Premier League

ချဲလ်ဆီးကြယ်ပွင့်တစ်ဦးကို နည်းပြဖြစ်ဖြစ်ချင်း ရက်စက်တဲ့ဆုံးဖြတ်ချက် ချခဲ့တဲ့ ပိုချက်တီနို

ချဲလ်ဆီးအသင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဆက်နေချင်နေတဲ့ ဂျာအို ဖဲလစ်ကို ယခုကို ယခုနွေရာသီမှာ အပြီးသတ် ခေါ်ယူသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟာပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပရီးမီးယားလိဂ်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး နည်းပြသစ် ပိုချက်တီနိုဟာ ပေါ်တူဂိကြယ်ပွင့်ကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုခြင်းမရှိဘူးဆိုတာကို ဆုံးဖြတ်ချက် ချမှတ်ထားပြီးဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက အက်သလက်တီကို မက်ဒရစ်ကို ပေါင် ၁၁၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားအတွက်တော့ ရက်စက်လွန်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဥက္ကဌ အန်နရီကေး ဆီရီဇိုက ချဲလ်ဆိးအသင်းအနေနဲ့ ဂျာအို ဖဲလစ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ရယူသွားမှာမဟုတ်ဘဲ ပေါ်တူဂီ တိုက်စစ်မှူးက မက်ဒရစ်ကို ပြန်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မနေ့က ကျွန်တော်တို့ ချဲလ်ဆီးနည်းပြသစ်က ဂျာအို ဖဲလစ်ကို မလိုချင်ဘူးဆိုတဲ့ သတင်းကို ရခ့တယ်။ ကျွန်တော်တို့ သိတာ ၂၄ နာရီတောင် မပြည့်သေးပါဘူး။ သူ ဒီကို ပြန်လာမှာဖြစ်ပြီး ကျွန်တော်တို့ ကြည့်ရမှာပါ။ ကျွန်တော်တို့ ဘာမှ စီစဉ်ထားတာမရှိပါဘူး။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီသတင်းဟာ ပေါ်တူဂီလူငယ်တိုက်စစ်မှူးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမှာဖြစ်ပြီး မကြာသေးမီက အနောက်လန်ဒန်မှာ ဆက်နေပြီး ၎င်းရဲ့ ကစားသမားဘဝကို ဆက်လက်ရှာဖွေချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့အနာဂတ်ကို မသိသေးဘူး။ ဒါပေမယ့် ဒီ ၄၊ ၅ လကိုတော့ ကျွန်တော် နှစ်သက်ခဲ့ပါတယ်။ ချဲလ်ဆီးက ထိပ်တန်းအသင်းဖြစ်ပြီး အသင်းမှာရှိတဲ့အားလုံးက ကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်။ ကျွန်တော့်အသင်းဖော်တွေက မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော် ဒီမှာ ရှိနေချင်ပါတယ်။”လို့ ဖဲလစ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဆက္ေနခ်င္ေနတဲ့ ဂ်ာအို ဖဲလစ္ကို ယခုကို ယခုေႏြရာသီမွာ အၿပီးသတ္ ေခၚယူသြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ပရီးမီးယားလိဂ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၂၀ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄ ဂိုးသာ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီး နည္းျပသစ္ ပိုခ်က္တီႏိုဟာ ေပၚတူဂိၾကယ္ပြင့္ကို ေပါင္ ၁၅ သန္းနဲ႔ အၿပီးသတ္ ေခၚယူလိုျခင္းမရွိဘူးဆိုတာကို ဆုံးျဖတ္ခ်က္ ခ်မွတ္ထားၿပီးျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တုန္းက အက္သလက္တီကို မက္ဒရစ္ကို ေပါင္ ၁၁၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားအတြက္ေတာ့ ရက္စက္လြန္းတဲ့ ဆုံးျဖတ္ခ်က္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ဥကၠဌ အန္နရီေကး ဆီရီဇိုက ခ်ဲလ္ဆိးအသင္းအေနနဲ႔ ဂ်ာအို ဖဲလစ္ကို ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ရယူသြားမွာမဟုတ္ဘဲ ေပၚတူဂီ တိုက္စစ္မႉးက မက္ဒရစ္ကို ျပန္လာမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“မေန႔က ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးနည္းျပသစ္က ဂ်ာအို ဖဲလစ္ကို မလိုခ်င္ဘူးဆိုတဲ့ သတင္းကို ရခ့တယ္။ ကြၽန္ေတာ္တို႔ သိတာ ၂၄ နာရီေတာင္ မျပည့္ေသးပါဘူး။ သူ ဒီကို ျပန္လာမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ၾကည့္ရမွာပါ။ ကြၽန္ေတာ္တို႔ ဘာမွ စီစဥ္ထားတာမရွိပါဘူး။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒီသတင္းဟာ ေပၚတူဂီလူငယ္တိုက္စစ္မႉးအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာမွာျဖစ္ၿပီး မၾကာေသးမီက အေနာက္လန္ဒန္မွာ ဆက္ေနၿပီး ၎ရဲ႕ ကစားသမားဘဝကို ဆက္လက္ရွာေဖြခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ရဲ႕အနာဂတ္ကို မသိေသးဘူး။ ဒါေပမယ့္ ဒီ ၄၊ ၅ လကိုေတာ့ ကြၽန္ေတာ္ ႏွစ္သက္ခဲ့ပါတယ္။ ခ်ဲလ္ဆီးက ထိပ္တန္းအသင္းျဖစ္ၿပီး အသင္းမွာရွိတဲ့အားလုံးက ကြၽန္ေတာ့္အေပၚ အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ့္အသင္းေဖာ္ေတြက မယုံႏိုင္စရာေကာင္းပါတယ္။ ကြၽန္ေတာ္ ဒီမွာ ရွိေနခ်င္ပါတယ္။”လို႔ ဖဲလစ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.