Other Leagues

ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလို ဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီတုန်းကအတိုင်းပဲ ယခုရာသီကို ဆုဖလားလက်မဲ့နဲ့ ကုန်ဆုံးရမှာဖြစ်ပြီး အယ်လ် နာဆာအသင်းဟာ ဆော်ဒီ ပရိုလိဂ်ဖလားကို လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်ဟာ စနေနေ့က ၎င်းရဲ့အသင်း ၁-၁ သရေကျနေချိန်မှာ အယ်လ် အစ်တီဟတ်က ၃-၀ နဲ့ အနိုင်ရရှိပြီး ဆော်ဒီ ပရိုလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့တာကြောင့် စိတ်ပျက်ဝမ်းနည်းခဲ့မယ်ဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။

အက်တီဖတ်နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်ကို မယှဉ်ပြိုင်မီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့အသင်းဟာ ၂ ပွဲကစားဖို့ ကျန်သေးတဲ့အချိန်မှာ အယ်လ် အစ်တီဟတ်နဲ့ ၃ မှတ်ကွာဟနေခဲ့တာဖြစ်ပြီး အယ်လ် နာဆာရဲ့ ဆုဖလားပြိုင်ဘက်တွေဟာ အယ်လ် ဖေဟာကို အနိုင်ရမယ်ဆိုရင် ဖလားရတော့မယ်ဆိုတာကို သိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အယ်လ် နာဆာအသင်းဟာ ပထမပိုင်းမပြီးဆုံးခင်မှာ ၁-၀ နဲ့ နောက်ကနေ လိုက်ကစားနေခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာ ရော်နယ်လ်ဒိုက အသင်းဖော်တွေကို ဘယ်ကိုပေး၊ ဘယ်ကိုပြေးဆိုပြီး တိုက်စစ်စတင်ဖို့ ညွှန်ကြားနေခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ချေပဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ် နာဆာအသင်းဟာ ၅၆ မိနစ်မှာ ၁-၁ ဖြစ်အောင် လုပ်နိုင်ခဲ့ပေမယ့်လည်း အနိုင်ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး အယ်လ် အစ်တီဟတ်ကတော့ အယ်လ် ဖေဟာကို ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်မှုကို ၅ မှတ်အထိ တိုးမြှင့်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ရာသီကုန်ဖို့ ၁ ပွဲသာ လိုတော့တာကြောင့် ဒီနိုင်ပွဲက အယ်လ် အစ်တီဟတ်ကို ချန်ပီယံဖြစ်စေဖို့အတွက် လုံလောက်ခဲ့ပြီဖြစ်ပြီး အယ်လ် နာဆာအသင်း စံချိန်တင်ထားတဲ့ ဆော်ဒီ ပရိုလိဂ်ဖလား ၉ ကြိမ်ကို လိုက်မီသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အယ်လ်ဟီလာလ်တစ်သင်းတည်းသာ ဆော်ဒီ ပရိုလိဂ်ဖလားကို ၁၈ ကြိမ်အထိ ကိုင်မြှောက်ထားပြီး ဆော်ဒီ အာရေဗျမှာ အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ် စံချိန်တင်ထားတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆုဖလားရရှိနိုင်ဖို့ အလားအလာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ခြင်းမရှိမှုတို့ကြောင့် စွန့်ခွာခဲ့တာဖြစ်ပြီး ဆော်ဒီ ပရိုလိဂ်မှာ ပွဲဦးထွက် အောင်မြင်မှု ရရှိဖို့ အားခဲထားခဲ့ပေမယ့်လည်း ဆန့်ကျင်ဘက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီတုန္းကအတိုင္းပဲ ယခုရာသီကို ဆုဖလားလက္မဲ့နဲ႔ ကုန္ဆုံးရမွာျဖစ္ၿပီး အယ္လ္ နာဆာအသင္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္ဖလားကို လြဲေခ်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။

ေပၚတူဂီဂႏၲဝင္ဟာ စေနေန႔က ၎ရဲ႕အသင္း ၁-၁ သေရက်ေနခ်ိန္မွာ အယ္လ္ အစ္တီဟတ္က ၃-၀ နဲ႔ အႏိုင္ရရွိၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ဖလားကို ကိုင္ေျမႇာက္သြားႏိုင္ခဲ့တာေၾကာင့္ စိတ္ပ်က္ဝမ္းနည္းခဲ့မယ္ဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။

အက္တီဖတ္နဲ႔ ကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္ကို မယွဥ္ၿပိဳင္မီမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕အသင္းဟာ ၂ ပြဲကစားဖို႔ က်န္ေသးတဲ့အခ်ိန္မွာ အယ္လ္ အစ္တီဟတ္နဲ႔ ၃ မွတ္ကြာဟေနခဲ့တာျဖစ္ၿပီး အယ္လ္ နာဆာရဲ႕ ဆုဖလားၿပိဳင္ဘက္ေတြဟာ အယ္လ္ ေဖဟာကို အႏိုင္ရမယ္ဆိုရင္ ဖလားရေတာ့မယ္ဆိုတာကို သိေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အယ္လ္ နာဆာအသင္းဟာ ပထမပိုင္းမၿပီးဆုံးခင္မွာ ၁-၀ နဲ႔ ေနာက္ကေန လိုက္ကစားေနခဲ့ရတာျဖစ္ၿပီး ဒုတိယပိုင္းမွာ ေရာ္နယ္လ္ဒိုက အသင္းေဖာ္ေတြကို ဘယ္ကိုေပး၊ ဘယ္ကိုေျပးဆိုၿပီး တိုက္စစ္စတင္ဖို႔ ၫႊန္ၾကားေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေခ်ပဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အယ္လ္ နာဆာအသင္းဟာ ၅၆ မိနစ္မွာ ၁-၁ ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ေပမယ့္လည္း အႏိုင္ဂိုး ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိတာျဖစ္ၿပီး အယ္လ္ အစ္တီဟတ္ကေတာ့ အယ္လ္ ေဖဟာကို ၃-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး အမွတ္ေပးဇယားဦးေဆာင္မႈကို ၅ မွတ္အထိ တိုးျမႇင့္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ရာသီကုန္ဖို႔ ၁ ပြဲသာ လိုေတာ့တာေၾကာင့္ ဒီႏိုင္ပြဲက အယ္လ္ အစ္တီဟတ္ကို ခ်န္ပီယံျဖစ္ေစဖို႔အတြက္ လုံေလာက္ခဲ့ၿပီျဖစ္ၿပီး အယ္လ္ နာဆာအသင္း စံခ်ိန္တင္ထားတဲ့ ေဆာ္ဒီ ပ႐ိုလိဂ္ဖလား ၉ ႀကိမ္ကို လိုက္မီသြားခဲ့ၿပီလည္း ျဖစ္ပါတယ္။ အယ္လ္ဟီလာလ္တစ္သင္းတည္းသာ ေဆာ္ဒီ ပ႐ိုလိဂ္ဖလားကို ၁၈ ႀကိမ္အထိ ကိုင္ေျမႇာက္ထားၿပီး ေဆာ္ဒီ အာေရဗ်မွာ အေအာင္ျမင္ဆုံး ကလပ္အသင္းအျဖစ္ စံခ်ိန္တင္ထားတာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဆုဖလားရရွိႏိုင္ဖို႔ အလားအလာနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားႏိုင္ျခင္းမရွိမႈတို႔ေၾကာင့္ စြန႔္ခြာခဲ့တာျဖစ္ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္မွာ ပြဲဦးထြက္ ေအာင္ျမင္မႈ ရရွိဖို႔ အားခဲထားခဲ့ေပမယ့္လည္း ဆန႔္က်င္ဘက္ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.