Other Leagues

ရော်နယ်လ်ဒိုနဲ့ လမ်းခွဲပြီးနောက် ပထမဆုံးထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဂျော့ဂျ် မန်ဒက်စ်

ဂျော့ဂျ် မန်ဒက်စ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ဆက်ဆံရေးဟာ ပေါ်တူဂီကြယ်ပွင့်က အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ ပျက်စီးခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ကာလရှည် လက်တွဲခဲ့တဲ့ အေးဂျင့်နဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး စူပါအေးဂျင့်က မကြာသေးမီက ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မန်ဒက်စ်ဟာ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရပေမယ့်လည်း မကောင်းပြောစရာမရှိဘဲ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ကျေးဇူးတင်စကားနဲ့ လေးစားမှုကို ပြသတဲ့ စကားလုံးတွေသာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကျွန်တော့် နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ။ သူက ထူးခြားတဲ့ ကစားသမားဖြစ်ပြီး ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ ကျွန်တော် တွေးမိခဲ့တာက လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော့်မှာ သူ့တန်ဖိုး တစ်ဝက်လောက်ပဲ ရှိတဲ့ကစားသမားတွေ ရှိခဲ့ရင်တောင် ကျွန်တော် လက်တွဲမှာပါ။ ပေါ်တူဂီလူမျိုးအားလုံးက သူ့ကို ပိုင်ဆိုင်ထားရတာ ဂုဏ်ယူသင့်ပြီး ကျွန်တော်တို့မှာ သူ့လိုမျိုး ကစားသမား ရှိထားပါတယ်”

“ကျွန်တော် အမြဲတမ်း အဲဒါကို ပြောခဲ့ပြီး ကျွန်တော် ထပ်ပြောမယ်။ သူက တခြားကစားသမားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင်မှ သမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားလည်း ဖြစ်ပါတယ်။ မတူညီတဲ့ အချိန်အပိုင်းအခြားတွေမှာ သူတို့တွေက အဲဒါက ကြံ့ခိုင်မှုနဲ့ အလုပ်လို့ ပြောခဲ့တယ်။ အဲဒါက အလုပ်ဆိုတာ အမှန်ပဲဖြစ်ပြီး လူငယ်တွေအတွက် စံနမူနာဖြစ်ခဲ့ပါတယ်။ သူက အရမ်းကြီးကျယ်ခမ်းနားတဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်လုပ်ရမယ့်အရာအားလုံးကို လုပ်ခဲ့ပေမယ့်စိတ်ဓာတ်အဆင့်အတန်းလည်း မြင့်မားသူပါ”

“ရော်နယ်ဒင်ညိုနဲ့ မက်ဆီတို့အကြောင်း ပြောနေကြတဲ့အချိန်မှာ ခရစ္စတီယာနိုမှာ အရာအားလုံးရှိနေခဲ့တယ်။ သူက စိတ်ဓာတ်အဆင့်အတန်းမြင့်တယ်။ ပေါက်ကွဲလွယ်တယ်။ သူက စက်ယန္တရားဖြစ်လာခဲ့တယ်။ သူတို့တွေ သူ့ကို သမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်လာအောင် တွန်းပို့ပေးခဲ့တဲ့ လုပ်ငန်းစဉ်ကို ဘယ်တုန်းကမှ မတွေးမိခဲ့ကြပါဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။

မန်ဒက်စ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝတလျှောက်လုံး လက်တွဲခဲ့တဲ့ အေးဂျင့်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ စပို့တင်း လစ္စဘွန်းကနေ မန်ချက်စတာယူနိုက်တက်ကို အပြောင်းအရွှေ့ပြုလုပ်ရာမှာ ကြီးကြပ်ပေးခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အေးဂျင့် မန်ဒက်စ်ကို တစ်ခါတုန်းက ကိုယ်ပိုင် ကျွန်းတစ်ကျွန်းကို လက်ဆောင်ပေးခဲ့ဖူးပြီး လက်ရှိမှာတော့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီဖြစ်ပေမယ့်လည်း စူပါအေးဂျင့်က ၎င်းရဲ့လုပ်ဖော်ကိုင်ဖက်အကြောင်းကို ချီးကျူးစရာကလွဲပြီး စကားရှာမရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်ာ့ဂ်္ မန္ဒက္စ္နဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ ဆက္ဆံေရးဟာ ေပၚတူဂီၾကယ္ပြင့္က အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အခ်ိန္မွာ ပ်က္စီးခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ကာလရွည္ လက္တြဲခဲ့တဲ့ ေအးဂ်င့္နဲ႔ လမ္းခြဲခဲ့တာျဖစ္ၿပီး စူပါေအးဂ်င့္က မၾကာေသးမီက ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

မန္ဒက္စ္ဟာ အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ လမ္းခြဲျခင္းကို ခံခဲ့ရေပမယ့္လည္း မေကာင္းေျပာစရာမရွိဘဲ ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ေက်းဇူးတင္စကားနဲ႔ ေလးစားမႈကို ျပသတဲ့ စကားလုံးေတြသာ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ကြၽန္ေတာ့္ ႏွလုံးသားထဲမွာ အၿမဲတမ္းရွိေနမွာပါ။ သူက ထူးျခားတဲ့ ကစားသမားျဖစ္ၿပီး ထူးျခားတဲ့ပုဂၢိဳလ္တစ္ဦးပါ။ ကြၽန္ေတာ္ ေတြးမိခဲ့တာက လြန္ခဲ့တဲ့ႏွစ္ေတြမွာ ကြၽန္ေတာ့္မွာ သူ႔တန္ဖိုး တစ္ဝက္ေလာက္ပဲ ရွိတဲ့ကစားသမားေတြ ရွိခဲ့ရင္ေတာင္ ကြၽန္ေတာ္ လက္တြဲမွာပါ။ ေပၚတူဂီလူမ်ိဳးအားလုံးက သူ႔ကို ပိုင္ဆိုင္ထားရတာ ဂုဏ္ယူသင့္ၿပီး ကြၽန္ေတာ္တို႔မွာ သူ႔လိုမ်ိဳး ကစားသမား ရွိထားပါတယ္”

“ကြၽန္ေတာ္ အၿမဲတမ္း အဲဒါကို ေျပာခဲ့ၿပီး ကြၽန္ေတာ္ ထပ္ေျပာမယ္။ သူက တျခားကစားသမားေတြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ေတာင္မွ သမိုင္းမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ၿပီး ကမာၻေပၚက အေကာင္းဆုံးကစားသမားလည္း ျဖစ္ပါတယ္။ မတူညီတဲ့ အခ်ိန္အပိုင္းအျခားေတြမွာ သူတို႔ေတြက အဲဒါက ႀကံ့ခိုင္မႈနဲ႔ အလုပ္လို႔ ေျပာခဲ့တယ္။ အဲဒါက အလုပ္ဆိုတာ အမွန္ပဲျဖစ္ၿပီး လူငယ္ေတြအတြက္ စံနမူနာျဖစ္ခဲ့ပါတယ္။ သူက အရမ္းႀကီးက်ယ္ခမ္းနားတဲ့ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္လုပ္ရမယ့္အရာအားလုံးကို လုပ္ခဲ့ေပမယ့္စိတ္ဓာတ္အဆင့္အတန္းလည္း ျမင့္မားသူပါ”

“ေရာ္နယ္ဒင္ညိဳနဲ႔ မက္ဆီတို႔အေၾကာင္း ေျပာေနၾကတဲ့အခ်ိန္မွာ ခရစၥတီယာႏိုမွာ အရာအားလုံးရွိေနခဲ့တယ္။ သူက စိတ္ဓာတ္အဆင့္အတန္းျမင့္တယ္။ ေပါက္ကြဲလြယ္တယ္။ သူက စက္ယႏၲရားျဖစ္လာခဲ့တယ္။ သူတို႔ေတြ သူ႔ကို သမိုင္းမွာ အေကာင္းဆုံးကစားသမားျဖစ္လာေအာင္ တြန္းပို႔ေပးခဲ့တဲ့ လုပ္ငန္းစဥ္ကို ဘယ္တုန္းကမွ မေတြးမိခဲ့ၾကပါဘူး။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ဒက္စ္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ကစားသမားဘဝတေလွ်ာက္လုံး လက္တြဲခဲ့တဲ့ ေအးဂ်င့္ျဖစ္ၿပီး ၂၀၀၃ ခုႏွစ္မွာ စပို႔တင္း လစၥဘြန္းကေန မန္ခ်က္စတာယူႏိုက္တက္ကို အေျပာင္းအေ႐ႊ႕ျပဳလုပ္ရာမွာ ႀကီးၾကပ္ေပးခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေအးဂ်င့္ မန္ဒက္စ္ကို တစ္ခါတုန္းက ကိုယ္ပိုင္ ကြၽန္းတစ္ကြၽန္းကို လက္ေဆာင္ေပးခဲ့ဖူးၿပီး လက္ရွိမွာေတာ့ ကိုယ့္လမ္းကိုယ္ေလွ်ာက္ေနၾကၿပီျဖစ္ေပမယ့္လည္း စူပါေအးဂ်င့္က ၎ရဲ႕လုပ္ေဖာ္ကိုင္ဖက္အေၾကာင္းကို ခ်ီးက်ဴးစရာကလြဲၿပီး စကားရွာမရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.