Premier League

ဘိုင်ယန်နဲ့ပါ အသံထွက်လာချိန်မှာ အနာဂတ်ကို မှတ်ချက်ပေးခဲ့တဲ့ ဂန်းနားနဲ့ယူနိုက်တက်ပစ်မှတ်

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်ပစ်မှတ် ဒီကလန် ရိုက်စ်ဟာ ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို တုံ့ပြန်ခဲ့ပြီး ဝက်စ်ဟမ်းရဲ့ ဥရောပဗိုလ်လုပွဲမတိုင်ခင် ဆူညံသံတွေကို ပိတ်ဆို့ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ယခုနွေရာသီမှာ ကမ္ဘာပေါ်မှာ အလိုအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာမှာဖြစ်ပြီး လာမယ့်အပတ် ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲအဖြစ် ဖီအိုရင်တီးနားနဲ့ ကစားရမယ့်ပွဲစဉ်က ဝက်စ်ဟမ်းအတွက် နောက်ဆုံးပါဝင်ကစားပေးတဲ့ပွဲစဉ်ဖြစ်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို ၎င်းတို့ရဲ့ ထိပ်တန်းကွင်းလယ်ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကလည်း ဒီကလန် ရိုက်စ်ကို အိုးထရက်ဖို့ဒ် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ အကယ်ဒမီကစားသမားဟောင်းအပေါ် ကာလရှည် စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဂျာမနီက သတင်းတွေအရ ဘိုင်ယန်မြူးနစ် နည်းပြ တူဟယ်နဲ့ အပြောင်းအရွှေ့အတွက် ဖုန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရိုက်စ်ဟာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို လုံးဝ အာရုံမစိုက်ဘဲ ၎င်းရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုက ဝက်စ်ဟမ်းအသင်းနဲ့အတူ ဥရောပ ဖလားကို ကိုင်မြှောက်နိုင်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်အပတ် ပရက်ဂ်မှာ အနိုင်ရရှိမယ်ဆိုရင် အသင်းကနေ ထွက်ခွာဖို့အတွက် ပြီးပြည့်စုံတဲ့ပုံစံဖြစ်လာမှာလားလို့ မေးမြန်းခဲ့ရာမှာ “ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီအပေါ်မှာ တကယ်ကို အာရုံစိုက်မနေပါဘူး။ ကျွန်တော့်ရဲ့ ဒီရာသီ အဓိကအာရုံစိုက်မှုက ကမ္ဘာ့ဖလားအပြီးကတည်းက ကျွန်တော်တို့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ဖြစ်ပြီး တစ်ဖက်ကလည်း ဒီဖလားကို အနိုင်ရရှိဖို့ပါ။ အရာအားလုံးက ဆူညံသံဖြစ်ပြီး ကောလာဟလတွေပါ။ ကျွန်တော် အဲဒါကို ဘာမှမတတ်နိုင်ဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အဓိကအာရုံစိုက်မှုက ဝက်စ်ဟမ်းအတွက် ကစားပေးဖို့ဖြစ်ပြီး ဒီဗိုလ်လုပွဲကို အနိုင်ရဖို့ပါ။ ကျွန်တော့်ရဲ့ နှလုံးသားက အဲဒီအပေါ်မှာပဲ ရှိတယ်”

“အသင်းအတွက်၊ မိသားစုအတွက်၊ ပရိသတ်တွေအတွက် အဲဒါကို လုပ်သွားမှာဖြစ်ပြီး ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုပါ။ သူတို့အားလုံးကို အရမ်းပျော်ရွှင်အောင် ကျွန်တော်လုပ်ပေးချင်ပြီး ကျွန်တော့်အာရုံစိုင်္ကမှုက အဲဒါကို လုပ်ဖို့အပေါ်မှာပဲ ရှိပါတယ်။ ကျွန်တော်တို့အားလုံး အဲဒါကို အိပ်မက်မက်ခဲ့ကြတယ်လို့ ထင်တယ်။ ကျွန်တော်တို့ သွားခဲ့တဲ့ခရီးနဲ့ဆိုရင် သိသာပါတယ်”

“ကျွန်တော်တို့က ဝက်စ်ဟမ်းအတွက် တစ်စုံတရာကို ကိုင်မြှောက်နိုင်ဖို့ တစ်ပွဲပဲ လိုတော့တာဖြစ်ပြီး အဲဒါက သမိုင်းဝင်သွားမှာပါ။ အဲဒီလိုကိစ္စတွေကို ကျွန်တော် အများကြီးမတွေးပါဘူး။ ဘာလို့လဲဆိုတော့ ဗိုလ်လုပွဲမှာ အရင်တုန်းက ရှိခဲ့ဖူးပြီး ရှုံးနိမ့်ခဲ့လို့ပါ။ ပွဲရဲ့ အနိမ့်အမြင့်တွေက တကယ်ကို နည်းပါးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး အိပ်မက်မက်နေကြတယ်လို့ ထင်ပါတယ်။ ပရိသတ်တွေအားလုံးလည်း အိပ်မက်မက် နေတယ်။ ကျွန်တော်တို့ အိပ်မက်မက်ခွင့်ရှိတယ်လို့ ထင်ပေမယ့် အဲဒါကို တကယ်ဖြစ်လာအောင်လုပ်ဖို့က ကျွန်တော်တို့ တာဝန်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ပစ္မွတ္ ဒီကလန္ ႐ိုက္စ္ဟာ ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ေကာလာဟလေတြကို တုံ႔ျပန္ခဲ့ၿပီး ဝက္စ္ဟမ္းရဲ႕ ဥေရာပဗိုလ္လုပြဲမတိုင္ခင္ ဆူညံသံေတြကို ပိတ္ဆို႔ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ ယခုေႏြရာသီမွာ ကမာၻေပၚမွာ အလိုအရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာမွာျဖစ္ၿပီး လာမယ့္အပတ္ ယူ႐ိုပါကြန္းဖရင့္လိဂ္ဗိုလ္လုပြဲအျဖစ္ ဖီအိုရင္တီးနားနဲ႔ ကစားရမယ့္ပြဲစဥ္က ဝက္စ္ဟမ္းအတြက္ ေနာက္ဆုံးပါဝင္ကစားေပးတဲ့ပြဲစဥ္ျဖစ္လာႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားကို ၎တို႔ရဲ႕ ထိပ္တန္းကြင္းလယ္ပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ကလည္း ဒီကလန္ ႐ိုက္စ္ကို အိုးထရက္ဖို႔ဒ္ ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းဟာ ၎တို႔ရဲ႕ အကယ္ဒမီကစားသမားေဟာင္းအေပၚ ကာလရွည္ စိတ္ဝင္စားခဲ့တာျဖစ္ၿပီး ဂ်ာမနီက သတင္းေတြအရ ဘိုင္ယန္ျမဴးနစ္ နည္းျပ တူဟယ္နဲ႔ အေျပာင္းအေ႐ႊ႕အတြက္ ဖုန္းေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ႐ိုက္စ္ဟာ ထြက္ေပၚေနတဲ့ ေကာလာဟလေတြကို လုံးဝ အာ႐ုံမစိုက္ဘဲ ၎ရဲ႕ တစ္ခုတည္းေသာ အာ႐ုံစိုက္မႈက ဝက္စ္ဟမ္းအသင္းနဲ႔အတူ ဥေရာပ ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လာမယ့္အပတ္ ပရက္ဂ္မွာ အႏိုင္ရရွိမယ္ဆိုရင္ အသင္းကေန ထြက္ခြာဖို႔အတြက္ ၿပီးျပည့္စုံတဲ့ပုံစံျဖစ္လာမွာလားလို႔ ေမးျမန္းခဲ့ရာမွာ “ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္း ေျပာရရင္ အဲဒီအေပၚမွာ တကယ္ကို အာ႐ုံစိုက္မေနပါဘူး။ ကြၽန္ေတာ့္ရဲ႕ ဒီရာသီ အဓိကအာ႐ုံစိုက္မႈက ကမာၻ႔ဖလားအၿပီးကတည္းက ကြၽန္ေတာ္တို႔ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ဖို႔ျဖစ္ၿပီး တစ္ဖက္ကလည္း ဒီဖလားကို အႏိုင္ရရွိဖို႔ပါ။ အရာအားလုံးက ဆူညံသံျဖစ္ၿပီး ေကာလာဟလေတြပါ။ ကြၽန္ေတာ္ အဲဒါကို ဘာမွမတတ္ႏိုင္ဘူးဆိုတာ သိသာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အဓိကအာ႐ုံစိုက္မႈက ဝက္စ္ဟမ္းအတြက္ ကစားေပးဖို႔ျဖစ္ၿပီး ဒီဗိုလ္လုပြဲကို အႏိုင္ရဖို႔ပါ။ ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားက အဲဒီအေပၚမွာပဲ ရွိတယ္”

“အသင္းအတြက္၊ မိသားစုအတြက္၊ ပရိသတ္ေတြအတြက္ အဲဒါကို လုပ္သြားမွာျဖစ္ၿပီး ဒါက ကြၽန္ေတာ့္ရဲ႕ တစ္ခုတည္းေသာ အာ႐ုံစိုက္မႈပါ။ သူတို႔အားလုံးကို အရမ္းေပ်ာ္႐ႊင္ေအာင္ ကြၽန္ေတာ္လုပ္ေပးခ်င္ၿပီး ကြၽန္ေတာ့္အာ႐ုံစိုကၤမႈက အဲဒါကို လုပ္ဖို႔အေပၚမွာပဲ ရွိပါတယ္။ ကြၽန္ေတာ္တို႔အားလုံး အဲဒါကို အိပ္မက္မက္ခဲ့ၾကတယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ သြားခဲ့တဲ့ခရီးနဲ႔ဆိုရင္ သိသာပါတယ္”

“ကြၽန္ေတာ္တို႔က ဝက္စ္ဟမ္းအတြက္ တစ္စုံတရာကို ကိုင္ေျမႇာက္ႏိုင္ဖို႔ တစ္ပြဲပဲ လိုေတာ့တာျဖစ္ၿပီး အဲဒါက သမိုင္းဝင္သြားမွာပါ။ အဲဒီလိုကိစၥေတြကို ကြၽန္ေတာ္ အမ်ားႀကီးမေတြးပါဘူး။ ဘာလို႔လဲဆိုေတာ့ ဗိုလ္လုပြဲမွာ အရင္တုန္းက ရွိခဲ့ဖူးၿပီး ရႈံးနိမ့္ခဲ့လို႔ပါ။ ပြဲရဲ႕ အနိမ့္အျမင့္ေတြက တကယ္ကို နည္းပါးပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အားလုံး အိပ္မက္မက္ေနၾကတယ္လို႔ ထင္ပါတယ္။ ပရိသတ္ေတြအားလုံးလည္း အိပ္မက္မက္ ေနတယ္။ ကြၽန္ေတာ္တို႔ အိပ္မက္မက္ခြင့္ရွိတယ္လို႔ ထင္ေပမယ့္ အဲဒါကို တကယ္ျဖစ္လာေအာင္လုပ္ဖို႔က ကြၽန္ေတာ္တို႔ တာဝန္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.