Article Premier League

၆-၁ အလြန္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေနာက္ဆက္တြဲ သက္ေရာက္မွဳမ်ား…

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကို အိမ္ကြင္းမွာ ျပတ္ျပတ္သားသား ရွဳံးနိမ္ခဲ့ရတာက အသင္းအတြက္ အဆိုးေတြကို ျပသေနသလို အေကာင္းေတြလည္း သက္ေရာက္မွဳေတြ ရွိလာခဲ့ၿပီး ဒီအတြက္ Deadline Day ေနာက္ဆုံးအခ်ိန္မွာ ကစားသမားသစ္ေတြ ေခၚယူခဲ့တာကေတာ့ အျပဳသေဘာေဆာင္ခဲ့သလို ဒါေတြကို အက္သလက္တစ္သတင္းဌာနက သုံးသပ္ေရးသားသြားခဲ့ပါတယ္။

လက္ရွိေျခစြမ္းအရေတာ့ ယူႏိုက္တက္အေနနဲ႔ ဆက္တုိက္ရင္ဆုိင္ကစားရမယ့္ နယူးကာဆယ္လ္၊ ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီး၊ RB လုိက္ပ္ဇစ္၊ အာဆင္နယ္စတဲ့ အသင္းေကာင္းေတြကို ရင္ဆုိင္ဖို႔ ခက္မွာျဖစ္ၿပီး ပုံစံေကာင္းကို International Break အၿပီးမွာ ျပန္လည္မရွာေဖြႏုိင္ဘူးဆုိရင္ ေရွ႕ေလွ်ာက္ခက္ခဲေတာ့မွာလည္းျဖစ္ပါတယ္။

စပါးစ္နဲ႔ပြဲရဲ႕ သက္ေရာက္မွဳေတြက အဓိကအားျဖင့္ နည္းျပ ဆုိးလ္ရွားအေပၚ ႐ိုက္ခတ္မွဳ ႀကီးခဲ့ၿပီး ဒါကိုေတာင္မွ လိုအပ္ေနတဲ့ ဗဟိုေနာက္ခံလူတစ္ဦးကို ထပ္မေခၚခဲ့ဘူးဆုိတာကေတာ့ အားလုံးအံ့အားသင့္ခဲ့ရသလို ဟာရီ မက္ဂြဳိင္းယားနဲ႔ ေပါလ္ ေပါ့ဘာတုိ႔ရဲ႕ ပုံစံေတြကလည္း အသင္းအတြက္ ေပးဆပ္ေနတာေရာ ဟုတ္ရဲ႕လားလုိ႔ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

ဂရိႏုိင္ငံ၊ မိုင္ကိုေနာ့စ္ကေန ျပႆနာတက္ၿပီး ျပန္လာခဲ့တဲ့ မက္ဂြဳိင္းယားရဲ႕ ရာသီက စိတ္မပါဘဲ စတင္ရသလိုျဖစ္ေနၿပီး သူ႕ရဲ႕ ေလ်ာ့က်သြားခဲ့တဲ့ အာ႐ုံ စူးစိုက္မွဳက သူနဲ႔ အစကတည္းက အဆင္မေျပတဲ့ ဘယ္အတြင္းလူေနရာမွာ ကစားပုံပုိဆုိးလာခဲ့သလို ေပါ့ဘာကေတာ့ ငါးဂိုး-တစ္ဂိုးနဲ႔ ရွဳံးေနခ်ိန္မွာေတာင္မွ အလွအပေတြ လုပ္ျပေနတာကို ပရိသတ္ေတြက စိတ္ပ်က္ေနၾကပါတယ္။

ပထမပုိင္းအၿပီးမွာ လူစားလဲခံရတဲ့ ဖာနန္ဒက္စ္ စိတ္ပ်က္ခဲ့ရသလို ခံစစ္ကေတာ့ Clean Sheet ရဖို႔ဆုိတာ ျဖစ္ႏုိင္ေသးရဲ႕လားလို႔ ေမးခြန္း ထုတ္ေနရၿပီး ၃ ပြဲမွာ ၁၁ ဂိုး ေပးခဲ့ရတဲ့ ပုံစံက အားလုံးသိထားၾကဖူူးတဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ဘာမွ မဆုိင္သလိုပါပဲ။ ဒီၾကားထဲမွာ အသင္းကို ဦးေဆာင္ႏုိင္သူ မရွိတာက ခံစစ္ရဲ႕ ျပႆနာျဖစ္သလို ဒေဟးယားအတြက္ေတာ့ ဓားစာခံျဖစ္ေနခဲ့ရတာပါ။

ေခ်ပဂိုးကို ခံစစ္သုံးေယာက္ျဖစ္တဲ့ ဘုိင္လီ၊ ေရွာနဲ႔ မက္ဂြဳိင္းယားတုိ႔ ဖ႐ိုဖရဲ လုံးေထြးၿပီး ေပးလုိက္ရခ်ိန္မွာ စမွားခဲ့တာက ဘိုင္လီပါ။ ဒီဂိုးမွာ မက္ဂြဳိင္းယားရဲ႕ ေခါင္းတုိက္ခ်က္ကို လိုက္ဆယ္ဖုိ႔ မႀကဳိးစားဘဲ ေထာင့္ကန္ေဘာ ေပးလုိက္ရင္ ပြဲက ဒီမွာပဲ သိမ္းသြားပါၿပီ။ သူ႕ကို သတိေပးမယ့္သူမ်ဳိး မရွိသလို အားလုံးက ကေယာင္ေခ်ာက္ျခားျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။

မာစီယယ္လ္ အထုတ္ခံရၿပီး ၁၀ ေယာက္ျဖစ္သြားခ်ိန္ကေတာ့ ဒေဟးယားအတြက္ အဆုိးရြားဆုံး အခ်ိန္ေတြပါပဲ။ ကြင္းလယ္က Pressing ေရာ Close Down ပါ မလုပ္ႏုိင္ခ်ိန္မွာ လုခ္ ေရွာက သူ႕ကို ဆင္းကူမယ့္ ဘယ္ေတာင္ပံကစားသမား (ရက္ရွ္ဖို႔ဒ္) အရင္လိုပဲ ရွိေသးတယ္မွတ္ၿပီး စာအုပ္ႀကီးအတုိင္း ေလွနံဓားထစ္ ေနရာယူေနခဲ့တာကို စပါးစ္ကစားသမားေတြက အကြက္႐ိုက္ၿပီး ဂိုးသြင္းကုန္ၾကပါတယ္။ ဒါကို စပိန္ဂိုးသမားက ေအာ္ဟစ္တားဆီးမွဳေတြ လုပ္ခဲ့ေပမယ့္ ေနာက္က်ခဲ့ပါၿပီ။

သုံးသပ္သူေတြကေတာ့ ၆ ဂိုးလုံးအတြက္ ဒေဟးယားရဲ႕ တာဝန္ကင္းတယ္လုိ႔ ဆုိခဲ့ၾကၿပီး လက္စြမ္းက သာမန္အထက္မွာ ရွိခဲ့သလို စပါးစ္တုိက္စစ္မွဴး ဟာရီကိန္းရဲ႕ အပုိင္လုံးေတြကို ကာကြယ္ခဲ့ပါတယ္။ ကိန္းဂဏန္းေတြအရ ဆုိးရြားေနခဲ့ေတာ့ ဆုိးလ္ရွားအေနနဲ႔ သူ႕ကို အရန္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္နဲ႔ အေျပာင္းအလဲလုပ္သြားဖို႔ ရွိေနႏုိင္တာပါပဲ။

အသင္းတာဝန္ရွိသူေတြၾကားမွာေတာ့ ယာယီနည္းျပအျဖစ္ကေန အျမဲတမ္းျဖစ္လာခဲ့တဲ့ ဆုိးလ္ရွားကို ေထာက္ခံမွဳက က်ဆင္းေနၿပီး တစ္ေယာက္ကို အျမင္တစ္မ်ဳိးျဖစ္ေနၾကသလို လူသစ္ရွာခ်င္ေနၾကသူေတြလည္း ရွိေနေပမယ့္ မွားယြင္းေနခဲ့တာက စီမံခန္႔ခြဲမွဳျဖစ္သလို တကယ္ဆုိရင္ ေနာ္ေဝသားနည္းျပကို ခန္႔သင့္သလား၊ ခန္႔ခဲ့ရင္ ဘယ္လိုမ်ဳိး ေထာက္ပံ့အားျဖည့္ေပးသင့္သလဲဆုိတဲ့ ကြင္းတြင္းကြင္းျပင္ကိစၥ ဆုံးျဖတ္ခ်က္ေတြမွာ အားနည္းမွဳေတြလည္း ရွိေနခဲ့တာပါ။

ခံစစ္ရဲ႕ ဘယ္အတြင္းမွာ ကစားေပးမယ့္ ဘယ္သန္ဗဟိုခံစစ္မွဴးေတြကို အသင္းတုိင္းက မရွိမျဖစ္ ရွာေဖြသုံးစြဲေနၾကခ်ိန္မွာ မက္ဂြဳိင္းယားက တစ္ေန႔တစ္ျခား ဆုိးရြားလာခဲ့ၿပီး ဒါကို ေျပာင္းလဲျပင္ဆင္ဖို႔ အစီအစဥ္ မရွိေသးသလို တျခားတစ္နည္းတစ္လမ္းနဲ႔ ကူညီေပးဖို႔အတြက္လည္း ဆိုးလ္ရွားမွာ Plan မရွိတာပါပဲ။ အနည္းဆုံးေတာ့ လူသစ္မရဘူးဆုိရင္ ဘယ္သန္ကြင္းလယ္အဖ်က္သမားေတြက ခံစစ္ကစားခ်ိန္မွာ ဆင္းကူတဲ့ပုံစံမ်ဳိး (မာတစ္နဲ႔ ဖရက္ဒ္)ကို အားျဖည့္ေပးသင့္ခဲ့တာပါ။

တခ်ဳိ႕ကေတာ့ ဆုိၾကပါတယ္။ ယူႏုိက္တက္ရဲ႕ လူစာရင္းက နည္းျပငါးေယာက္ရဲ႕ လူစာရင္းျဖစ္ေနၿပီး တစ္ဦးတည္းရဲ႕ ပုံစံမဟုတ္ဘူးလို႔ပါ။ ဖာဂူဆန္၊ မြဳိက္စ္၊ ဗန္ဟားလ္နဲ႔ ေမာ္ရင္ညဳိတုိ႔ရဲ႕ မတူညီတဲ့ အျမင္ေတြနဲ႔ ေခၚယူထားခဲ့တဲ့ လက္ရွိလူအင္အားမွာ သုံးစြဲဖို႔ မလြယ္သလို ဆုိးလ္ရွားကိုယ္တုိင္နဲ႔ နားလည္မွဳမရွိ၊ အေစးမကပ္တဲ့ ကစားသမားေတြကလည္း အားကိုးလုိ႔ မရႏုိင္ေတာ့တာျဖစ္ၿပီး ဒါကို သူ႕ရဲ႕ အေတြ႕အႀကဳံေလာက္နဲ႔ ေျဖရွင္းဖို႔ကလည္း ခက္ခဲေနတာပါ။

ဒါေၾကာင့္ ကစားသမားသစ္ ေခၚဖို႔ထက္ အသင္းရဲ႕ အာဂ်င္ဒါမွာ ပုိမိုဦးစားေပးထားႏိုင္တဲ့ ကိစၥဟာ နည္းျပသစ္ျဖစ္ႏုိင္ၿပီး အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ ေလသံလႊင့္ထားတဲ့ ကိစၥျဖစ္တဲ့ ပိုခ်က္တီႏိုဆုိတဲ့ အသံကလည္း အုိးလ္ထရက္ဖို႔ဒ္ကို ႐ိုက္ခတ္ေနခဲ့ခ်ိန္မွာ ပရိသတ္ေတြကေတာ့ ထင္ေနၾကမွာပါ… “ယူႏုိက္တက္နည္းျပေဟာင္းက ယူႏိုက္တက္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ရွဳံးနိမ့္ေစခဲ့ၿပီး အဲ့ဒီအသင္းက စပါးစ္ျဖစ္ေနခ်ိန္မွာ စပါးစ္ နည္းျပေဟာင္းကို ေခၚလိုက္တာကေတာ့ ထူးဆန္းတဲ့ ေျဖရွင္းနည္းမ်ား ျဖစ္ေနမလား”လုိ႔ေပါ့ဗ်ာ…။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ရဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းကို အိမ်ကွင်းမှာ ပြတ်ပြတ်သားသား ရှုံးနိမ်ခဲ့ရတာက အသင်းအတွက် အဆိုးတွေကို ပြသနေသလို အကောင်းတွေလည်း သက်ရောက်မှုတွေ ရှိလာခဲ့ပြီး ဒီအတွက် Deadline Day နောက်ဆုံးအချိန်မှာ ကစားသမားသစ်တွေ ခေါ်ယူခဲ့တာကတော့ အပြုသဘောဆောင်ခဲ့သလို ဒါတွေကို အက်သလက်တစ်သတင်းဌာနက သုံးသပ်ရေးသားသွားခဲ့ပါတယ်။

လက်ရှိခြေစွမ်းအရတော့ ယူနိုက်တက်အနေနဲ့ ဆက်တိုက်ရင်ဆိုင်ကစားရမယ့် နယူးကာဆယ်လ်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ RB လိုက်ပ်ဇစ်၊ အာဆင်နယ်စတဲ့ အသင်းကောင်းတွေကို ရင်ဆိုင်ဖို့ ခက်မှာဖြစ်ပြီး ပုံစံကောင်းကို International Break အပြီးမှာ ပြန်လည်မရှာဖွေနိုင်ဘူးဆိုရင် ရှေ့လျှောက်ခက်ခဲတော့မှာလည်းဖြစ်ပါတယ်။

စပါးစ်နဲ့ပွဲရဲ့ သက်ရောက်မှုတွေက အဓိကအားဖြင့် နည်းပြ ဆိုးလ်ရှားအပေါ် ရိုက်ခတ်မှု ကြီးခဲ့ပြီး ဒါကိုတောင်မှ လိုအပ်နေတဲ့ ဗဟိုနောက်ခံလူတစ်ဦးကို ထပ်မခေါ်ခဲ့ဘူးဆိုတာကတော့ အားလုံးအံ့အားသင့်ခဲ့ရသလို ဟာရီ မက်ဂွိုင်းယားနဲ့ ပေါလ် ပေါ့ဘာတို့ရဲ့ ပုံစံတွေကလည်း အသင်းအတွက် ပေးဆပ်နေတာရော ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ဂရိနိုင်ငံ၊ မိုင်ကိုနော့စ်ကနေ ပြဿနာတက်ပြီး ပြန်လာခဲ့တဲ့ မက်ဂွိုင်းယားရဲ့ ရာသီက စိတ်မပါဘဲ စတင်ရသလိုဖြစ်နေပြီး သူ့ရဲ့ လျော့ကျသွားခဲ့တဲ့ အာရုံ စူးစိုက်မှုက သူနဲ့ အစကတည်းက အဆင်မပြေတဲ့ ဘယ်အတွင်းလူနေရာမှာ ကစားပုံပိုဆိုးလာခဲ့သလို ပေါ့ဘာကတော့ ငါးဂိုး-တစ်ဂိုးနဲ့ ရှုံးနေချိန်မှာတောင်မှ အလှအပတွေ လုပ်ပြနေတာကို ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။

ပထမပိုင်းအပြီးမှာ လူစားလဲခံရတဲ့ ဖာနန်ဒက်စ် စိတ်ပျက်ခဲ့ရသလို ခံစစ်ကတော့ Clean Sheet ရဖို့ဆိုတာ ဖြစ်နိုင်သေးရဲ့လားလို့ မေးခွန်း ထုတ်နေရပြီး ၃ ပွဲမှာ ၁၁ ဂိုး ပေးခဲ့ရတဲ့ ပုံစံက အားလုံးသိထားကြဖူူးတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘာမှ မဆိုင်သလိုပါပဲ။ ဒီကြားထဲမှာ အသင်းကို ဦးဆောင်နိုင်သူ မရှိတာက ခံစစ်ရဲ့ ပြဿနာဖြစ်သလို ဒဟေးယားအတွက်တော့ ဓားစာခံဖြစ်နေခဲ့ရတာပါ။

ချေပဂိုးကို ခံစစ်သုံးယောက်ဖြစ်တဲ့ ဘိုင်လီ၊ ရှောနဲ့ မက်ဂွိုင်းယားတို့ ဖရိုဖရဲ လုံးထွေးပြီး ပေးလိုက်ရချိန်မှာ စမှားခဲ့တာက ဘိုင်လီပါ။ ဒီဂိုးမှာ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ကို လိုက်ဆယ်ဖို့ မကြိုးစားဘဲ ထောင့်ကန်ဘော ပေးလိုက်ရင် ပွဲက ဒီမှာပဲ သိမ်းသွားပါပြီ။ သူ့ကို သတိပေးမယ့်သူမျိုး မရှိသလို အားလုံးက ကယောင်ချောက်ခြားဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

မာစီယယ်လ် အထုတ်ခံရပြီး ၁၀ ယောက်ဖြစ်သွားချိန်ကတော့ ဒဟေးယားအတွက် အဆိုးရွားဆုံး အချိန်တွေပါပဲ။ ကွင်းလယ်က Pressing ရော Close Down ပါ မလုပ်နိုင်ချိန်မှာ လုခ် ရှောက သူ့ကို ဆင်းကူမယ့် ဘယ်တောင်ပံကစားသမား (ရက်ရှ်ဖို့ဒ်) အရင်လိုပဲ ရှိသေးတယ်မှတ်ပြီး စာအုပ်ကြီးအတိုင်း လှေနံဓားထစ် နေရာယူနေခဲ့တာကို စပါးစ်ကစားသမားတွေက အကွက်ရိုက်ပြီး ဂိုးသွင်းကုန်ကြပါတယ်။ ဒါကို စပိန်ဂိုးသမားက အော်ဟစ်တားဆီးမှုတွေ လုပ်ခဲ့ပေမယ့် နောက်ကျခဲ့ပါပြီ။

သုံးသပ်သူတွေကတော့ ၆ ဂိုးလုံးအတွက် ဒဟေးယားရဲ့ တာဝန်ကင်းတယ်လို့ ဆိုခဲ့ကြပြီး လက်စွမ်းက သာမန်အထက်မှာ ရှိခဲ့သလို စပါးစ်တိုက်စစ်မှူး ဟာရီကိန်းရဲ့ အပိုင်လုံးတွေကို ကာကွယ်ခဲ့ပါတယ်။ ကိန်းဂဏန်းတွေအရ ဆိုးရွားနေခဲ့တော့ ဆိုးလ်ရှားအနေနဲ့ သူ့ကို အရန်ဂိုးသမား ဒင်းန် ဟန်ဒါဆန်နဲ့ အပြောင်းအလဲလုပ်သွားဖို့ ရှိနေနိုင်တာပါပဲ။

အသင်းတာဝန်ရှိသူတွေကြားမှာတော့ ယာယီနည်းပြအဖြစ်ကနေ အမြဲတမ်းဖြစ်လာခဲ့တဲ့ ဆိုးလ်ရှားကို ထောက်ခံမှုက ကျဆင်းနေပြီး တစ်ယောက်ကို အမြင်တစ်မျိုးဖြစ်နေကြသလို လူသစ်ရှာချင်နေကြသူတွေလည်း ရှိနေပေမယ့် မှားယွင်းနေခဲ့တာက စီမံခန့်ခွဲမှုဖြစ်သလို တကယ်ဆိုရင် နော်ဝေသားနည်းပြကို ခန့်သင့်သလား၊ ခန့်ခဲ့ရင် ဘယ်လိုမျိုး ထောက်ပံ့အားဖြည့်ပေးသင့်သလဲဆိုတဲ့ ကွင်းတွင်းကွင်းပြင်ကိစ္စ ဆုံးဖြတ်ချက်တွေမှာ အားနည်းမှုတွေလည်း ရှိနေခဲ့တာပါ။

ခံစစ်ရဲ့ ဘယ်အတွင်းမှာ ကစားပေးမယ့် ဘယ်သန်ဗဟိုခံစစ်မှူးတွေကို အသင်းတိုင်းက မရှိမဖြစ် ရှာဖွေသုံးစွဲနေကြချိန်မှာ မက်ဂွိုင်းယားက တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့ပြီး ဒါကို ပြောင်းလဲပြင်ဆင်ဖို့ အစီအစဉ် မရှိသေးသလို တခြားတစ်နည်းတစ်လမ်းနဲ့ ကူညီပေးဖို့အတွက်လည်း ဆိုးလ်ရှားမှာ Plan မရှိတာပါပဲ။ အနည်းဆုံးတော့ လူသစ်မရဘူးဆိုရင် ဘယ်သန်ကွင်းလယ်အဖျက်သမားတွေက ခံစစ်ကစားချိန်မှာ ဆင်းကူတဲ့ပုံစံမျိုး (မာတစ်နဲ့ ဖရက်ဒ်)ကို အားဖြည့်ပေးသင့်ခဲ့တာပါ။

တချို့ကတော့ ဆိုကြပါတယ်။ ယူနိုက်တက်ရဲ့ လူစာရင်းက နည်းပြငါးယောက်ရဲ့ လူစာရင်းဖြစ်နေပြီး တစ်ဦးတည်းရဲ့ ပုံစံမဟုတ်ဘူးလို့ပါ။ ဖာဂူဆန်၊ မွိုက်စ်၊ ဗန်ဟားလ်နဲ့ မော်ရင်ညိုတို့ရဲ့ မတူညီတဲ့ အမြင်တွေနဲ့ ခေါ်ယူထားခဲ့တဲ့ လက်ရှိလူအင်အားမှာ သုံးစွဲဖို့ မလွယ်သလို ဆိုးလ်ရှားကိုယ်တိုင်နဲ့ နားလည်မှုမရှိ၊ အစေးမကပ်တဲ့ ကစားသမားတွေကလည်း အားကိုးလို့ မရနိုင်တော့တာဖြစ်ပြီး ဒါကို သူ့ရဲ့ အတွေ့အကြုံလောက်နဲ့ ဖြေရှင်းဖို့ကလည်း ခက်ခဲနေတာပါ။

ဒါကြောင့် ကစားသမားသစ် ခေါ်ဖို့ထက် အသင်းရဲ့ အာဂျင်ဒါမှာ ပိုမိုဦးစားပေးထားနိုင်တဲ့ ကိစ္စဟာ နည်းပြသစ်ဖြစ်နိုင်ပြီး အက်ဒ် ဝုဒ်ဝဒ်ရဲ့ လေသံလွှင့်ထားတဲ့ ကိစ္စဖြစ်တဲ့ ပိုချက်တီနိုဆိုတဲ့ အသံကလည်း အိုးလ်ထရက်ဖို့ဒ်ကို ရိုက်ခတ်နေခဲ့ချိန်မှာ ပရိသတ်တွေကတော့ ထင်နေကြမှာပါ… “ယူနိုက်တက်နည်းပြဟောင်းက ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးနိမ့်စေခဲ့ပြီး အဲ့ဒီအသင်းက စပါးစ်ဖြစ်နေချိန်မှာ စပါးစ် နည်းပြဟောင်းကို ခေါ်လိုက်တာကတော့ ထူးဆန်းတဲ့ ဖြေရှင်းနည်းများ ဖြစ်နေမလား”လို့ပေါ့ဗျာ…။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.