Premier League Transfer News UCL&UEL

9 June နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ကွင်းလယ်လူ မက်တီယို ကိုဗာချစ်ကို ခေါ်ယူဖို့ မန်စီးတီးတို့ ပုဂ္ဂိုလ်ရေး သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး စိန်ခေါ်မှုသစ်တွေ ရှာဖွေလိုနေတဲ့ ခရိုအေးရှားသားကို ချန်ပီယံလိဂ် ဖိုင်နယ်အပြီးမှာ ချဲလ်ဆီးအသင်းဆီက ကမ်းလှမ်းသွားဖြစ်သလို Transfermarkt ခန့်မှန်းဈေး ယူရိုသန်း ၄၀ ရှိနေတဲ့ ၂၉ နှစ်သားအတွက် ဆွေးနွေးမှုတွေ စတင်သွားမည်။

– ဘာစီလိုနာအသင်းအနေနဲ့ အစ်တီဟတ်ကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ အစ်လ်ကိုင်း ဂွန်ဒိုးဝမ်ကို ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် ဂျာမန်သားအတွက် တစ်နှစ်လုပ်ခ ယူရို ၉ သန်းနဲ့ သုံးနှစ်စာချုပ် ပေးအပ်သွားဖို့ ပြင်ဆင်ထား။

– ဘယ်နောက်ခံလူသစ်တစ်ဦး ရှာဖွေနေတဲ့ မန်စီးတီးတို့အတွက် ဘိုင်ယန်မြူးနစ်ရဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို စောင့်ကြည့်နေရာမှာ ကနေဒါသားရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားကို ထိပ်တန်းအသင်းကြီးအချို့သာ တတ်နိုင်လိမ့်မယ်လို့ အပြောင်းအရွှေ့ဖြစ်နိုင်ခြေ အတွက် အရိပ်အမြွက်ဆိုခဲ့တာကြောင့် ဂွါဒီယိုလာတို့ဘက်က လှုပ်ရှားလာဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းပရိသတ်တွေအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပရာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ စုရုံးရောက်ရှိနေကြပြီး အင်တာမီလန်နဲ့ ပွဲမကစားခင်ကတည်းက သူတို့အသင်းရဲ့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဖလားအတွက် အကြိုအောင်ပွဲခံမှု ပါတီတွေ ပြုလုပ်နေကြ။

– မန်စီးတီးအသင်းအတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ဂိုး စံချိန်တင် ၃၆ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းက သူ့အနေနဲ့ မှတ်တမ်းမှတ်ရာတွေထက် ဒီရာသီရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အနိုင်ရဖို့ကိုပဲ ခေါင်းထဲ ထားနေတယ်လို့ ပြောကြားသွားခဲ့။

– အင်တာမီလန်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဂျူဆက်ပီ မာရော့တာက မန်စီးတီးအသင်းအနေနဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ပြီး မိမိတို့ထက် အဆင့်အတန်းရော ကစားသမားအင်အားပါ သာလွန်နေပေမယ့် သူတို့အသင်းကလည်း ဘယ်လိုဒုက္ခပြန်ပေးရမလဲဆိုတာ ကောင်းကောင်းသိတာဖြစ်လို့ အကောင်းဆုံး ကစားပုံကို မြင်ရလိမ့်မယ်လို့ ပွဲကြိုသတိပေးသွား။

– ချန်ပီယံလိဂ်ဖိုင်နယ်ပြိုင်ဘက် အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး အီဒင် ဂျက်ကိုအနေနဲ့ သူ့ကို အစ်တီဟတ်ကနေ နည်းပြ မန်နူယယ် ပယ်လီဂရီနီ လက်ထက်မှာ ကန်ထုတ်ခံခဲ့ရတာကို ပြန်လည်တွေ့ဆုံမှုမှာ လက်စားချေဖို့ ကြိုးစားလာလိမ့်မယ်လို့ အီတလီမီဒီယာတွေ ရေးသား။

– မန်စီးတီးတို့အနေနဲ့ ဂွန်ဒိုးဝမ် ထွက်ခွာသွားတော့မယ့်အချိန်မှာ ကွင်းလယ်အားဖြည့်မှုအဖြစ် ဒေါ့မွန်ရဲ့ အင်္ဂလန်လက်ရွေးစင် ဂျုဒ် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချပြီး ရီးရဲလ်မက်ဒရစ်နဲ့ လက်တွဲသွားခဲ့တာဖြစ်ကြောင်း စပိန်ဂျာနယ်လစ် ဟိုဆေး လူးဝစ် ဆန်ချက်ဇ်က ထုတ်ဖော်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.