Premier League

စံချိန်တင်သုံးစွဲခဲ့ပေမယ့် အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ ၅ ခု

ဒီနေ့ခေတ်မှာတော့ နာမည်ကျော် ဘောလုံးကလပ်အသင်းတွေဟာ စံချိန်တင် ငွေကြေးပမာဏနဲ့ အလားအလာရှိတဲ့ ကြယ်ပွင့်ကစားသမားတွေကို ဝယ်ယူနေကြပြီး ပြီးခဲ့တဲ့နှစ်တွေမှာ မကြားဖူးတဲ့ ပမာဏတွေနဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘောလုံးမှာ ငွေသုံးကြမ်းတိုင်း အောင်မြင်မှု ရရှိနိုင်တာမဟုတ်ဘဲ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ပေါင် ၂.၁ ဘီလီယံအထိ ငွေသုံးကြမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီပမာဏဟာ ဇန်နဝါရီလမှာ ချဲလ်ဆီးအသင်းက ငွေကြေးသုံးစွဲမှု အများအပြား ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ပေါင် ၂.၈ ဘီလီယံအထိ မြင့်တက်သွားခဲ့ပြီး ငွေကြေးများစွာ သုံးစွဲခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

၅။ အာသာ မယ်လို-လီဗာပူးလ်

ဂျူဗင်တပ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အာသာ မယ်လိုရဲ့ အန်းဖီးကို အပြောင်းအရွှေ့ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ မအောင်မြင်ဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ရာသီအစောပိုင်းမှာပဲ ပေါင်ဒဏ်ရာ ခွဲစိတ်ခဲ့ရတာကြောင့် လီဗာပူးလ်အတွက် ၂ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး မာဆေးဆိုဒ်အသင်းအနေနဲ့ အာသာ မယ်လိုကို အပြီးသတ်မဝယ်ယူခဲ့တာပဲ တော်သေးတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာသာ မယ်လိုရဲ့ အပြောင်းအရွှေ့ဟာ ကလော့ပ်လက်ထက်မှာ အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုဖြစ်တယ်ဆိုတာတော့ ငြင်းလို့ မရတာဖြစ်ပါတယ်။

၄။ မိုင်ခေလို မာဒရစ်ခ်-ချဲလ်ဆီး

အာဆင်နယ်အသင်းလက်ထဲကနေ ငွေပိုပေးပြီး ကြားဖြတ်ခေါ်ယူခြင်းခံခဲ့ရတဲ့ မာဒရစ်ခ်ဟာ ချဲလ်ဆီးအတွက် ခေတ်သစ်တစ်ခုကို ဦးဆောင်ပေးမယ့်ကစားသမားအဖြစ် ယူဆခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်က ပွဲဦးထွက်ရာသီဟာ စိန်ခေါ်မှုတွေပြည့်နှက်နေခဲ့ပြီး ၎င်းရဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၈.၅ သန်းကလည်း ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းလိဂ်နဲ့ ပရီးမီးယားလိဂ်ကြား အကူးအပြောင်းမှာ အဆင့်အတန်း ကွာဟမှုကြောင့် ရုန်းကန်ခဲ့ရပြီး ၎င်းရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ပျက်စရာကောင်းခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတာကြောင့် မာဒရစ်ခ်အနေနဲ့ တိုးတက်လာဖို့ အများကြီးရှိနေသေးပေမယ့်လည်း လက်ရှိမှာတော့ ယူကရိန်းကြယ်ပွင့်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အားအနည်းဆုံးတိုက်စစ်ကစားသမားတွေထဲက တစ်ဥိးဆိုတာကတော့ ခါးသီးတဲ့အမှန်တရားဖြစ်ပါတယ်။ မာဒရစ်ခ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာပြီးနောက် ချဲလ်ဆီးအတွက် ၁၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့တာက ၎င်းရဲ့ ရုန်းကန်နေရမှုအတွက် သက်သေဖြစ်ပါတယ်။

၃။ အူဘာမီယန်း-ချဲလ်ဆီး

ချဲလ်ဆီးအသင်းကို သောမတ်စ် တူဟယ်နဲ့ ပြန်လည်ဆုံစည်းဖို့ ရောက်ရှိလာခဲ့တဲ့ အူဘာမီယန်းရဲ့ ဆုတောင်းက မပြည့်ခဲ့ဘဲ ဂျာမန်လူမျိုးနည်းပြဟာ နောက်ထပ်တစ်ပတ်အကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာက ဂန်းနားကြယ်ပွင့်ဟောင်းရဲ့ ထိုးနှက်ချက် များစွာထဲက ပထမဆုံး ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ နည်းပြသစ် ဂရေဟမ် ပေါ့တားက ချန်ပီယံလိဂ်လူစာရင်းကနေ ထုတ်ပယ်လိုက်ချိန်မှာတော့ နောက်ထပ် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အူဘာမီယန်းရဲ့ ပွဲကစားချိန် နည်းပါးမှုက ပြိုင်ပွဲစုံမှာ ၃ ဂိုးသာ သွင်းယူနိုင်စေခဲ့ပါတယ်။ စတမ်းဖို့ဒ် ဘရစ်ချ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ဂါဘွန်တိုက်စစ်မှူးဟာ ယခုလာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

၂။ ကယ်လ်ဗင် ဖီးလစ်ပ်စ်-မန်စီးတီး

မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်ဖလားရရှိခဲ့ပေမယ့်လည်း ကယ်လ်ဗင် ဖိလစ်ပ်စ်ကတော့ ၎င်းရဲ့ရာသီဟာ ထူးဆန်းပြီး စိတ်ပျက်စရာအချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသုံးမဝင်ခဲ့ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဖိလစ်ပ်စ်ရဲ့ ကြီး ၆ ကြီးအသင်းထဲက တစ်သင်းကို ပြောင်းရွှေ့ခဲ့မှုက သေချင်တဲ့ကျား တောပြောင်းသလိုဖြစ်ခဲ့ပြီး နည်းပြ ဂွါဒီယိုလာက ကိုယ်အလေးချိန်ပိုနေတယ်လို့ လူသိရှင်ကြား ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အစောပိုင်းမှာ ရရှိခဲ့တဲ့ ပုခုံးဒဏ်ရာက တစ်ရာသီလုံးကို ဒုက္ခရောက်စေခဲ့ပြီး ဆုဖလားပြိုင်ပွဲပြီးဆုံးပြီးနောက် ရာသီပိတ်ပွဲစဉ်ကျမှသာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ ကယ်လ်ဗင် ဖီးလစ်ပ်စ်အတွက် ပေါင် ၄၂ သန်းအထိ ပေးချေခဲ့ရပေမယ့်လည်း ဆုဖလားရရှိအောင် ကြိုးပမ်းမှုမှာ လိဒ်စ်ကြယ်ပွင့်ဟောင်းက အကူအညီမပေးခဲ့တာဖြစ်ပါတယ်။ ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ဂွါဒီယိုလာက ယုံကြည်မှုမရှိတာ ရှင်းလင်းနေခဲ့ပြီး အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၁။ ရစ်ချာလီဆန်-တော့တင်ဟမ်ဟော့စပါး

အဲဗာတန်ကြယ်ပွင့် ရစ်ချာလီဆန်ရဲ့ တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့ခဲ့မှုက ဒီရာသီရဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့လို့ သတ်မှတ်ရမှာဖြစ်ပြီး ကွန်တီက ဆုဖလားစိန်ခေါ်နိုင်ခြေရှိလာအောင် ဘရာဇီးလ်ကြယ်ပွင့်ကို ပေါင်သန်း ၆၀ သုံးစွဲခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ သိတဲ့အတိုင်း လက်တွေ့မှာတော့ ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ပြီး ရစ်ချာလီဆန်ဟာ စပါးစ်ရဲ့ ဆိုးရွားတဲ့ရာသီအတွက် အမှတ်သင်္ကေတဖြစ်ခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ ပုံစံနဲ့ စပါးစ်ရဲ့ ဒုတိယမြောက် စျေးအကြီးဆုံးကစားသမားခေါ်ယူမှုအဖြစ် ရောက်ရှိလာခဲ့ပေမယ့်လည်း ရစ်ချာလီဆန်ရဲ့ စပါးစ်ကစားသမားဘဝဟာ စိတ်ပျက်စရာကောင်းခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ပုံမှန်ပွဲထွက်ခွင့်ရဖို့လည်း ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ေခတ္မွာေတာ့ နာမည္ေက်ာ္ ေဘာလုံးကလပ္အသင္းေတြဟာ စံခ်ိန္တင္ ေငြေၾကးပမာဏနဲ႔ အလားအလာရွိတဲ့ ၾကယ္ပြင့္ကစားသမားေတြကို ဝယ္ယူေနၾကၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြမွာ မၾကားဖူးတဲ့ ပမာဏေတြနဲ႔ အေျပာင္းအေ႐ႊ႕ေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဘာလုံးမွာ ေငြသုံးၾကမ္းတိုင္း ေအာင္ျမင္မႈ ရရွိႏိုင္တာမဟုတ္ဘဲ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ေပါင္ ၂.၁ ဘီလီယံအထိ ေငြသုံးၾကမ္းခဲ့တာျဖစ္ပါတယ္။

အဲဒီပမာဏဟာ ဇန္နဝါရီလမွာ ခ်ဲလ္ဆီးအသင္းက ေငြေၾကးသုံးစြဲမႈ အမ်ားအျပား ျပဳလုပ္ခဲ့ၿပီးေနာက္မွာေတာ့ ေပါင္ ၂.၈ ဘီလီယံအထိ ျမင့္တက္သြားခဲ့ၿပီး ေငြေၾကးမ်ားစြာ သုံးစြဲခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ အဆိုး႐ြားဆုံးျဖစ္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေတြလည္း ရွိခဲ့တာျဖစ္ပါတယ္။

၅။ အာသာ မယ္လို-လီဗာပူးလ္

ဂ်ဴဗင္တပ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အာသာ မယ္လိုရဲ႕ အန္းဖီးကို အေျပာင္းအေ႐ႊ႕ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ မေအာင္ျမင္ဆုံး အေျပာင္းအေ႐ႊ႕ေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ ရာသီအေစာပိုင္းမွာပဲ ေပါင္ဒဏ္ရာ ခြဲစိတ္ခဲ့ရတာေၾကာင့္ လီဗာပူးလ္အတြက္ ၂ ပြဲသာ ပါဝင္ကစားေပးႏိုင္ခဲ့ၿပီး မာေဆးဆိုဒ္အသင္းအေနနဲ႔ အာသာ မယ္လိုကို အၿပီးသတ္မဝယ္ယူခဲ့တာပဲ ေတာ္ေသးတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာသာ မယ္လိုရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ကေလာ့ပ္လက္ထက္မွာ အဆိုး႐ြားဆုံး ကစားသမားေခၚယူမႈျဖစ္တယ္ဆိုတာေတာ့ ျငင္းလို႔ မရတာျဖစ္ပါတယ္။

၄။ မိုင္ေခလို မာဒရစ္ခ္-ခ်ဲလ္ဆီး

အာဆင္နယ္အသင္းလက္ထဲကေန ေငြပိုေပးၿပီး ၾကားျဖတ္ေခၚယူျခင္းခံခဲ့ရတဲ့ မာဒရစ္ခ္ဟာ ခ်ဲလ္ဆီးအတြက္ ေခတ္သစ္တစ္ခုကို ဦးေဆာင္ေပးမယ့္ကစားသမားအျဖစ္ ယူဆျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဂၤလန္က ပြဲဦးထြက္ရာသီဟာ စိန္ေခၚမႈေတြျပည့္ႏွက္ေနခဲ့ၿပီး ၎ရဲ႕ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၈.၅ သန္းကလည္း ဝန္ထုပ္ဝန္ပိုးႀကီး ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။ ယူကရိန္းလိဂ္နဲ႔ ပရီးမီးယားလိဂ္ၾကား အကူးအေျပာင္းမွာ အဆင့္အတန္း ကြာဟမႈေၾကာင့္ ႐ုန္းကန္ခဲ့ရၿပီး ၎ရဲ႕ စြမ္းေဆာင္ရည္ဟာ စိတ္ပ်က္စရာေကာင္းခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္သာ ရွိေသးတာေၾကာင့္ မာဒရစ္ခ္အေနနဲ႔ တိုးတက္လာဖို႔ အမ်ားႀကီးရွိေနေသးေပမယ့္လည္း လက္ရွိမွာေတာ့ ယူကရိန္းၾကယ္ပြင့္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ အားအနည္းဆုံးတိုက္စစ္ကစားသမားေတြထဲက တစ္ဥိးဆိုတာကေတာ့ ခါးသီးတဲ့အမွန္တရားျဖစ္ပါတယ္။ မာဒရစ္ခ္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိလာၿပီးေနာက္ ခ်ဲလ္ဆီးအတြက္ ၁၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္သာ ျပဳလုပ္ေပးႏိုင္ခဲ့တာက ၎ရဲ႕ ႐ုန္းကန္ေနရမႈအတြက္ သက္ေသျဖစ္ပါတယ္။

၃။ အူဘာမီယန္း-ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းကို ေသာမတ္စ္ တူဟယ္နဲ႔ ျပန္လည္ဆုံစည္းဖို႔ ေရာက္ရွိလာခဲ့တဲ့ အူဘာမီယန္းရဲ႕ ဆုေတာင္းက မျပည့္ခဲ့ဘဲ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ေနာက္ထပ္တစ္ပတ္အၾကာမွာပဲ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာက ဂန္းနားၾကယ္ပြင့္ေဟာင္းရဲ႕ ထိုးႏွက္ခ်က္ မ်ားစြာထဲက ပထမဆုံး ထိုးႏွက္ခ်က္ျဖစ္ခဲ့ပါတယ္။ နည္းျပသစ္ ဂေရဟမ္ ေပါ့တားက ခ်န္ပီယံလိဂ္လူစာရင္းကေန ထုတ္ပယ္လိုက္ခ်ိန္မွာေတာ့ ေနာက္ထပ္ ျပင္းထန္တဲ့ ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး အူဘာမီယန္းရဲ႕ ပြဲကစားခ်ိန္ နည္းပါးမႈက ၿပိဳင္ပြဲစုံမွာ ၃ ဂိုးသာ သြင္းယူႏိုင္ေစခဲ့ပါတယ္။ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ ဂါဘြန္တိုက္စစ္မႉးဟာ ယခုလာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

၂။ ကယ္လ္ဗင္ ဖီးလစ္ပ္စ္-မန္စီးတီး

မန္ခ်က္စတာစီးတီးက ပရီးမီးယားလိဂ္ဖလားရရွိခဲ့ေပမယ့္လည္း ကယ္လ္ဗင္ ဖိလစ္ပ္စ္ကေတာ့ ၎ရဲ႕ရာသီဟာ ထူးဆန္းၿပီး စိတ္ပ်က္စရာအခ်ိန္ေတြနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ အသုံးမဝင္ခဲ့ဘူးလို႔ ေျပာရမွာျဖစ္ပါတယ္။ ဖိလစ္ပ္စ္ရဲ႕ ႀကီး ၆ ႀကီးအသင္းထဲက တစ္သင္းကို ေျပာင္းေ႐ႊ႕ခဲ့မႈက ေသခ်င္တဲ့က်ား ေတာေျပာင္းသလိုျဖစ္ခဲ့ၿပီး နည္းျပ ဂြါဒီယိုလာက ကိုယ္အေလးခ်ိန္ပိုေနတယ္လို႔ လူသိရွင္ၾကား ေဝဖန္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ အေစာပိုင္းမွာ ရရွိခဲ့တဲ့ ပုခုံးဒဏ္ရာက တစ္ရာသီလုံးကို ဒုကၡေရာက္ေစခဲ့ၿပီး ဆုဖလားၿပိဳင္ပြဲၿပီးဆုံးၿပီးေနာက္ ရာသီပိတ္ပြဲစဥ္က်မွသာ ပထမဆုံး ပရီးမီးယားလိဂ္ပြဲဦးထြက္ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးဟာ ကယ္လ္ဗင္ ဖီးလစ္ပ္စ္အတြက္ ေပါင္ ၄၂ သန္းအထိ ေပးေခ်ခဲ့ရေပမယ့္လည္း ဆုဖလားရရွိေအာင္ ႀကိဳးပမ္းမႈမွာ လိဒ္စ္ၾကယ္ပြင့္ေဟာင္းက အကူအညီမေပးခဲ့တာျဖစ္ပါတယ္။ ကယ္လ္ဗင္ ဖိလစ္ပ္စ္ကို ဂြါဒီယိုလာက ယုံၾကည္မႈမရွိတာ ရွင္းလင္းေနခဲ့ၿပီး အသင္းအတြက္ ေနာက္ဆုံးပြဲစဥ္ကို ပါဝင္ကစားေပးခဲ့တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

၁။ ရစ္ခ်ာလီဆန္-ေတာ့တင္ဟမ္ေဟာ့စပါး

အဲဗာတန္ၾကယ္ပြင့္ ရစ္ခ်ာလီဆန္ရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးကို ေျပာင္းေ႐ႊ႕ခဲ့မႈက ဒီရာသီရဲ႕ အဆိုး႐ြားဆုံး အေျပာင္းအေ႐ႊ႕လို႔ သတ္မွတ္ရမွာျဖစ္ၿပီး ကြန္တီက ဆုဖလားစိန္ေခၚႏိုင္ေျခရွိလာေအာင္ ဘရာဇီးလ္ၾကယ္ပြင့္ကို ေပါင္သန္း ၆၀ သုံးစြဲေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ သိတဲ့အတိုင္း လက္ေတြ႕မွာေတာ့ ထင္ထားတာနဲ႔ ဆန႔္က်င္ဘက္ေတြ ျဖစ္ခဲ့ၿပီး ရစ္ခ်ာလီဆန္ဟာ စပါးစ္ရဲ႕ ဆိုး႐ြားတဲ့ရာသီအတြက္ အမွတ္သေကၤတျဖစ္ခဲ့ပါတယ္။ အလြန္ေကာင္းမြန္တဲ့ ပုံစံနဲ႔ စပါးစ္ရဲ႕ ဒုတိယေျမာက္ ေစ်းအႀကီးဆုံးကစားသမားေခၚယူမႈအျဖစ္ ေရာက္ရွိလာခဲ့ေပမယ့္လည္း ရစ္ခ်ာလီဆန္ရဲ႕ စပါးစ္ကစားသမားဘဝဟာ စိတ္ပ်က္စရာေကာင္းခဲ့ၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့သလို ပုံမွန္ပြဲထြက္ခြင့္ရဖို႔လည္း ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.