Premier League

ကိန်းနဲ့ဂရင်းဝုဒ်တို့ပါဝင်တဲ့ အပြောင်းအရွှေ့ ဝန်ခံချက်ပြုလုပ်ခဲ့တဲ့ တန်ဟက်နဲ့ ဒဟေးယားအနာဂတ်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ယခုနွေရာသီမှာ တိုက်စစ်မှူး ခေါ်ယူဖို့ စျေးကွက်ထဲမှာ ရှာဖွေနေတယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး ဟာရီ ကိန်းနဲ့ မေဆန် ဂရင်းဝုဒ်တို့ ၂ ဦးစလုံးက အတွေးထဲမှာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပြီး ၂၀၂၃-၂၀၂၄ ရာသီမှာ ဆုဖာလးအတွက် စိန်ခေါ်ဖို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းသွားနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လာမယ့်ရာသီမတိုင်ခင် တိုးတက်အောင် လုပ်ဖို့ လိုအပ်နေတဲ့အရာက သွင်းဂိုးတွေဖြစ်ပြီး ရက်ရှ်ဖို့ဒ် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တိုက်စစ်မှူး ဖြစ်တဲ့ မာစီယယ်လ်ကတော့ တစ်ရာသီလုံး ၉ ဂိုးသာ သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အဲရစ် တန်ဟက်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဘေးမှာ ဂိုးသွင်းနိုင်တဲ့ အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦး လူစာရင်းထဲကနေပဲ ထွက်လာမလား ဒါမှမဟုတ် ကစားသမားသစ် ခေါ်ယူရမလားဆိုတာကို စဉ်းစားဖို့လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ အသင်းရောင်းချဖို့ လုပ်ဆောင်နေတာကြောင့် အပြောင်းအရွှေ့စီမံကိန်းတွေကို ခဏဆိုင်းထားတာဖြစ်ပါတယ်။

တန်ဟက် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတောင်မှ ယခုနွေရာသီမှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ဘယ်လောက်အထိ သုံးစွဲဖို့ ဘတ်ဂျက်ရမလဲဆိုတာ သေချာမသိရသေးဘူးလို့ ဝန်ခံခဲ့ပြီး စပါးစ်ကတော့ ကြယ်ပွင့်တိုက်စစ်မှူးအတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ခြေရှိတာက အကယ်ဒမီထွက်တိုက်စစ်မှူး ဂရင်းဝုဒ်ဖြစ်ပြီး မုဒိမ်းမှု၊ အကြမ်းဖက်မှုကြောင့် တရားစွဲဆိုခံခဲ့ရတဲ့အချိန်ကတည်းက အင်္ဂလန်တိုက်စစ်မှူးကို အသင်းနဲ့ ပူးပေါင်းခွင့်ကို ပိတ်ပင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်က မန်ချက်စတာယူနိုက်တက် လိုအပ်နေတဲ့ ဂိုးသွင်းနှုန်းမျိုး အထောက်အပံ့ပေးနိုင်မလားလို့ မေးမြန်းခြင်းခံရချိန်မှာ တန်ဟက်က “အရင်တုန်းက ပြသခဲ့တာကတော့ သူက ဂိုးတွေသွင်းယူနိုင်စွမ်းရှိပါတယ်။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြက မေဆန် ဂရင်းဝုဒ်ကို အသင်းလူစာရင်းထဲ ပြန်လည်ပေါင်းစည်းဖို့ ဆုံးဖြတ်ချက်ဟာ ၎င်းကိုယ်တိုင် ချမှတ်လို့ရတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ပထမအသင်းထဲမှာ ပါဝင်ကစားပေးခွင့်ရရှိခဲ့ချိန်ကတည်းက ၁၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၃၅ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

ကိန်းနဲ့ ဂရင်းဝုဒ်တို့က လာမယ့်ရာသီ မန်ယူနိုက်တက်အတွက် ရွေးချယ်စရာအဖြစ် ရှိနေချိန်မှာ နောက်ထပ် သတင်းထွက်နေခဲ့တဲ့ တိုက်စစ်မှူးကတော့ ထိပ်တန်းခြေစွမ်းရရှိနေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆီမန်ဖြစ်ပါတယ်။

အီတလီက သတင်းတွေရဲ့ ဖော်ပြချက်အရ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ နာပိုလီမှာ ဆက်နေဖို့အတွက် စာချုပ်သစ် ချုပ်ဆိုသွားနိုင်တယ်လို့ သိရပြီး စီးရီးအေချန်ပီယံတွေဟာ အိုဆီမန်ကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့အသင်းတွေနဲ့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီဖြစ်ပေမယ့်လည်း အသင်းတာဝန်ရှိသူတွေ လက်မှတ်ထိုးဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒဟေးယားဟာ မန်ချက်စတာယူနိုက်တက်မှာ လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ထက်လျော့နည်းတဲ့ စာချုပ်သစ်ကို ဆွေးနွေးနေခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် ဂိုးသမားဟာ ၂၀၁၁ ခုနှစ်ကတည်းက အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့ပေမယ့် ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကတော့ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ပေးဂိုးမရှိပွဲအများဆုံးရရှိအောင် လက်စွမ်းပြခဲ့တဲ့ ယခုရာသီ ရွှေလက်အိတ်ပိုင်ရှင် ဒဟေးယားအနေနဲ့ အသင်းမှာ ဆက်နေမယ်လို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုအခြေအနေကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က ယခုေႏြရာသီမွာ တိုက္စစ္မႉး ေခၚယူဖို႔ ေစ်းကြက္ထဲမွာ ရွာေဖြေနတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီး ဟာရီ ကိန္းနဲ႔ ေမဆန္ ဂရင္းဝုဒ္တို႔ ၂ ဦးစလုံးက အေတြးထဲမွာရွိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့ၿပီျဖစ္ၿပီး ၂၀၂၃-၂၀၂၄ ရာသီမွာ ဆုဖာလးအတြက္ စိန္ေခၚဖို႔ ေနာက္ထပ္ ေျခတစ္လွမ္း လွမ္းသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ လာမယ့္ရာသီမတိုင္ခင္ တိုးတက္ေအာင္ လုပ္ဖို႔ လိုအပ္ေနတဲ့အရာက သြင္းဂိုးေတြျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္ ၿပိဳင္ပြဲစုံ ဂိုး ၃၀ အထိ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ေနာက္ထပ္တိုက္စစ္မႉး ျဖစ္တဲ့ မာစီယယ္လ္ကေတာ့ တစ္ရာသီလုံး ၉ ဂိုးသာ သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အဲရစ္ တန္ဟက္ဟာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ေဘးမွာ ဂိုးသြင္းႏိုင္တဲ့ အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ဦး လူစာရင္းထဲကေနပဲ ထြက္လာမလား ဒါမွမဟုတ္ ကစားသမားသစ္ ေခၚယူရမလားဆိုတာကို စဥ္းစားဖို႔လိုတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းဟာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ အသင္းေရာင္းခ်ဖို႔ လုပ္ေဆာင္ေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕စီမံကိန္းေတြကို ခဏဆိုင္းထားတာျဖစ္ပါတယ္။

တန္ဟက္ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ကေတာင္မွ ယခုေႏြရာသီမွာ ကစားသမားသစ္ ေခၚယူဖို႔အတြက္ ဘယ္ေလာက္အထိ သုံးစြဲဖို႔ ဘတ္ဂ်က္ရမလဲဆိုတာ ေသခ်ာမသိရေသးဘူးလို႔ ဝန္ခံခဲ့ၿပီး စပါးစ္ကေတာ့ ၾကယ္ပြင့္တိုက္စစ္မႉးအတြက္ အနည္းဆုံး ေပါင္သန္း ၁၀၀ ေတာင္းဆိုသြားမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အတြက္ ေ႐ြးခ်ယ္စရာတစ္ခု ျဖစ္လာႏိုင္ေျခရွိတာက အကယ္ဒမီထြက္တိုက္စစ္မႉး ဂရင္းဝုဒ္ျဖစ္ၿပီး မုဒိမ္းမႈ၊ အၾကမ္းဖက္မႈေၾကာင့္ တရားစြဲဆိုခံခဲ့ရတဲ့အခ်ိန္ကတည္းက အဂၤလန္တိုက္စစ္မႉးကို အသင္းနဲ႔ ပူးေပါင္းခြင့္ကို ပိတ္ပင္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဂရင္းဝုဒ္က မန္ခ်က္စတာယူႏိုက္တက္ လိုအပ္ေနတဲ့ ဂိုးသြင္းႏႈန္းမ်ိဳး အေထာက္အပံ့ေပးႏိုင္မလားလို႔ ေမးျမန္းျခင္းခံရခ်ိန္မွာ တန္ဟက္က “အရင္တုန္းက ျပသခဲ့တာကေတာ့ သူက ဂိုးေတြသြင္းယူႏိုင္စြမ္းရွိပါတယ္။”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒတ္ခ်္လူမ်ိဳးနည္းျပက ေမဆန္ ဂရင္းဝုဒ္ကို အသင္းလူစာရင္းထဲ ျပန္လည္ေပါင္းစည္းဖို႔ ဆုံးျဖတ္ခ်က္ဟာ ၎ကိုယ္တိုင္ ခ်မွတ္လို႔ရတဲ့ ဆုံးျဖတ္ခ်က္မဟုတ္ဘူးဆိုတာကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဂရင္းဝုဒ္ဟာ ပထမအသင္းထဲမွာ ပါဝင္ကစားေပးခြင့္ရရွိခဲ့ခ်ိန္ကတည္းက ၁၂၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၃၅ ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလေနာက္ပိုင္း အသင္းအတြက္ ကစားေပးႏိုင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။

ကိန္းနဲ႔ ဂရင္းဝုဒ္တို႔က လာမယ့္ရာသီ မန္ယူႏိုက္တက္အတြက္ ေ႐ြးခ်ယ္စရာအျဖစ္ ရွိေနခ်ိန္မွာ ေနာက္ထပ္ သတင္းထြက္ေနခဲ့တဲ့ တိုက္စစ္မႉးကေတာ့ ထိပ္တန္းေျခစြမ္းရရွိေနတဲ့ နာပိုလီတိုက္စစ္မႉး အိုဆီမန္ျဖစ္ပါတယ္။

အီတလီက သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ နာပိုလီမွာ ဆက္ေနဖို႔အတြက္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားႏိုင္တယ္လို႔ သိရၿပီး စီးရီးေအခ်န္ပီယံေတြဟာ အိုဆီမန္ကို ေခၚယူဖို႔ ႀကိဳးပမ္းလာတဲ့အသင္းေတြနဲ႔ တိုက္ပြဲဝင္သြားမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီလိုက္ၿပီျဖစ္ေပမယ့္လည္း အသင္းတာဝန္ရွိသူေတြ လက္မွတ္ထိုးဖို႔ က်န္ရွိေနေသးတယ္လို႔ သိရပါတယ္။

ဒေဟးယားဟာ မန္ခ်က္စတာယူႏိုက္တက္မွာ လက္ရွိရရွိေနတဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၇၅၀၀၀ ထက္ေလ်ာ့နည္းတဲ့ စာခ်ဳပ္သစ္ကို ေဆြးေႏြးေနခဲ့တာျဖစ္ၿပီး အသက္ ၃၂ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ၂၀၁၁ ခုႏွစ္ကတည္းက အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့ေပမယ့္ ဇြန္လ ၃၀ ရက္ေန႔မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ကေတာ့ ပရီးမီးယားလိဂ္မွာ တစ္ရာသီအတြင္း ေပးဂိုးမရွိပြဲအမ်ားဆုံးရရွိေအာင္ လက္စြမ္းျပခဲ့တဲ့ ယခုရာသီ ေ႐ႊလက္အိတ္ပိုင္ရွင္ ဒေဟးယားအေနနဲ႔ အသင္းမွာ ဆက္ေနမယ္လို႔ ေမွ်ာ္လင့္ထားတယ္လို႔ ၿပီးခဲ့တဲ့အပတ္မွာ ေျပာၾကားခဲ့ၿပီး ေဆြးေႏြးညႇိႏႈိင္းမႈအေျခအေနကိုေတာ့ မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.