Premier League

အောင်မြင်မှုအတွက် အုတ်မြစ်ချပြီးနောက် ဆုဖလားပစ်မှတ်သစ်သတ်မှတ်ခဲ့တဲ့ အာတီတာ

အာတီတာဟာ ၎င်းရဲ့ ဂန်းနားကြယ်ပွင့်တွေကို လာမယ့်ရာသီမှာ မျှော်မှန်းချက်တွေကို ဆန့်ကျင်ပြီး နောက်ထပ်တစ်ကြိမ် ဆုဖလားအတွက် ယှဉ်ပြိုင်ကြဖို့ စိန်ခေါ်ခဲ့ပါတယ်။

ချာကာဟာ အာဆင်နယ်အတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်လို့ ယုံကြည်ရတဲ့ ဝုလ်ဗ်စ်နဲ့ ပွဲစဉ်မှာ ၁၄ မိနစ်အတွင်း ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းက ၅-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဘူကာယို ဆာကာ၊ ဂါဘရီယဲလ် ဂျေးဇု၊ ခီဗီယောတို့အားလုံးဟာ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာ ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်အောင် ဂန်းနားတွေအတွက် ဂိုးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ အုတ်မြစ်အချို့ရှိနေပြီလို့ ထင်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အားကစားမှာ ခင်ဗျားအဲဒါကို ထပ်ပြီး သက်သေပြသရမှာပါ။ ကျွန်တော်တို့ ရာသီကြိုမှာ ပြန်လာကြမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်ကြမယ်။ ကျွန်တော် ဘယ်လို စိတ်အေးလက်အေးဖြစ်နေတာမျိုးမှ မမြင်ချင်ပါဘူး။ ”

အာဆင်နယ်ဟာ ယခုရာသီကို ထိပ်ဆုံး ၄ နေရာ ဝင်ဖို့ ရည်မှန်းချက်နဲ့ စတင်ခဲ့တာဖြစ်ပေမယ့်လည်း ၂၀၀၃-၂၀၀၄ မှာ ရမှတ် ၉၀ နဲ့ ဖလားရခဲ့တဲ့ မရှုံးနိမ့်နိုင်သော အသင်းနောက်ပိုင်း ရမှတ်အမြင့်မားဆုံး ရရှိခဲ့တဲ့ရာသီအဖြစ် ၈၄ မှတ်နဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာက မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ နယူးကာဆယ်တို့နဲ့အတူ ပရီးမီးယားလိဂ်မှာ မြင်ဖူးသမျှ ယှဉ်ပြိုင်မှုအပြင်းထန်ဆုံး ဆုဖလားပြိုင်ပွဲ ဖြစ်လာတော့မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ တကယ်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်အများကြီး ပိုကောင်းမွန်ခဲ့ရမှာပါ။ ကျွန်တော်တို့ အခုရှိနေတဲ့နေရာမှာ ရာသီပြီးဆုံးနိုင်မယ်လို့ မမျှော်မှန်းခဲ့တာ သိသာပါတယ်။ အဲဒါက အရမ်းများပေမယ့် ဆုဖလားအနိုင်ရဖို့တော့ မလုံလောက်သေးပါဘူး။ အဲဒီတော့ ကျွန်တော်တို့ အဆင့်အတန်းက ဘယ်နေရာမှာလဲဆိုတာကို နားလည်ရမယ်။ ကျွန်တော်တို့ တကယ်ဖလားစိန်ခေါ်နိုင်သူတွေ ဖြစ်လာချင်တယ်။ ကျွန်တော်တို့မှာ ရှိနေတာနဲ့ ပျော်ရွှင်နေလို့မရပါဘူး။ ကျွန်တော်တို့ အများကြီး အများကြီး လာမယ့်ရာသီကျရင် ပိုကောင်းရမယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာတီတာဟာ ၎ရဲ႕ ဂန္းနားၾကယ္ပြင့္ေတြကို လာမယ့္ရာသီမွာ ေမွ်ာ္မွန္းခ်က္ေတြကို ဆန႔္က်င္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားအတြက္ ယွဥ္ၿပိဳင္ၾကဖို႔ စိန္ေခၚခဲ့ပါတယ္။

ခ်ာကာဟာ အာဆင္နယ္အတြက္ ေနာက္ဆုံးပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္လို႔ ယုံၾကည္ရတဲ့ ဝုလ္ဗ္စ္နဲ႔ ပြဲစဥ္မွာ ၁၄ မိနစ္အတြင္း ၂ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းက ၅-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ ဘူကာယို ဆာကာ၊ ဂါဘရီယဲလ္ ေဂ်းဇု၊ ခီဗီေယာတို႔အားလုံးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ ၅ မွတ္အကြာ ဒုတိယေနရာမွာ ရာသီၿပီးဆုံးႏိုင္ေအာင္ ဂန္းနားေတြအတြက္ ဂိုးသြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့ အုတ္ျမစ္အခ်ိဳ႕ရွိေနၿပီလို႔ ထင္တယ္။ ဒါေပမယ့္ ခင္ဗ်ားရဲ႕ အားကစားမွာ ခင္ဗ်ားအဲဒါကို ထပ္ၿပီး သက္ေသျပသရမွာပါ။ ကြၽန္ေတာ္တို႔ ရာသီႀကိဳမွာ ျပန္လာၾကမွာျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္ၾကမယ္။ ကြၽန္ေတာ္ ဘယ္လို စိတ္ေအးလက္ေအးျဖစ္ေနတာမ်ိဳးမွ မျမင္ခ်င္ပါဘူး။ ”

အာဆင္နယ္ဟာ ယခုရာသီကို ထိပ္ဆုံး ၄ ေနရာ ဝင္ဖို႔ ရည္မွန္းခ်က္နဲ႔ စတင္ခဲ့တာျဖစ္ေပမယ့္လည္း ၂၀၀၃-၂၀၀၄ မွာ ရမွတ္ ၉၀ နဲ႔ ဖလားရခဲ့တဲ့ မရႈံးနိမ့္ႏိုင္ေသာ အသင္းေနာက္ပိုင္း ရမွတ္အျမင့္မားဆုံး ရရွိခဲ့တဲ့ရာသီအျဖစ္ ၈၄ မွတ္နဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာက မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ နယူးကာဆယ္တို႔နဲ႔အတူ ပရီးမီးယားလိဂ္မွာ ျမင္ဖူးသမွ် ယွဥ္ၿပိဳင္မႈအျပင္းထန္ဆုံး ဆုဖလားၿပိဳင္ပြဲ ျဖစ္လာေတာ့မယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ တကယ္ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီထက္အမ်ားႀကီး ပိုေကာင္းမြန္ခဲ့ရမွာပါ။ ကြၽန္ေတာ္တို႔ အခုရွိေနတဲ့ေနရာမွာ ရာသီၿပီးဆုံးႏိုင္မယ္လို႔ မေမွ်ာ္မွန္းခဲ့တာ သိသာပါတယ္။ အဲဒါက အရမ္းမ်ားေပမယ့္ ဆုဖလားအႏိုင္ရဖို႔ေတာ့ မလုံေလာက္ေသးပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အဆင့္အတန္းက ဘယ္ေနရာမွာလဲဆိုတာကို နားလည္ရမယ္။ ကြၽန္ေတာ္တို႔ တကယ္ဖလားစိန္ေခၚႏိုင္သူေတြ ျဖစ္လာခ်င္တယ္။ ကြၽန္ေတာ္တို႔မွာ ရွိေနတာနဲ႔ ေပ်ာ္႐ႊင္ေနလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ အမ်ားႀကီး အမ်ားႀကီး လာမယ့္ရာသီက်ရင္ ပိုေကာင္းရမယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.