်လ်တို့ ပြိုင်ဆိုင်နေကြပြီး ယူရိုသန်း ၆၀ ရရင် ရောင်းမယ်လို့ အီတလီသားတွေဘက်က လေသံပစ်ထား။

– လက်စတာကနေ ထွက်ခွာမယ့် ပေါင်သန်း ၅၀ တန် ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို အာတီတာက သူ့ရဲ့ တိုက်စစ်ပိုင်း အင်အားတောင့်တင်းဖို့ အလိုရှိနေပြီး ဒက်ကလန် ရိုက်စ်ကို ခေါ်ယူပြီးရင် အင်္ဂလိပ်အင်ပါယာ တည်ဆောက်မှုအဖြစ် အာဆင်နယ်တို့ ကမ်းလှမ်းဖွယ် ရှိနေ။

– ဆာကာတစ်ယောက်တည်းသာ ရှိနေတဲ့ ညာတောင်ပံတိုက်စစ်ပိုင်းကို အားဖြည့်သွားဖို့ အာဆင်နယ်တို့အနေနဲ့ စပိန်ကလပ် ဘီလ်ဘာအိုအသင်းရဲ့ ဂါနာနွယ်ဖွား စပိန်လက်ရွေးစင် နီကို ဝီလီယမ်စ်ကို အလိုရှိနေပြီး သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန်နဲ့ မတူညီတဲ့ ညာခြမ်းကို တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.