Premier League UCL&UEL

လူစားလဲခံရခ်ိန္မွာ ေဒါသေပါက္ကြဲခဲ့တဲ့ စပါးစ္ကြင္းလယ္လူ အယ္လီ

RB လိုက္ပ္ဇစ္အသင္းကို အိမ္ကြင္းေတာ့တင္ဟမ္ေဟာ့စပါးစ္စေတဒီယမ္မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးခဲ့တဲ့ပြဲမွာ လူစားလဲခံခဲ့ရလို႔ ေဒါသထြက္သြားတဲ့ ကြင္းလယ္လူ ဒယ္လီ အယ္လီဟာ အရန္ခံုေပၚအေရာက္မွာ သူ႔ေဘာလံုးကန္ဖိနပ္နဲ႔ ေရဗူးတို႔ကို ပစ္ေပါက္ၿပီး ေပါက္ကြဲခဲ့ပါတယ္။

ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ ဒဏ္ရာရေနတာေၾကာင့္ တိုက္စစ္မွဴးစစ္စစ္တစ္ဦးမွ မပါဘဲ ပြဲထြက္ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္ဟာ ပထမပိုင္းမွာတင္ RB လိုက္ပ္ဇစ္ကို ဂိုးကန္သြင္းခြင့္(၁၁)ႀကိမ္အထိ ေပးခဲ့ရၿပီး တုိက္စစ္ကစားပုံခ်င္း ယွဥ္ရာမွာလည္း အားနည္းေနခဲ့ပါတယ္။

ဒီပြဲမွာ အလီဟာ နည္းျပ ဟိုေဆး ေမာ္ရင္ညိဳ ေစခိုင္းတဲ့အတိုင္း ေတာင္ပံကိုေရာ ကြင္းလယ္အူေၾကာင္းတစ္ေလွ်ာက္ပါ အလ်ဥ္းသင့္သလို ေျပာင္းကစားခဲ့ရေပမယ့္ နည္းျပအႀကိဳက္လိုက္ကစားတဲ့ၾကားက ပြဲခ်ိန္(၆၄)မိနစ္မွာ လာမယ္လာနဲ႔ လူစားလဲခံလိုက္ရလို႔ ေဒါသေပါက္ကြဲခဲ့တာလည္းျဖစ္ပါတယ္။

ကြင္းထဲကေန ထြက္လာကတည္းက သူ႔အမူအရာကို ေစာင့္ၾကည့္ေနတဲ့ ကင္မရာမန္းေတြကလည္း အရန္ခံုေပၚမွာ သူေဒါသေပါက္ကြဲေနပံုေတြကို မလြတ္တမ္း ရိုက္ျပႏိုင္ခဲ့ပါတယ္။ သူပစ္ေပါက္လိုက္တဲ့ ဖိနပ္ဟာ သူအနားမွာ ထိုင္ေနတဲ့ အရန္ခံုေပၚက အသင္းသားတစ္ေယာက္ကိုလည္း ထိမွန္ခဲ့ပါေသးတယ္။

RB လိုက္ပ္ဇစ္ကို ပင္နယ္တီကကေန ဂိုးမေပးရခင္အထိေတာ့ ဂိုးသမား ဟူဂို လိုရစ္ရဲ႕ အံ့အားသင့္ဖြယ္ ကာကြယ္မႈ(၂)ႀကိမ္နဲ႔ ေတာင့္ခံႏိုင္ခဲ့ေပမယ့္ ဧည့္သည္အသင္းသား ကြန္ရတ္ လိုင္မာကို ဘန္ေဒးဗီးစ္က ေျခေထာက္နဲ႔ ျဖတ္တားလိုက္လို႔ ေပးခဲ့ရတဲ့ ပင္နယ္တီကို ပရီးမီးယားလိဂ္အသင္းေတြ စိတ္၀င္စားေနတဲ့ ဂ်ာမနီတိုက္စစ္မွဴး တီမို၀ါနာက အမွားအယြင္းမရွိ သြင္းယူၿပီး စပါးစ္တုိ႔ အိမ္ကြင္းမွာ ရွဳံးပြဲႀကဳံခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: RB လိုက်ပ်ဇစ်အသင်းကို အိမ်ကွင်းတော့တင်ဟမ်ဟော့စပါးစ်စတေဒီယမ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရလို့ ဒေါသထွက်သွားတဲ့ ကွင်းလယ်လူ ဒယ်လီ အယ်လီဟာ အရန်ခုံပေါ်အရောက်မှာ သူ့ဘောလုံးကန်ဖိနပ်နဲ့ ရေဗူးတို့ကို ပစ်ပေါက်ပြီး ပေါက်ကွဲခဲ့ပါတယ်။

ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ဒဏ်ရာရနေတာကြောင့် တိုက်စစ်မှူးစစ်စစ်တစ်ဦးမှ မပါဘဲ ပွဲထွက်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်ဟာ ပထမပိုင်းမှာတင် RB လိုက်ပ်ဇစ်ကို ဂိုးကန်သွင်းခွင့်(၁၁)ကြိမ်အထိ ပေးခဲ့ရပြီး တိုက်စစ်ကစားပုံချင်း ယှဉ်ရာမှာလည်း အားနည်းနေခဲ့ပါတယ်။

ဒီပွဲမှာ အလီဟာ နည်းပြ ဟိုဆေး မော်ရင်ညို စေခိုင်းတဲ့အတိုင်း တောင်ပံကိုရော ကွင်းလယ်အူကြောင်းတစ်လျှောက်ပါ အလျဉ်းသင့်သလို ပြောင်းကစားခဲ့ရပေမယ့် နည်းပြအကြိုက်လိုက်ကစားတဲ့ကြားက ပွဲချိန်(၆၄)မိနစ်မှာ လာမယ်လာနဲ့ လူစားလဲခံလိုက်ရလို့ ဒေါသပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။

ကွင်းထဲကနေ ထွက်လာကတည်းက သူ့အမူအရာကို စောင့်ကြည့်နေတဲ့ ကင်မရာမန်းတွေကလည်း အရန်ခုံပေါ်မှာ သူဒေါသပေါက်ကွဲနေပုံတွေကို မလွတ်တမ်း ရိုက်ပြနိုင်ခဲ့ပါတယ်။ သူပစ်ပေါက်လိုက်တဲ့ ဖိနပ်ဟာ သူအနားမှာ ထိုင်နေတဲ့ အရန်ခုံပေါ်က အသင်းသားတစ်ယောက်ကိုလည်း ထိမှန်ခဲ့ပါသေးတယ်။

RB လိုက်ပ်ဇစ်ကို ပင်နယ်တီကကနေ ဂိုးမပေးရခင်အထိတော့ ဂိုးသမား ဟူဂို လိုရစ်ရဲ့ အံ့အားသင့်ဖွယ် ကာကွယ်မှု(၂)ကြိမ်နဲ့ တောင့်ခံနိုင်ခဲ့ပေမယ့် ဧည့်သည်အသင်းသား ကွန်ရတ် လိုင်မာကို ဘန်ဒေးဗီးစ်က ခြေထောက်နဲ့ ဖြတ်တားလိုက်လို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို ပရီးမီးယားလိဂ်အသင်းတွေ စိတ်ဝင်စားနေတဲ့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာက အမှားအယွင်းမရှိ သွင်းယူပြီး စပါးစ်တို့ အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.