Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၉.၁၀.၂၀၂၀

– အသင္းရဲ႕ ဝက္ဘ္ဆုိက္မွာ ၾကာသပေတးေန႔က တရားဝင္ မိတ္ဆက္ခဲ့တဲ့ လူငယ္ဂိုးသမားသစ္ ေခၚယူမွဳျဖစ္တဲ့ မာဆယ္လို ပီတာလူဂါကို လာမယ့္ မာေဆးဆုိက္ဒါဘီမွာ သုံးစြဲေစဖို႔ ပရိသတ္ေတြ ဆႏၵရွိေနၿပီး အက္ဒရီယန္ကိုေတာ့ အားလုံးက စိတ္ပ်က္ေနၾက။

isamaila sarr

– တုိက္စစ္မွာ ဆာလား၊ ဖာမီႏို၊ မာေနး၊ ဂ်ဳိတာ၊ ရွာက်ီရီနဲ႔ ေအာ္ရီဂီတုိ႔ ရွိေနေပမယ့္ ဝတ္ဖို႔ဒ္ ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္ကို လီဗာပူးလ္တုိ႔ စိတ္ဝင္စားဆဲျဖစ္ၿပီး ျပည္တြင္းအေျပာင္းအေရႊ႕ မပိတ္ခင္မွာ ေခၚယူဖို႔ ထပ္မံစဥ္းစားဖြယ္ရွိေန။

– ေဒါ့မြန္အသင္းရဲ႕ ကစားသမားေကာင္းေတြကို ေရာင္းခ်ၿပီး ေငြရွာေနတဲ့ ကိစၥကိုသာ သေဘာထား မကြဲလြဲခဲ့ဘူးဆုိရင္ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဆစ္ဂနယ္ အီဒူနာပါ့ခ္မွာ ဆက္ရွိမွာျဖစ္ၿပီး သူတုိ႔ရဲ႕ ေပၚလစီေၾကာင့္သာ ဒီလိုနည္းျပမ်ဳိးကို လီဗာပူးလ္ ပုိင္ဆုိင္ႏုိင္ခဲ့ေၾကာင္းသိရ။

– ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္ အသင္းတစ္သင္းျဖစ္တဲ့ ေပၚတုိအသင္းဆီ ကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္ကို မိုက္ကယ္ အက္ဒ္ဝပ္က အငွားခ်လိုက္ၿပီျဖစ္ၿပီး အုပ္စုတြင္းၿပဳိင္ဘက္အျဖစ္ ေတြ႕ဆုံရမယ့္ မန္စီးတီးအသင္းကို ဒုကၡေပးဖို႔ ပရိသတ္ေတြ တုိက္တြန္းေနၾက။

– အဂၤလန္ရဲ႕ အေျပာင္းအေရႊ႕ကာလ ပိတ္သိမ္းသြားခ်ိန္မွာ မေရာင္းခ်ႏုိင္ခဲ့တဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္အတြက္ တစ္ခုတည္းေသာ အေျဖအျဖစ္ လာမယ့္ရက္ပုိင္းအတြင္းမွာ ခ်န္ပီယံရွစ္အသင္းေတြဆီ အငွားခ်ထားရဖို႔ ရွိေန။

– လာမယ့္ ေႏြရာသီမွာ ေပါင္ ၃၆ သန္းတည္းနဲ႔ ရရွိႏုိင္မယ့္ အသက္ ၂၁ ႏွစ္အရြယ္ RB လုိက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုကို မန္ခ်က္စတာယူႏိုက္တက္နဲ႔ အၿပဳိင္ လီဗာပူးလ္အသင္း ႀကဳိးစားသြားဖြယ္ရွိေန။

– ဆြစ္ဇာလန္အသင္းရဲ႕ ေလ့က်င့္ေရးစခန္းမွာ ေဆးစစ္မွဳ ခံယူခဲ့ရာမွာ ကိုဗစ္-၁၉ ဗုိင္းရပ္စ္ပုိး ေတြ႕ရွိခဲ့ရတယ္ဆုိတဲ့ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီရဲ႕ အေျဖဟာ မွားယြင္းတဲ့ ေပါ့စတစ္ False Positive ျဖစ္ၿပီး လက္ရွိမွာ လက္ေရြးစင္အသင္းနဲ႔ ျပန္လည္ပူးေပါင္းေနၿပီလို႔ သိရ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ကြာသပတေးနေ့က တရားဝင် မိတ်ဆက်ခဲ့တဲ့ လူငယ်ဂိုးသမားသစ် ခေါ်ယူမှုဖြစ်တဲ့ မာဆယ်လို ပီတာလူဂါကို လာမယ့် မာဆေးဆိုက်ဒါဘီမှာ သုံးစွဲစေဖို့ ပရိသတ်တွေ ဆန္ဒရှိနေပြီး အက်ဒရီယန်ကိုတော့ အားလုံးက စိတ်ပျက်နေကြ။

isamaila sarr

– တိုက်စစ်မှာ ဆာလား၊ ဖာမီနို၊ မာနေး၊ ဂျိုတာ၊ ရှာကျီရီနဲ့ အော်ရီဂီတို့ ရှိနေပေမယ့် ဝတ်ဖို့ဒ် တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကို လီဗာပူးလ်တို့ စိတ်ဝင်စားဆဲဖြစ်ပြီး ပြည်တွင်းအပြောင်းအရွှေ့ မပိတ်ခင်မှာ ခေါ်ယူဖို့ ထပ်မံစဉ်းစားဖွယ်ရှိနေ။

– ဒေါ့မွန်အသင်းရဲ့ ကစားသမားကောင်းတွေကို ရောင်းချပြီး ငွေရှာနေတဲ့ ကိစ္စကိုသာ သဘောထား မကွဲလွဲခဲ့ဘူးဆိုရင် ယာဂန် ကလော့ပ်အနေနဲ့ ဆစ်ဂနယ် အီဒူနာပါ့ခ်မှာ ဆက်ရှိမှာဖြစ်ပြီး သူတို့ရဲ့ ပေါ်လစီကြောင့်သာ ဒီလိုနည်းပြမျိုးကို လီဗာပူးလ် ပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရ။

– ချန်ပီယံလိဂ်ကစားခွင့်ရမယ့် အသင်းတစ်သင်းဖြစ်တဲ့ ပေါ်တိုအသင်းဆီ ကွင်းလယ်လူ မာကို ဂရူယစ်ချ်ကို မိုက်ကယ် အက်ဒ်ဝပ်က အငှားချလိုက်ပြီဖြစ်ပြီး အုပ်စုတွင်းပြိုင်ဘက်အဖြစ် တွေ့ဆုံရမယ့် မန်စီးတီးအသင်းကို ဒုက္ခပေးဖို့ ပရိသတ်တွေ တိုက်တွန်းနေကြ။

– အင်္ဂလန်ရဲ့ အပြောင်းအရွှေ့ကာလ ပိတ်သိမ်းသွားချိန်မှာ မရောင်းချနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်အတွက် တစ်ခုတည်းသော အဖြေအဖြစ် လာမယ့်ရက်ပိုင်းအတွင်းမှာ ချန်ပီယံရှစ်အသင်းတွေဆီ အငှားချထားရဖို့ ရှိနေ။

– လာမယ့် နွေရာသီမှာ ပေါင် ၃၆ သန်းတည်းနဲ့ ရရှိနိုင်မယ့် အသက် ၂၁ နှစ်အရွယ် RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုကို မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် လီဗာပူးလ်အသင်း ကြိုးစားသွားဖွယ်ရှိနေ။

– ဆွစ်ဇာလန်အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ ဆေးစစ်မှု ခံယူခဲ့ရာမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရတယ်ဆိုတဲ့ တောင်ပံကစားသမား ချာဒန် ရှာကျီရီရဲ့ အဖြေဟာ မှားယွင်းတဲ့ ပေါ့စတစ် False Positive ဖြစ်ပြီး လက်ရှိမှာ လက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီလို့ သိရ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.