Premier League Transfer News

1 June နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့သတင်းများစုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် လီယွန်နဲ့ပွဲမှာ တစ်ဦးတည်း လေးဂိုးသွင်းခဲ့တဲ့ မောင့်ပယ်လီယာ တိုက်စစ်မှူး အယ်လ်ယီ ဝါဟီကို စိတ်ဝင်စားနေပြီး ဒီရာသီ လိဂန်ပြိုင်ပွဲမှာ ၁၇ ဂိုးသွင်းယူထားတဲ့ ပြင်သစ်သားကို ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေ။

– ဘိုင်ယန်မြူးနစ်ရဲ့ ဆွဲဆောင်မှုကို ခံထားရတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အနေနဲ့ အာဆင်နယ်ကိုသာ ရွေးချယ်ဖို့ အသင်း ဂန္ထဝင် ပယ်ရီ ဂရို့ဗ်စ်က တိုက်တွန်းလိုက်ပြီး သူ့ရဲ့ ကစားဟန်နဲ့ နည်းပြ မီခယ်လ် အာတီတာ အသုံးပြုမယ့် ပုံစံက တစ်ထပ်တည်းကျသလို ဂျာမန်မြေမှာ ဘာဖြစ်မယ်ဆိုတာက မရေရာဘူးလို့ ပြောသွားခဲ့။

– ဘရိုက်တန်တို့အနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို အာဆင်နယ်တို့ ထပ်မံကမ်းလှမ်းလိမ့်ဦးမယ်လို့ ယုံကြည်နေပြီး ဆောင်းရာသီက ကမ်းလှမ်းခဲ့ဖူးတဲ့တဲ့ ပေါင် ၇၅ သန်းရရင် ရောင်းချဖို့ ရှိနေသလို ဒေါ့မွန်ရဲ့ ဆီးရီးယားနွယ်ဖွား ဂျာမန်သား မာမွတ် ဒါဟွတ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေ။

– အာဆင်နယ်တို့အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ရာသီကုန်မှာ အလွတ်ထွက်ခွာဖို့ ရှိနေတဲ့ တောင်ပံသမား မာကို အဆန်စီယိုကို စောင့်ကြည့်နေပြီး ဗီလာနည်းပြ အူနိုင်း အမ်မရီကလည်း စိတ်ဝင်စားနေတဲ့ စပိန်သားအတွက် အာတီတာ ဆုံးဖြတ်ချက်ချရဖွယ်ရှိနေ။

– ဂန်းနားတွေရဲ့ ကပ္ပတိန်ဟောင်းကြီး တိုနီ အက်ဒမ်စ်က အသင်းအနေနဲ့ ခေါင်းဆောင်ကောင်းတွေကို ခေါ်ယူဖို့ လိုအပ်နေကြောင်း ဝန်ခံလိုက်ပြီး ဒက်ကလန် ရိုက်စ်ဟာလည်း အသင့်တော်ဆုံး ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူ့အတွက် ပေါင်သန်း ၁၀၀ ကျော် သုံးရမယ်ဆိုရင်တော့ ဂျက်ခ် ဂရီးလစ်ရှ်လို တောင်ပံသမားပဲ ယူတော့မယ်လို့ ဝေဖန်သွား။

– ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကလည်း ဒက်ကလန် ရိုက်စ်နဲ့အတူ ဘိုင်ယန်မြူးနစ်နဲ့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ အဝယ်စာရင်းထဲကို ပါဝင်နေတယ်လို့ ဖာဘရီဇီယို ရိုမာနို ဖော်ပြသွားခဲ့ပြီး အာတီတာအတွက် ဒေါသထွက်စရာဖြစ်လာနိုင်။

– အာဆင်နယ်အသင်းကနေ ဒီရာသီမှာ ဂါလာတာစာရေးအသင်းကို နည်းပါးလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ တူရကီဆူပါလိဂ် အမှတ်ပေးချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အစ္စတန်ဘူလ် အခြေစိုက်အသင်းအတွက် ပွဲ ၃၀ ပါဝင်ကစားပေးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.