Premier League Transfer News

ေနာက္ဆံုးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၉.၁၀.၂၀၂၀

– မန္ခ်က္စတာစီးတီးအေနနဲ႔ ဒီတစ္ပတ္ ႏုိင္ငံတကာပြဲေတြေၾကာင့္ ကလပ္အသင္းပြဲစဥ္ေတြ ရပ္နားမွဳမွာ အက်ဳိးရွိမွာျဖစ္ၿပီး ဒဏ္ရာရွိေနတဲ့ ကစားသမားေတြအတြက္ နားခ်ိန္ရခဲ့သလို ဒဏ္ရာက သက္သာလာတဲ့သူေတြျဖစ္တဲ့ ကန္ဆယ္လို၊ ဘာနာဒို ေဆးလ္ဗားတို႔လို ကစားသမားေတြကလည္း ပြဲကစားခြင့္ကို ရွာေဖြႏုိင္ခဲ့လုိ႔ အက်ဳိးရွိခဲ့။

– အသင္းရဲ႕ ဘယ္ေနာက္ခံလူေတြအေနနဲ႔ လုံေလာက္တဲ့ စြမ္းေဆာင္ရည္ကို မျပသႏုိင္ဘူးလို႔ ယုံၾကည္ေနတဲ့ ဂြါဒီယိုလာအေနနဲ႔ အုိင္းယက္စ္ေနာက္ခံလူ နီကိုလာ တာဂလီယာဖီကို,ကို လာမယ့္ဇန္နဝါရီမွာ ထပ္မံႀကဳိးစားေခၚယူသြားဖြယ္ရွိ။

– အသင္းရဲ႕ အဂၤလန္ယူ-၂၀ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဂ်ဳိယယ္လ္ လာတီဘိုဒီေယးအေနနဲ႔ ဦးစားေပးကစားသမားေတြကို ေရာင္းခ်ထားရတဲ့ ပရီးမီးယားလိဂ္တန္းဆင္းကလပ္ ေနာ့ဝစ္ခ်္ကို အငွားနဲ႔ သြားေရာက္ကစားဖြယ္ရွိ။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အေရးပါတဲ့ ဆုံးျဖတ္ခ်က္ကို ဒီဇင္ဘာလ မကုန္ခင္ ဆုံးျဖတ္ရဖို႔ ရွိေနၿပီး အသင္းရဲ႕ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုနဲ႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာတို႔ကို ဆက္ထိန္းထားမယ္ဆုိရင္ မျဖစ္မေန သက္တမ္းတုိးရမွာျဖစ္ေၾကာင္း သိရ။

– ဘင္ဖီကာအသင္းကေန နည္းျပေဟာင္း ေဂ်ာ္ဂ်ီ ေဂ်ဆူးစ္ရဲ႕ ဘယ္ေနာက္ခံမွာ ထားကစားမွဳကို မႀကဳိက္လို႔ အသင္းကေန မိုနာကိုဆီ ထြက္ခြာခဲ့တယ္လို႔ ဆုိခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားရဲ႕ စကားဟာ အေၾကာင္းျပခ်က္သက္သက္သာျဖစ္ၿပီး ေငြေနာက္ကို လိုက္ခဲ့တာသာ ျဖစ္ေၾကာင္း နည္းျပရဲ႕ သူငယ္ခ်င္း ေျပာၾကား။

– လက္စတာစီးတီးအသင္းက မန္ခ်က္စတာစီးတီးအသင္းဘက္ကို သြင္းယူခဲ့တဲ့ စတုတၳေျမာက္ဂိုးျဖစ္ခဲ့တဲ့ အဂၤလန္ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ရဲ႕ သြင္းဂိုးက စက္တင္ဘာလရဲ႕ အေကာင္းဆုံး ပရီးမီးယားလိဂ္ဂိုးအျဖစ္ ေရြးခ်ယ္ခံရ။

– လီယြန္နယ္ မက္ဆီကို လာမယ့္ရာသီမွာ ဘာစီလိုနာအသင္းကေန ေခၚယူဖို႔ ထပ္မံႀကဳိးစားသြားမွာျဖစ္ၿပီး သတင္းေတြ ထြက္ခဲ့တဲ့ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကေတာ့ အသင္းနဲ႔ ဘယ္တုန္းကမွ မနီးစပ္ခဲ့ဖူးဘူးလို႔ မန္စီးတီးတာဝန္ရွိသူေတြ ထုတ္ေဖာ္ ေျပာၾကား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအနေနဲ့ ဒီတစ်ပတ် နိုင်ငံတကာပွဲတွေကြောင့် ကလပ်အသင်းပွဲစဉ်တွေ ရပ်နားမှုမှာ အကျိုးရှိမှာဖြစ်ပြီး ဒဏ်ရာရှိနေတဲ့ ကစားသမားတွေအတွက် နားချိန်ရခဲ့သလို ဒဏ်ရာက သက်သာလာတဲ့သူတွေဖြစ်တဲ့ ကန်ဆယ်လို၊ ဘာနာဒို ဆေးလ်ဗားတို့လို ကစားသမားတွေကလည်း ပွဲကစားခွင့်ကို ရှာဖွေနိုင်ခဲ့လို့ အကျိုးရှိခဲ့။

– အသင်းရဲ့ ဘယ်နောက်ခံလူတွေအနေနဲ့ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို မပြသနိုင်ဘူးလို့ ယုံကြည်နေတဲ့ ဂွါဒီယိုလာအနေနဲ့ အိုင်းယက်စ်နောက်ခံလူ နီကိုလာ တာဂလီယာဖီကို,ကို လာမယ့်ဇန်နဝါရီမှာ ထပ်မံကြိုးစားခေါ်ယူသွားဖွယ်ရှိ။

– အသင်းရဲ့ အင်္ဂလန်ယူ-၂၀ နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျိုယယ်လ် လာတီဘိုဒီယေးအနေနဲ့ ဦးစားပေးကစားသမားတွေကို ရောင်းချထားရတဲ့ ပရီးမီးယားလိဂ်တန်းဆင်းကလပ် နော့ဝစ်ချ်ကို အငှားနဲ့ သွားရောက်ကစားဖွယ်ရှိ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလ မကုန်ခင် ဆုံးဖြတ်ရဖို့ ရှိနေပြီး အသင်းရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုနဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာတို့ကို ဆက်ထိန်းထားမယ်ဆိုရင် မဖြစ်မနေ သက်တမ်းတိုးရမှာဖြစ်ကြောင်း သိရ။

– ဘင်ဖီကာအသင်းကနေ နည်းပြဟောင်း ဂျော်ဂျီ ဂျေဆူးစ်ရဲ့ ဘယ်နောက်ခံမှာ ထားကစားမှုကို မကြိုက်လို့ အသင်းကနေ မိုနာကိုဆီ ထွက်ခွာခဲ့တယ်လို့ ဆိုခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားရဲ့ စကားဟာ အကြောင်းပြချက်သက်သက်သာဖြစ်ပြီး ငွေနောက်ကို လိုက်ခဲ့တာသာ ဖြစ်ကြောင်း နည်းပြရဲ့ သူငယ်ချင်း ပြောကြား။

– လက်စတာစီးတီးအသင်းက မန်ချက်စတာစီးတီးအသင်းဘက်ကို သွင်းယူခဲ့တဲ့ စတုတ္ထမြောက်ဂိုးဖြစ်ခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ရဲ့ သွင်းဂိုးက စက်တင်ဘာလရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ်ဂိုးအဖြစ် ရွေးချယ်ခံရ။

– လီယွန်နယ် မက်ဆီကို လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကနေ ခေါ်ယူဖို့ ထပ်မံကြိုးစားသွားမှာဖြစ်ပြီး သတင်းတွေ ထွက်ခဲ့တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကတော့ အသင်းနဲ့ ဘယ်တုန်းကမှ မနီးစပ်ခဲ့ဖူးဘူးလို့ မန်စီးတီးတာဝန်ရှိသူတွေ ထုတ်ဖော် ပြောကြား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.